Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(PTI News မှ 18 Jan 2014 ရက်စွဲပါ “US deeply troubled by reports of vidence in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

(Scoop News မှ 18 Jan 2014 ရက်စွဲပါ "UN expert on Myanmar calls on government to clarify reports" သတင်းကို ဘာသာပြန်ဆိုသည်)

(19 January 2014 ရက်စွဲပါ "The Nation မှ AFP ၏ Myanmar Frees scores of child soldiers: UN ကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံမှ အကြမ်းဖက်မှုသတင်းကြောင့် အမေရိကန်အလွန်စိတ်ပျက်

(PTI News မှ 18 Jan 2014 ရက်စွဲပါ “US deeply troubled by reports of vidence in Myanmar”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုသတင်းများကြောင့် အလွန်အမင်းစိတ်အနှောက်အယှက် ဖြစ်ရသည် ပာု အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့ပြီး နိုင်ငံသားအသိအမှတ်ပြုခြင်းအပါအဝင် ရေရှည်ပြေလည်စေမည့် နည်း လမ်းများကို အားထုတ်ရှာဖွေဆောင်ရွက်ရန် မြန်မာအစိုးရက တိုက်တွန်းလိုက်ပါသည်။

“ရခိုင်ပြည်နယ်က အကြမ်းဖက်မှုသတင်းတွေကြောင့် အလွန်အမင်းစိတ်သောကဖြစ်မိပါတယ်။ အထူးသဖြင့် တစ်ချို့အကြမ်းဖက်မှုတွေကိုကိုင်တွယ်ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေကလိုတာထက်ပိုပြီး အင်အားသုံးခဲ့တယ်ဆိုတဲ့ သတင်း ကြောင့် ပိုပြီးစိတ်အနှောက်အယှက်ဖြစ်ရပါတယ်”ပာု အမေရိကန်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဈန်ပတ်စကီက သတင်းထောက်များအား ပြောကြားသည်။

“ရိုပာင်ဂျာလူမျိုးစုဝင်တွေကို နိုင်ငံသားအဖြစ် လက်ခံအသိအမှတ်ပြုဖို့ စဉ်းစားဆောင်ရွက်တာတို့၊ အိုးအိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခသည်တွေအိမ်ကိုပြန်လာနိုင်အောင် လုံခြုံစိတ်ချရတဲ့ အခြေအနေဖန်တီးပေးတာတို့အပါအဝင် ရေရှည် ပြေလည်စေမယ့် ဖြေရှင်းနည်းတွေ ရှာဖွေလုပ်ဆောင်ကြဖို့ မြန်မာအစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”ပာု သူမက ဆက်လက် ပြောကြားသည်။

“ဒေသတစ်ခုတွင် နေထိုင်သူအားလုံးအပေါ် အနုတ်သဘောသက်ရောက်စေသည့် အကြမ်းဖက်မှု လုပ်ဆောင်မှု များကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်မှုကိုလျှော့ချရန်နှင့် စိတ်ရှည်လက် ရှည် ကိုင်တွယ်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များတွင် အထူးသဖြင့် တာဝန်ရှိပါသည်”ပာု ဖတ်စကီက ထောက်ပြပြောဆိုသည်။

နိုင်ငံခြားရေးဌာနတာဝန်ရှိသူကဆက်လက်၍ “နေအိမ်တွေ၊ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးမှု၊ လုယက်မှုတွေ ပါဝင် တဲ့ အကြမ်းဖက်ဖြစ်ရပ်အတွင်းမှာ လူတော်တော်များများသေဆုံး၊ အများအပြားဒဏ်ရာရ၊ အနည်းဆုံးတစ်ဦး ပျောက်ဆုံး နေပြီး အရပ်သားရာနဲ့ချီပြီး အိုးအိမ်မဲ့ဖြစ်သွားတယ်ဆိုတဲ့သတင်းတွေကြားသိရလို့ ကျွန်မတို့ အလွန်အမင်း စိတ်မကောင်း ဖြစ်မိပါတယ်”ပာု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရိုပာင်ဂျာမွတ်ဆလင်များနေထိုင်ရာ ကျေးရွာသို့ ဗုဒ္ဓဘာသာဝင်လူစုလူဝေးက တိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာဝင်လူစုလူဝေးက ဝင်ရောက်ဖျက်ဆီးကာ၊ ကလေးများနှင့် အမျိုးသမီးများကို တိုက်ခိုက်မှုကြောင့် အမြောက် အများသေဆုံး၊ ဒဏ်ရာရရှိသွားသည်ပာူသောသတင်းကို မြန်မာအစိုးရက သောကြာနေ့တွင်ငြင်းဆိုခဲ့သည်။ ပုဂံတွင် ကျင်းပနေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ အဝန်းအဝိုင်းတွင် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲ ထွဋ်က “သတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ သတင်းမျိုး ကျွန်တော်တို့ မရထားပါဘူး”ပာု သတင်းထောက်များအား ပြောကြား ခဲ့သည်။


ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုသတင်းကို စုံစမ်းရှင်းလင်းရန် အစိုးရကို ကုလကိုယ်စားလှယ် တိုက်တွန်း

(Scoop News မှ 18 Jan 2014 ရက်စွဲပါ "UN expert on Myanmar calls on government to clarify reports" သတင်းကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ ဒူချီတန်ကျေးရွာတွင် နေထိုင်သူ ရိုဟင်ဂျာမွတ်ဆလင်များနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား အကြမ်းဖက်မှုဖြစ်ပွားခြင်း သတင်းများကို စုံစမ်းစစ်ဆေး၍ ရှင်းလင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ကင်တားနားက မြန်မာအာဏာပိုင်များကို ယနေ့တိုက်တွန်း ပြောကြား လိုက်ပါသည်။

"ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုရှင်းလင်းဖို့ အစိုးရကို တိုက်တွန်းပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုဟာ နောက်ထပ်အကြမ်းဖက်မှုမဖြစ်အောင် တားဆီးရာမှ အထောက်အကူဖြစ်နိုင်ပါတယ်။ တကယ်လို့ သေဆုံးမှုတွေ ထိခိုက်မှုတွေရှိခဲ့တယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို တာဝန်ယူစေဖို့အတွက် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဥပဒေအရ ထိထိရောက်ရောက် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ရမှာဖြစ်ပါတယ်"ဟု ကင်တားနားကဆိုပါသည်။

မောင်းတောမြို့နယ် ဒူချီရာတန်ကျေးရွာအတွင်း လုံခြုံရေးကင်းလှည့်စဉ် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံး ခြင်း၊ ထိုပြဿနာဖြစ်ပြီးနောက် ရွာသားများကိုဖမ်းဆီးစစ်ဆေးခြင်းနှင့် ကျေးရွာတွင်းသို့လူစုလူဝေးဖြင့် ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးခြင်း စသောသတင်းများကို ကုလလူ့အခွင့်အရေးကိုယ်စားလှယ်က လက်ခံရရှိထားသည်ဟု သိရှိရ သည်။

"အမျိုးသမီးတွေ၊ ကလေးတွေဖမ်းဆီးခံရစဉ် ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဖြေရှင်းပေးခြင်း၊ ဥပဒေကြောင်း အရ ရှေ့နေနဲ့တိုင်ပင်ခွင့်ပေးခြင်း အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူမှန်သမျှရဲ့ ဖမ်းဆီးခံရစဉ် ရသင့်တဲ့အခွင့်အရေး တွေကို မြန်မာအာဏာပိုင်တွေ လေးစားရပါလိမ့်မယ်။ မောင်းတောမှာ ဖမ်းဆီးခံရသူတွေကို နှိပ်စက်တဲ့ အရင်ဖြစ်ရပ်တွေ ရှိခဲ့ဖူးတဲ့အတွက် အခုလိုဖမ်းဆီးခံရသူတွေရဲ့အနေအထားကို အကဲခတ်ဖို့အတွက် လွတ်လပ်တဲ့စောင့်ကြည့်ရေး အဖွဲ့ တွေကို ခွင့်ပြုသင့်ပါတယ်" မစ္စတာကင်တာနားက တိုက်တွန်းပြောဆိုသည်။

