Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

ဘာသာရေးလွတ်လပ်ခွင့်ရှိရေးနှင့် ပတ်သက်၍ တရုတ်နှင့်မြန်မာကို အိုဘားမား ရွေးထုတ်ပြ

(AFP 6 Feb 2014 “Obama singles out China, Myanmar on religious freedom” သတင်း ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအတွက် ဘာသာရေးလွတ်လပ်ခွင့်သည် များစွာ အရေးပါကြောင်း သမ္မတအိုဘားမားက ကြာသာပတေးနေ့တွင် ပြောကြားလိုက်ပြီး ပိုမိုစိတ်ရှည်သီးခံမှု ပြသသင့်သော နိုင်ငံများအ ဖြစ် တရုတ်နှင့်မြန်မာကို သတ်သတ်မှတ်မှတ် ရွေးထုတ်ပြခဲ့သည်။

နှစ်စဉ်ကျင်းပသော National Prayer Breakfast တွင် သမ္မတအိုဘားမားက “ဘာသာရေးလွတ်လပ်ခွင့် အပါအဝင် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို အလေးထားတဲ့ နိုင်ငံတွေဟာ တကယ်ကို ပြည့်ပြည့်ဝဝ ငြိမ်းချမ်းမှု မျှတမှု တွေနဲ့ ပိုမိုအောင်မြင်မှုရကြတယ်ဆိုတာကို သမိုင်းက ပြသနေပါတယ်။ ဒီ အခွင့်အရေးတွေကို အလေးမထားတဲ့ နိုင်ငံတွေ ကတော့ မတည်ငြိမ်မှု၊ အကြမ်းဖက်မှု အစွန်းရောက်ဝါဒ အစရှိတဲ့ ခါးသီးခြင်းမျိုးစေ့တွေကို စိုက်ပျိုးခဲ့ကြတာပါ။ ဒါ့ကြောင့် ဘာသာရေးလွတ်လပ်ခွင့်ဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် သိပ်ကိုအရေးကြီးပါတယ်” ဟု ပြောကြားခဲ့ သည်။

အိုဘာမားက “လူ့အခွင့်အရေးကိစ္စတွင် အမေရိကန်စံနှုန်းကို မမှီသော အစိုးရများနှင့် အလုပ်လုပ်ရန် တွန်းအား ပေးခံရသော အချိန်များရှိခဲ့သော်လည်း အဓိက အမျိုးသားလုံခြုံရေး အကျိုးစီးပွားများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရခဲ့သည်” ဟု ဆိုပါသည်။

ဤ ကိစ္စသည် အမြဲတစေ အဆင်ပြေလွယ်ကူခြင်း မရှိသော်လည်း အခြေခံလူ့အခွင့်အရေးအတွက် ရပ်တည် ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားများထဲတွင် ပါဝင်သည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ဟာ တရုတ်တွေနဲ့ အလုပ်တွေအများကြီး လုပ်နေပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ အလား အလာဟာ ခရစ်ယာန်တွေ၊ တိဘက်ဗုဒ္ဒဘာသာဝင်တွေ၊ အူဂါမွတ်ဆလင်တွေရဲ့ အခွင့်အရေးတွေ အပါအဝင် အခြေခံ အခွင့်အရေးတွေကို လေးလေးစားစား လက်ခံစောင့်ရှောက်မှု အပေါ်မှာ မူတည်နေတယ်လို့ နားလည်ခံစားမိကြောင်း ထ