Transparency Myanmar

transparency.myanmar@gmail.com

 

Bangkok, 20th Oct, 09

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံသို့ အကူအညီ အထောက်အပံ့များကို ပိုမိုတိုးချဲ့ပေးရန် ကြေညာလိုက်သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည့် အခြေအနေကို အားဖြည့်ပေးလိုက်သည့် သဘောလည်း ဖြစ်ပါသည်။ ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအတွက် ယူရိုငွေ ၃၅ သန်းကို Livelihoods and Food Security Trust Fund မှတဆင့် ပေးလှူရန် ကတိပေးခဲ့သည်။ ဗြိတိန်၊ ဩစတြေးလျ၊ နယ်သာလန်၊ ဆွီဒင်နှင့် ဒိန်းမတ်တို့ ပါဝင်သော အလှူရှင်များသည် အဆိုပါရန်ပုံငွေကို ယူရို သန်း ၁ဝဝ ထိ တိုးမြှင့်လှူဒါန်းသွားရန် မျှော်လင့်ထားသည်။

မြန်မာအစိုးရ၏ ဝမ်းနည်းဖွယ်ကောင်းသော လူ့အခွင့်အရေး ဖောက်ဖျက်မှု ကိစ္စများကို ထိရောက်စွာ တားဆီးရန်နှင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းစေရန်အတွက် အနောက်နိုင်ငံများက အထီးကျန်အောင် ပိတ်ဆို့ကာ ကြိုးပမ်းခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အဆိုပါ ပိတ်ဆို့ဒဏ်ခတ်မှုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုချက်တို့သည် တိုင်းပြည်အတွင်းတွင် အနည်းငယ်သော ပြောင်းလဲမှုကိုသာ ဖြစ်ပေါ်စေခဲ့ပါသည်။

အမေရိကန်မှ ၎င်း၏ တင်းမာသော အထီးကျန်ဖြစ်စေခြင်းဝါဒကို ပြန်လည်စဉ်းစားနေသည်ဟု ယခုနှစ် ဦးပိုင်းက အသံကြားရပြီးနောက် ပေါ်လစီအသစ်များ အစီအရီလိုက် ထွက်ပေါ်လာပါသည်။ အဆိုပါ လုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်က စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုကို ဆက်လက်ကျင့်သုံးပြီး မြန်မာနိုင်ငံကို အုပ်ချုပ်သော ဗိုလ်ချုပ်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုပြီးနောက် ပိုမို၍ အရှိန်တက်လာခဲ့သည်။

ဥရောပသမဂ္ဂ၏ အသစ်တဖန် ပြောင်းလဲသွားသည့် မြန်မာနိုင်ငံအပေါ် ကူညီပေးရန် ဆန္ဒရှိမှုသည် ထူးခြားသော ပြောင်းလဲမှုဖြစ်ပါသည်။ ဩဂုတ်လအတွင်းက မြန်မာတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ ထပ်မံချထားခဲ့စဉ်က ဥရောပသမဂ္ဂသည် ပိတ်ဆို့ ဒဏ်ခတ်မှုကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်ခဲ့သည်။

၂၀၀၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း၏ ပျက်စီးမှုများမှ ပြန်လည် နာလံထူနိုင်အောင် ကူညီပေးရန်အတွက် ဥရောပသမဂ္ဂက အများဆုံး ထောက်ပံ့ပေးခဲ့သည်။ ထောက်ပံ့ငွေအားလုံး၏ ၆ဝ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။ သို့သော် အဆိုပါ ငွေများကို ဝမ်းသာအားရစွာဖြင့် လက်ခံရန် အများဆုံးထိခိုက်ခဲ့သော မြစ်ဝကျွန်းပေါ်ဒေသများတွင်သာ အသုံးပြုခဲ့ပြီး အခြားသော ဒေသအသီးသီးရှိ ဆိုးရွားလှသော ရုန်းကန်လှုပ်ရှားရမှုများကိုမူ လျစ်လျူရှုခဲ့ပါသည်။

နှစ်ကြာမည့် LIFT အစီအစဉ်သို့ ထောက်ပံ့မည့်ငွေမပါဘဲ ဥရောပသမဂ္ဂက ယခုဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသို့ ဒေါ်လာ ၁၇၇ သန်း ကူညီထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ ယခင်နှစ်က ဒေါ်လာ ၂ဝ၅ သန်း ထောက်ပံ့မှုတွင် ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များအတွက် ချက်ချင်း ပေးပို့ကူညီခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ရက်ခရီး သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူ ဥရောပသမဂ္ဂ ဒေသဆိုင်ရာ သံအမတ်ကြီး David Lipman က ၎င်းသည် အစိုးရအဆင့်မြင့် အရာရှိများနှင့် အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရကြောင်း၊ ဗိုလ်ချုပ်များ အကြားတွင် သဘောထားအသစ်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ပြောခဲ့သည်။ အစိုးရသည် ယခင်ကထက် ပို၍ ပူးပေါင်းဆောင်ရွက်မှု ရှိသည်ဟုမိမိထင်ကြောင်း၊ သူတို့သည် အမှန်တကယ် လုပ်ဆောင်နေကြောင်း သတင်းထောက်များကို အင်္ဂါနေ့က ပြောကြားခဲ့သည်။

ယခု လှူဒါန်းသည့် ရန်ပုံငွေအသစ်ကို နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့ရသော ဒုက္ခသည်များကို တိုးချဲ့ကူညီရန်အတွက် အစိုးရမဟုတ်သော အဖွဲ့မှတဆင့် ကူညီသွားမည် ဖြစ်ကြောင်း သိရပါသည်။ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် လူ ၁၄ဝ,ဝဝဝ သေဆုံးခဲ့ရပါသည်။ နာဂစ်၏ ဒဏ်ကို တစ်နိုင်ငံလုံးတွင် အနည်းနှင့် အများခံစားခဲ့ရကြောင်း၊ အထူးသဖြင့် ရခိုင်၊ ရှမ်းပြည်နယ်၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် ပိုမိုဆိုးရွားခဲ့ကြောင်း Mr. Lipman က ပြောပါသည်။ ၎င်းကပင် ဆက်လက်၍ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံသို့ လှူသော အထောက်အပံ့များကို မြန်မာအစိုးရလက်ထဲသို့ တိုက်ရိုက်လွှဲပေးမည် မဟုတ်ဘဲ တင်းကြပ်သော လုပ်ထုံးလုပ်နည်းများနှင့် အညီ သုံးစွဲစေမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ပြောကြားချက်အရ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် တစ်နှစ် လူတစ်ဦးလျှင် ထောက်ပံ့ငွေ ဒေါ်လာသာ ရရှိသည့် ထောက်ပံ့ငွေ အနည်းဆုံးရရှိသော နိုင်ငံများဖြစ်ကြောင်း သိရသည်။ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွင် တစ်နှစ်လျှင် ၄၆ ဒေါ်လာ ရရှိပြီး လာအိုမှာမူ ၆၈ ဒေါ်လာ ရရှိပါသည်။

 

 



--
Posted By icypress to Sensible Rumour at 10/29/2009 07:31:00 PM

0 comments:

Post a Comment