ကုလသမဂ္ဂအထွေထွေညီလာခံသို့ နောက်ဆုံးတင်သွင်းထားသော အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်အပေါ် ခြိမ်းခြောက်နေသည့် ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးအခြေအနေ ဆိုးဝါးမှုများကို မစ္စတာ ကင်တာနားက တင်ပြခဲ့သည်။

မြန်မာအစိုးရကမူ အထက်ပါတိုက်ခိုက်မှု၊ သေဆုံးမှုသတင်းမျိုး မရရှိဟု လတ်တလောငြင်းဆိုထားသည်။


မြန်မာက ကလေးစစ်သားများ ပြန်လွှတ်ပေးနေဟု ကုလ ပြော

(19 January 2014 ရက်စွဲပါ "The Nation မှ AFP ၏ Myanmar Frees scores of child soldiers: UN ကို ဘာသာပြန်ဆိုသည်)

မြန်မာစစ်တပ်သည် ငယ်ရွယ်သူများနှင့် ကလေးစစ်သား (၉၆) ဦးအား ၎င်း၏ တပ်ဖွဲ့များမှ လွှတ်ပေးခဲ့သည်ဟု ကုလသမဂ္ဂက စနေနေ့ကပြောကြားခဲ့ပြီး ကလေးစစ်သားအသုံးပြုမှု ရပ်ဆိုင်းရေးသို့ဦးတည်သော သမိုင်းဝင် ခြေလှမ်း အဖြစ် ချီးကျူးခဲ့ပါသည်။

ယခု လွှတ်ပေးခြင်းသည် မြန်မာအစိုးရနှင့် စစ်တပ်က ၂ဝ၁၂ ဇွန်လတွင် ကုလသမဂ္ဂနှင့် အဆိုပါကိစ္စ လက်မှတ် ရေးထိုးပြီးနောက် တစ်ကြိမ်တည်းနှင့် အရေအတွက်အများဆုံး လွှတ်ပေးခြင်းဖြစ်ပါသည်။ မြန်မာစစ်တပ်သည် လွန်ခဲ့ သည့် (၁၈)လမှစ၍ ငယ်ရွယ်သူများနှင့် ကလေးစစ်သားစုစုပေါင်း(၂၇၂) ဦး လွှတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ကလေး စစ်သားအသုံးပြုမှု နှေးကွေးသွားခဲ့သော်လည်း ရပ်ဆိုင်းသွားခြင်းတော့ မရှိသေးပေ။

ယခုလွှတ်ပေးခြင်းသည် မြန်မာ့တပ်မတော်အနေဖြင့် ကလေးစစ်သားစုဆောင်းမှုနှင့် အသုံးပြုမှု ရပ်ဆိုင်းသွား စေရန်ဦးတည်သော သမိုင်းဝင်ခြေလှမ်း တစ်ရပ် ဖြစ်သည်ဟု ကုလသမဂ္ဂက ကြေညာချက်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိ UNICEF ကိုယ်စားလှယ် Bertrand Bainvel က ပြောကြားရာတွင် ယခု လွှတ်ပေးခြင်းသည် မြန်မာအစိုးရနှင့် တပ်မတော်က ကလေးများ၏ဘဝများ၊ မျှော်လင့်ချက်များ၊ အိပ်မက်များကိုရိုက်ချိုးနေသော လုပ်ရပ်များ ရပ်တန့်ရန် အားကောင်းသော သံဓိဌာန်ကို ပြသနေသည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ ကြီးမားလှသော စစ်တပ်ထဲတွင် ကလေးစစ်သား မည်မျှ ထမ်းဆောင်နေသည် ဆိုသည်ကို စီစစ် သည့် ကိန်းဂဏန်းတိတိကျကျမရှိပေ။ မြန်မာစစ်တပ်သည် ကလေးစစ်သားစုဆောင်းခြင်း၊ အရပ်သားများကို ပေါ်တာ အဖြစ်ခိုင်းစေခြင်း သို့မဟုတ် မိုင်းရှာရန်အတွက် လူများကိုအသုံးပြုခြင်းအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် စွပ်စွဲမှုများစွာ ခံနေရပါသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများရပ်ဆိုင်းရန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက အဓိကတာင်းဆိုနေမှုများ ဖြစ်ပါ သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို လက်ကမ်းကြိုခဲ့ပြီး ဖြစ်ပါသည်။

