Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(3 February 2014 ရက်စွဲပါ The Hindu မှ SCI ready to operate container service to Myanmar if Govt grants subsidy ကို ဘာသာပြန်ဆိုသည်)

(The Nation News 5 feb 2014 “CPI object to Myanmar reporter detention” သတင်းကို ဘာသာပြန်ဆိုသည်)


အိန္ဒိယအစိုးရက ကျခံပေးမည်ဆိုပါက SCI က မြန်မာနိုင်ငံနှင့် ကုန်သေတ္တာသင်္ဘော ပုံမှန်ပြေး ဆွဲပေးရန်ရှိ

(3 February 2014 ရက်စွဲပါ The Hindu မှ SCI ready to operate container service to Myanmar if Govt grants subsidy ကို ဘာသာပြန်ဆိုသည်)

Shipping Corporation of India (SCI) သည် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား တစ်လအတွင်း ကွန်တိန်နာ သဘောင်္ပုံမှန်ပြေးဆွဲရန် အသင့်ဖြစ်နေပြီ ဖြစ်ပါသည်။ သို့သော် ၎င်းမှာ အရှုံးပေါ်မည့်လုပ်ငန်း ဖြစ်သောကြောင့် အစိုးရက နှစ်စဉ် ရူပီ သန်း ၃၀၀ အကုန်အကျခံပေးရန် သဘောတူမှုပေါ်တွင် မူတည်ပါသည်။

စတော့ စာရင်းဝင် SCI ကုမ္ပဏီသည် ရှယ်ယာဝင်များအား အရှုံးပေါ်မည့် လုပ်ငန်းစတင်မှုအတွက် ရှင်းပြ ရမည်ဖြစ်ပါသည်။ အထူးသဖြင့် ယခုအချိန်သည် ကုမ္ပဏီက အရှုံးနှင့် စတင်ရင်ဆိုင်နေရပြီးသည့် အချိန် ဖြစ်နေပါ သည်။ ၂၀၁၃-၂၀၁၄ ပထမနှစ်ဝက်တွင်  SCI သည် ရူပီး ၂၂၂၀ သန်း ရှုံးနေပါသည်။

လက်ရှိအားဖြင့် အိန္ဒိယနှင့် မြန်မာကြားတွင် ပုံမှန်ပြေးဆွဲသည့် သဘောင်္လိုင်းမရှိပေ။ ထို့ကြောင့် နှစ်နိုင်ငံကြားတွင် သင်္ဘောတစ်စီး ထွက်နိုင