Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

တင်းမာလာသော ဒေသတွင်း မီးလောင်ခြင်းသည် အငြင်းပွားမှုများကို ပိုမိုဖြစ်စေ

(29 Jan 2014 ရက်စွဲပါ VOA News မှ Fire in Western Burma Sparks more Controversy in Tense Area ကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်တွင် ယခုလ မွတ်ဆလင်များကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော နေရာအနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အငြင်းပွားဖွယ်များကို ထပ်မံဖြစ်ပွားစေပါသည်။

မောင်တောမြို့နယ်တွင် ပါဝင်သော ဒူချီးရားတန်း အနောက်ကျေးရွာတွင် အင်္ဂါနေ့နှောင်းပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း၊ ဖမ်းဆီးခံရခြင်း မရှိပေ။ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရွှေသန်း က VOA သို့ ပြောကြားရာတွင် မီးလောင်မှုအတွက် ရွာသားများတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။

“အိမ် ၁၆ လုံး မီးလောင်ကျွမ်းသွားပါတယ်။ အဲဒီထဲမှာ အိမ်ကြီးလေးလုံးနဲ့ အိမ်အသေးစား ၁၂ လုံး ပါဝင်ပါ တယ်။ အထက်ကနေ မီးရှို့ဖို့ ညွှန်ကြားပုံရပါတယ်။ ရွာထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲရှိတာ။ တစ်ယောက် ယောက်က မီးရှို့ပုံရပါတယ်။ တဲတွေရဲ့ ခေါင်မိုးတွေမှာ မီးလောင်နိုင်တဲ့အရာတွေ တွေ့ရပါတယ်။ ကိုယ့်ဘာသာကိုယ် မီးရှို့လိုက်တာပါ။ အပြင်ကလူတွေ မီးရှို့ ဖို့ဆိုတာ အကြောင်းမရှိပါဘူး” ဟု ရွှေသန်း က ပြောပါသည်။

သို့သော် အနီးအနားရွာမှ အမည်မဖော်လ)