Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

ဘာသာပြန်သတင်းများ (၂)   

အခြေခံဥပဒေပြင်ဆင်ရန် မြန်မာအတိုက်အခံခေါင်းဆောင်တောင်းဆို

(ABC Radio Australia မှ 20 Oct 2013 ရက်စွဲပါ “Myanmar’s opposition Leader calls for constitutional Change”သတင်းကို ဘာသာပြန်ဆိုသည်)

လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုပါက ၂၀၁၅ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီရှိလိမ့်မည်မပာုတ်ပာု မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါသည်။ အငြင်းပွားစရာဖြစ်နေသော လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုသည်ပာု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မြန်မာဒီမိုကရေစီခေါင်းဆောင်သည် ဥရောပသို့အလည်အပတ်ရောက်ရှိနေပြီး စနေနေ့က ဘရပ်ဆဲလ်တွင် ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဂျိုဆေးမန်နူရယ်ဘာရာဆိုနှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ၌အထွေထွေရွေးကောက်ပွဲများ ကျင်းပရန်စီစဉ်လျက်ရှိပြီး ထွက်ပေါ်လာမည့် လွှတ်တော် အသစ် နှင့်အတူ သမ္မတကိုရွေးချယ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတရာထူးအတွက် ယှဉ်ပြိုင်လိုကြောင်း ထုတ်ဖော်ပြောဆို ထားသကဲ့သို့ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း သမ္မတဖြစ်လိုသည်ပာု ƛ