မြန်မာစစ်တပ်သည် ၂ဝ၁၂ စက်တင်ဘာလက (၄၂) ဦး ၊ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက (၂၄) ဦး ၊ ဇူလိုင်လက (၄၂) ဦး သြဂုတ်လတွင် (၆၈) ဦး အသီးသီး လွှတ်ပေးခဲ့ပါသည်။

လွှတ်ပေးခဲ့သူ အားလုံးမှာ ကလေးဘဝကစစ်သားအဖြစ် စုဆောင်းခဲ့ခြင်းဖစ်ပြီး ၊ အချို့မှာ အရွယ်ရောက်နေပြီ ဖြစ်ပါသည်။

ကုလသမဂ္ဂက နောက်ထပ်စိုးရိမ်သောအချက်မှာ မြန်မာနိုင်ငံတိုင်းရင်းသား သူပုန်အုပ်စုခုနှစ်ခုကလည်း ကလေးငယ်အား စစ်သားအဖြစ် ဆက်လက် စုဆောင်းနေခြင်းဖြစ်ပြီး ရပ်ဆိုင်းကြရန် တောင်းဆိုခဲ့ပါသည်။

"မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ အစိုးရမဟုတ်တဲ့ လက်နက်အုပ်စုတွေအနေနဲ့ ကလေးစစ်သားစုဆောင်း အသုံး ပြုမှု မရပ်မချင်း နိုင်ငံသစ်တည်ဆောက်ဖို့ မလွယ်ပါဘူး"ဟု Bainvel က ပြောပါသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ဗြိတိသျှထံမှ လွတ်လပ်ရေးရကတည်းက တိုင်းရင်းသားအုပ်စုများ၏ ကိုယ်ပိုင် အုပ်ချုပ် ခွင့်တောင်းဆိုမှုကြောင့် ပြည်တွင်းပဋိပက္ခများနှင့် နပန်းလုံးနေခဲ့ရပါသည်။

လက်ရှိအစိုးရသည် တိုင်းရင်းသားအုပ်စုအများစုနှင့် ယာယီအပစ်အခတ်ရပ်စဲရေး ရရှိခဲ့သော်လည်း တစ်ပြည် လုံးး အပစ်အခတ် ရပ်စဲရေးမှာမူ အလှမ်းဝေးလျက် ရှိနေပါသေးသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

"ကျွန်တော်တို့ပါတီအနေနဲ့ ၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက အကြောင်းအမျိုးမျိုးကြောင့် အုပ်စုနှစ်စုကွဲခဲ့ပါတယ်။ အခု ဆိုလည်း အုပ်စုကသုံးစုရှိနေပြန်ပါတယ်။ အရင်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာပါဝင်ခဲ့တဲ့ ကျွန်တော်တို့ ပထမအကြိမ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီညီလာခံ ဗဟိုကော်မတီဝင်နဲ့ ရဲဘော်ဟောင်းတွေ ပါဝင်တဲ့အစုရယ်၊ ဦးအောင်မိုးဇော် ပါဝင်တဲ့အစုရယ်၊ ဦးဇေယျ ပါဝင်တဲ့အစုရယ် တို့ ဖြစ်ပါတယ်။ ပြောရရင် အခုထိုင်းနိုင်ငံမဲဆောက်မြို့ အခြေစိုက်ပြီး အစိုးရ ရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ညှိနှိုင်းပြီး ပြည်တွင်းပြန်ဝင်လာတဲ့ ဦးအောင်မိုးဇော်နဲ့အဖွဲ့က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အမည်နဲ့ မှတ်ပုံတင်လျှောက်ပါတယ်။ ဒီလိုသူတို့ မှတ်ပုံတင်ခွင့်ပြန်လျှောက်တဲ့နေရာမှာ ကျွန်တော်တို့အရင် ပါတီဗဟို ကော် မတီဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်မှုမရှိခဲ့ပါဘူး။ လက်ရှိအနေအထားမှာ ကျွန်တော်တို့အနေနဲ့ အခြားလူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီ ကိုယ်စားပြုအဖွဲ့တွေကို တစ်ဖွဲ့တည်းဖြစ်ဖို့ စုစည်းနေတဲ့အချိန်မှာ သူတို့ကဒီလိုမှတ်ပုံတင်ခွင့် လျှောက်ထား လိုက်တာဖြစ်တဲ့အတွက် အခုဒီလိုလျှောက်ထားခြင်းကို ကန့်ကွက်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ လူ့ဘောင်သစ်ပါတီသမိုင်းကို ချပြရှင်းလင်းရတာ ဖြစ်တယ်"

ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော "လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီအား ပြည်ပမှ ပြန်လာသည့် ပါတီဝင်များက ယခင် ပါတီဝင်ဟောင်းများနှင့် ဆွေးနွေးမှု မရှိဘဲ မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းကို ပြည်တွင်းရှိ ပါတီဝင်ဟောင်းများနှင့် ဗဟိုကော်မတီဝင်များ ကန့်ကွက်"သတင်းမှ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီညီလာခံ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေယျ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အန်ကယ်တို့အကြမ်းဖျင်း ဆုံးဖြတ်ထားတာကတော့ ပြည်သူတွေထံကရောက်ရှိလာတဲ့ အကြံပြုချက်တွေမှာ တချို့ကတူတဲ့ အကြံပြုချက်တွေ ရှိတယ်။ အကြံပြုချက်သုံးသိန်းကျော်မှာ တချို့ကဒီအဓိပ္ပာယ်ပဲ။ ဒါတွေကိုအန်ကယ်တို့ စုစည်းနေတာ။ ကော်မတီမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အခန်းလိုက်တာဝန်ခွဲပြီး လေ့လာနေတယ်။ တူတာတွေ စုစည်း မယ်။ အဲဒီအထဲမှာ တူတာတွေမှာ အခန်းအလိုက်၊ ပုဒ်မအလိုက် ဘယ်ပုဒ်မတွေကတော့ ပြင်ဆင်သင့်တယ်။ ဘယ်ပုဒ်မ ကတော့ ပယ်ဖျက်သင့်တယ်။ ဘယ်ပုဒ်မက ဖြည့်စွက်သင့်တယ်။ တချို့ကျတော့ စဉ်းစားသင့်တယ်ဆိုတာတွေ လိုလာတယ်။ ဘာတွေစဉ်းစားမလဲ။  ဘယ်လိုစဉ်းစားမလဲ။ ကျိုးကြောင်းဖော်ပြချက်လေးတွေပါမယ်။ ဒီဟာတွေအပေါ်မူတည်ပြီး အန်ကယ်တို့က တစ်ခန်းချင်းသွားမယ်။ ဥပမာအခန်း ၄ ပုဒ်မ ၇၅ ကို အကြံပြုတဲ့သူတွေက ပြင်ဆင်ဖို့ဘယ်နှစ်ဦးရှိပါတယ်။ ဖြည့်စွက်ဖို့ကဘာတွေရှိပါတယ်။ ပယ်ဖျက်မယ်ဆိုရင် ပယ်ဖျက်ဖို့ကဘာတွေရှိပါတယ်။ အဲဒီလို ပုဒ်မတစ်ခုချင်းအလိုက် အကြံ ပြုတဲ့သူအလိုက်သွားမယ်။ အခန်းလိုက်စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာအဖြစ် ဆက်လက်တင်ပြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ဆိုတာ ဥပဒေကြမ်းအဖြစ်တင်မှ ပြင်လို့ရတာ။ ဒီဥပဒေကြမ်းတင်ဖို့ ဒီကော်မတီအဖွဲ့က ပြင်ဆင် ပေးတဲ့ သဘောပဲ"

ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော "နှစ်ပတ်အတွင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အစီရင်ခံစာတွင် အခန်းအလိုက် ပြင်ဆင်သင့်သည့် ပုဒ်မများကို မည်သည့်အတွက်ကြောင့် ပြင်ဆင်သင့်သည့် ဆိုသည့် ကျိုးကြောင်းဖော်ပြချက်များ ပါဝင်မည်" သတင်းမှ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


