Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

ဤရာစုနှစ် စာမေးပွဲများကို မီးမွှေးမည့် ဘာသာရေးအရ မတူကွဲပြားမှုများ

(25 January 2014 ရက်စွဲပါ The Guardian မှ Tony Blair ရေးသားသော Religious difference, not ideology, will fuel this century’s epic battle ကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် ရက်သတ္တပါတ်များကတော့ ဆီးရီးယား၊ လစ်ဗျား၊ အီရတ်၊ လက်ဘနွန်၊ အီဂျစ်၊ ယီမင်၊ တူနီးရှား နှင့် ပါကစ္စတန် စသည့် နေရာအမျိုးမျိုးတွင် စိတ်မချမ်းမြေ့ဖွယ် အကြမ်းဖက်တိုက်ခိုက်မှုများကို တွေ့ရပါသည်။ ယခုနှစ်ပိုင်း များအတွင်း ထိုသို့သော အကြမ်းဖက်မှုမျိုးကို နိုက်ဂျီးရီးယား၊ အာဖရိကအလယ်ပိုင်းမှ နိုင်ငံများ၊ ရုရှားနှင့် အာရှအ လယ်ပိုင်း၊ မြန်မာနိုင်ငံ၊ ထိုင်းနှင့် ဖိလစ်ပိုင် တို့တွင်လည်း တွေ့လာရသည်။ ကျွန်ုပ်တို့သည် ထို သတ်ဖြတ်မှုများကို အမျိုးမျိုးသော နိုင်ငံရေးအကြောင်းအရာများကို အခြေခံ၍ ဖြစ်လာသည်ဟုဆိုကာ သီးခြားစီ ရှုမြင်နိုင်သည့်အပြင် ဘုံအကြောင်းအရာတစ်ခုကို ရှင်းရှင်းလင်းလင်း စတင်တွေ့မြင်လာရသည်ဟုလည်း ရှုမြင် နိုင်ပါသည်။ ထိုကိစ္စကို ကိုင်တွယ်ရန် စစ်မှန်သော ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတစ်ခု စတင်ဖော်ထုတ်ရတော့ မည် ဖြစ်ပါသည်။

တိုင်းပြည်တစ်ခုစီတွင် အကြမ်းဖက်မှုအတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် မတရားမှုများ သို့မဟုတ် အကြောင်းပြချက်များ ရှိသည်ဟု ဆိုနိုင်သော်လည်း အားလုံးတွင် တူညီသော အချက်တစ်ခု ရှိနေပါသည်။ ၎င်းမှာ အကြမ်းဖက်မှု ကျူးလွန်သူများသည် ဘာသာရေးကို အကြောင်းပြ အလွဲသုံးစားပြု၍ စေ့ဆော်ခဲ့သည် ဟူသော အချက်ဖြစ်ပါသည်။ ၎င်းမှာ ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်၍ အဆိုးဖက်သို့ ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ သံသယဖြစ်ဖွယ်မရှိသော အချက်တစ်ခုမှာ အကြမ်းဖက်မှု ကျူးလွန်ကြသူများမှာ ၎င်းတို့ ယုံကြည် ကိုးကွယ်မှုကို အကြောင်းပြကြခြင်းဖြစ်ပြီး၊ ပဋိပက္ခ၏ ဘာသာရေးနှင့် ဆိုင်သော သဘာဝသည် ဘာသာရေးကို အခြေခံသော အစွန်းရောက်အတွေးအခေါ်များ ဖြစ်လာပါသည်။ ထို့အပြင် ဤပဋိပက္ခ၏ သဘာဝသည် လျော့မသွားပဲ ကြီးထွား လျက်ရှိနေသည်ကို တွေ့နေရပါသည်။

လတ်တလော ကျွန်ုပ်တို့ လုပ်ရမည့် ကာကွယ်မှုမှာ လိုအပ်သော လုံခြုံရေးကိစ္စများကို ကြိုတင်ပြင်ဆင်ရန် ဖြစ်ပါသည်။ ၉/၁၁ မှ စ၍ လုံခြုံရေးကိစ္စကြိုတင်ပြင်ဆင်မှုများမှာ တန်ဖိုးကြီးလှပြီး၊ ဝန်ထုပ်ဝန်ပိုးလည်း ကြီးပါသည်။ သို့သော် လုံခြုံရေးအရ လုပ်ဆောင်မှုတစ်ခုတည်း၊ (စစ်ရေးအရလုပ်ဆောင်သည့်တိုင်) သည် ဖြစ်ရသည့် အကြောင်း အရင်းကို ဖော်ထုတ်ကိုင်တွယ်ခြင်း မဟုတ်သေးပေ။ အဆိုပါ အစွန်းရောက်ဝါဒသည် လာရင်းအရပ် ရှိပါသည်။ ၎င်းမှာ မွေးကတည်းက ပါလာသော အတွေးအခေါ်တစ်ခု မဟုတ်ပေ။ သင်ယူလာခြင်း ဖြစ်ပါသည်။ ၎င်းကို ပုံမှန်ပညာရေးစနစ်မှ လည်းကောင်း၊ တစ်ခါတစ်ရံ သမရိုးကျမဟုတ်သော ဘာသာရေးကျောင်းများမှ ဖြစ်စေ သင်ယူလာကြပါသည်။ တစ်ခါတစ်ရံ ဘုရားဝတ်ပြုရာနေရာများတွင် သင်ယူကြပြီး အင်တာနက်ဆက်သွယ်ရေး၏ ကြီးမားသောကွန်ရက်ဖြင့် မြှင့်တင်ရေးပြုလုပ်လာကြပါသည်။

နည်းပညာသည် အခွင့်အလမ်းများကို သယ်ဆောင်လာသည့် နည်းတူအမုန်းတရားများနှင့် ခွဲခြားမှုများနှင့် ပတ်သက်သော တရားများကို ဖြန့်ဝေရန်လည်း အသုံးပြုလာကြပါသည်။ ယနေ့ အချိန်အခါသည် မည်သည့်ကာလ ကမျှနှင့် မတူအောင် ချိတ်ဆက်မိနေပြီ ဖြစ်ပါသည်။ ကြီးမားစွာ တိုးတက်နေပါသည်။ ဆိုလိုသည်မှာ တစ်ကမ္ဘာလုံး အပြန်အလှန်စကားပြောနိုင်မှု လုပ်ဆောင်နေနိုင်ပြီဟု ဆိုရပါမည်။ စိတ်လှုပ်ရှား စရာကောင်းပြီး လွတ်မြောက်မှုဟုလည်း မှတ်ယူနိုင်ပါသည်။ သို့သော် အဆိုပါ အခွင်&#