မေး - တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မ တီတို့ တွေ့ဆုံမယ့်ရက်ကို နောက်ဆုတ်လိုက်တယ်လို့သိရပါတယ်။ ဘာ့ကြောင့်ရက်ရွှေ့လိုက်တယ်ဆိုတာနဲ့ ဘယ်ကာလမှာ တွေ့ဆုံမယ်ဆိုတာ သိရပါတယ်။

ဖြေ - ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလဆန်းမှာ မြစ်ကြီးနားမှာတွေ့တုန်းက နှစ်ဖက် Proposal တွေက နှစ်ဆယ်ရာခိုင်နှုန်းပဲ ကိုက်ညီတယ်လို့ ဦးခွန်ဥက္ကာတို့က ညွှန်းဆိုတယ်။ ဒီဇင်ဘာ ၁၆ ရက်က MPC မှာ NCCT နဲ့ထပ်ပြီး ဆွေးနွေးတော့ ၅၀ ရာခိုင်နှုန်းလောက် ရခဲ့ပြီပြောတယ်။ တစ်ခါ ဒီဇင်ဘာ ၂၉ ချင်းမိုင်မှာ ဝန်ကြီးဦးအောင်မင်းနဲ့ ဦးနိုင်ဟံသာတို့ဆွေးနွေးတော့ ၈၀ ရာခိုင်နှုန်းတူလာပြီလို့ပြောတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ သဘောသဘာဝကိုက အကြိမ်ကြိမ်ညှိနှိုင်းလေလေ သံသယ လျော့နည်းပြီး ငြိမ်းချမ်းမှုပိုရှိလာလေဖြစ်တော့ အခုလဲကြိုတင်ပြင်ဆင်ဖို့ အချိန်ပေးတဲ့သဘောပါ။ တိုင်းရင်းသားတွေဘက်က အဆိုပြုတာကိုလက်ခံတာပါ။ တခြားအခက်အခဲ ဘာမှမရှိဘူးလို့ နားလည်ထားပါတယ်။ အခုကတော့ လေးဝါးပွဲပြီးရင် ဘားအံကိုလာမယ့်အစား လေးဝါးပွဲကအချက်အလက်ကိုပြန်စုပြီးတော့ ဝန်ကြီးဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တွေနဲ့ ထပ်ပြီးတော့ အလွတ်သဘောပြင်ဆင်တာတွေကို ချင်းမိုင်၊ ရန်ကုန် ဒါမှမဟုတ် တခြား နေရာ မှာလုပ်ဖို့ရှိတယ်။ အဲဒီပြီးမှပဲ ဘားအံပွဲကို ရက်သတ်မှတ်ပြီးတွေ့ဖို့ အကြမ်းအားဖြင့် နှစ်ဖက်လုံးက သဘောတူထားတယ်။ ပြီးမှ ဘားအံမှာဖေဖော်ဝါရီလထဲတွေ့မယ်။ ဝန်ကြီးဦးအောင်မင်းနဲ့ တစ်ဖက်က တိုင်းရင်းသားခေါင်းဆောင်တွေ ညှိနှိုင်းနေ တာကဘားအံဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ နောက်ထပ်ဆွေးနွေးစရာမလိုအောင် လက်မှတ်ရေးထိုးဖို့ အချက်အလက် အားလုံးကိုပြင်ဆင်တဲ့ နောက်ဆုံးအစည်းအဝေးဖြစ်ဖို့ နှစ်ဖက်လုံးကဆန္ဒရှိတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် The Flower News ဂျာနယ် အတွဲ (၁၀) ၊ အမှတ် (၄) တွင် ပါရှိသော "60 Seconds Interview" ကဏ္ဍမှ Myanmar Peace Center ၏ အထူးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

"အခြေခံဥပဒေမှာလည်း တားမြစ်မှုမျိုးစုံ ရှိပါတယ်။ ဒါတွေကသိပ်ပြီးတော့ ဒီမိုကရေစီမဆန်ဘူး။ ဥပဒေကြောင်းအရလည်း မခိုင်ပါဘူး။ ဒါတွေကိုလည်းပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို နိုင်ငံရေး သဘောတူညီချက် Political Pact မှ တစ်ပါး တခြားနည်းနဲ့ ဘယ်လိုပြောင်းမလဲတော့ မသိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရက်တွေဘက်ကလည်း တော်လှန်ရေး Revolution နဲ့ ပတ်သက်ပြီးမပြောပါဘူး။ သူတို့ကလည်း လက်ရှိအစိုးရကို လုံးဝဖြုတ်ပစ်မှာမဟုတ်ပါဘူး။ ပြီးတော့ သူတို့ တွေက လွှတ်တော်ထဲမှာလည်း လုံလောက်တဲ့အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မဲပေးပိုင်ခွင့်အာဏာမရှိပါဘူး။ သူတို့တွေက အစိုးရတစ်ဖွဲ့လုံး စစ်တပ်နဲ့ USDP အဖွဲ့ဝင်တွေနဲ့ အလုပ်လုပ်နိုင်ပါတယ်။ လောလောဆယ်မှာတော့ ကျယ်ပြန့် တဲ့ သဘောတူညီချက်မရှိဘဲနဲ့တော့ အခြေခံဥပဒေပြောင်းလဲမှု မဖြစ်ပေါ်နိုင်ဘူး။ အစိုးရအဖွဲ့က ဒီမိုကရက်တစ် အတိုက် အခံတွေနဲ့ NLD အပေါ်မှာ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ကန့်သတ်ထားတယ်။ ဒါတွေကို ပြောင်းလဲမှု မလုပ်နိုင်ဘူးဆိုရင် မြန်မာ အစိုးရအဖွဲ့က ကမ္ဘာ့အလယ်မှာ တရားဝင်မှုမရှိနိုင်ဘူး။ သူတို့တွေဝေဖန်မှုလည်းခံရလိမ့်မယ်။ NLD နဲ့ အခြား ဒီမိုကရက်တစ် အဖွဲ့အစည်းတွေတိုင်းရင်းသားပါတီတွေက လွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်မှုအတွက် မဲပေးနိုင်မှုအခွင့်အလမ်း နည်းပါးတယ်။ ဒါကြောင့် နိုင်ငံရေးသဘောတူညီချက်မရှိဘဲနဲ့ လက်ရှိပြဿနာတွေ မပြေလည်နိုင်ဘူး။

ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် The Messenger ဂျာနယ် အတွဲ (၄) ၊ အမှတ် (၃၅) တွင် ပါရှိသော "စစ်အုပ်ချုပ် ရေး ပြန်အသက်သွင်းရန် မြန်မာပြည်ကအဓိကရုဏ်း တိုင်းပြည်ဖြစ်သွားမယ်" သတင်းပါ အင်တာဗျူးမှ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလေ့လာသူ လာရီဒိုင်းမွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


"အခြေအနေနဲ့အချိန်အခါအရ လုပ်သင့်လုပ်ထိုက်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထပ်မံတွေဆုံဖို့ တောင်းဆိုပါမယ်။ အရင်ကတောင်းဆိုခဲ့ဖူးပေမယ့် မတွေ့ရသေးလို့ အောင်မြင်မှုမရသေးဘူးလို့ပြောရပါမယ်။ တကယ်တော့ ကာကွယ်ရေး ဦးစီး ချုပ်ကိုတွ့ဖို့ တောင်းဆိုတာမဟုတ်ဘဲ လေးပွင့်ဆိုင်တွေ့ဖို့ တောင်းဆိုတာပါ။ မတွေ့ဆုံသင့်ဖူးလို့ သမ္မတဘက်က ပြောကြား တာပါ။ ကာကွယ်ရေးဦးစီးချုပ်ကပြောကြားတာမဟုတ်ပါဘူး။ ဒီကိစ္စ ဘာကြောင့်ပြောတယ်ဆိုတာ သမ္မတကိုပဲ မေးသင့်ပါ တယ်"

ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် True News ဂျာနယ် အတွဲ (၆) ၊ အမှတ် (၁၄) တွင်ပါရှိသော "လိုအပ်ပါက ကာ/ချုပ် နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတောင်းဆိုမည်" သတင်းမှ  ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ် ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive