Transparency Myanmar

transparency.myanmar@gmail.com

အောက်တိုဘာ ၃၀

 

          ယခုပြောလိုသော အကြောင်းအရာမှာ လူမဆန်သော ဝိသမလောဘသမားများအကြောင်း ဖြစ်ပါသည်။

          ရန်ကုန်တွင် နာဂစ်မုန်တိုင်းအပြီး ၂၀၀၈ ဇွန်လခန့်မှ စ၍ ဒီဇယ်များကို မုန်တိုင်းသင့် ဒေသကယ်ဆယ်ရေး လုပ်ငန်းများကြောင့် မပြတ်လတ်စေရန်နှင့် ဈေးမတက်နိုင်စေရန် ရန်ကုန် တိုင်းမှူး၏ ပါမစ်ဖြင့် အလွတ်သွင်းခွင့်ပြုခဲ့ပါသည်။

          ထို့ကြောင့်ပင် ယခုအချိန်အထိ ဒီဇယ်ဈေးမှာ အစိုးရဆိုင်ဆီ သတ်မှတ်ဈေးထက် အောက်တွင် ရှိနေခဲ့ပါသည်။အလွန်ကောင်းမွန်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။

          ထိုစဉ်ကတည်းက ဒီဇယ်တင်သွင်းလာသော လက်ကြီးသမားများမှာ ဦးသိန်းဝင်းဇော်၊ ဒေါက်တာဝင်းမြင့်၊ ဘုန်းကြီးမောင်မောင်၊ကိုကျော်ဦး စသူတို့ဖြစ်သည်။ အလတ်စားတင်သွင်းသူ များအနေဖြင့်  ဦးအိုက်ရီ၊ ဦးစိုးမြင့်အောင်တို့ရှိပါသည်။

           ယခုအခါ ဒီဇယ်ကို တရားဝင်သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုပြီးဖြစ်ရာ ထိုသို့တရား ဝင်မဖြစ်မီ သူဌေးဖြစ်ကြံသွားသူများလည်း ရှိပါသည်။

          အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ(အများပိုင်ကုမ္ပဏီဟု ထင်ပါသည်။)မှ ဦးစိုးထွန်း ရှိန်နှင့် ဗိုလ်မှူးသိန်းသန်းတို့သည် ချက်ဆီအဆင့်သာရှိသော ဒီဇယ်များကို တင်သွင်းလာပါသည်။ တန်၆၀၀၀ ခန့်သွင်းလာပြီး တစ်တန်ဒေါ်လာ၁၅၀ သက်သာသည်။ ဒေါ်လာ၉ သိန်းခန့် အိတ်ထဲအသာ လေးမြတ်သွားပါသည်။

          ရောင်းဈေးပေါ်မှ ရသော အမြတ်မပါသေးပါ။ဒီဇယ်အကောင်းဈေးနဲ့ ရောင်းစားပါသည်။ထို ကိစ္စတွင် ရှယ်ယာပါသော ကုန်သည်တစ်ဦး၏ ကိုယ်တိုင်ပြောပြချက်အရ သူ့အတွက် အမြတ် သိန်း၇၅၀၀ ရကြောင်းပြောပါသည်။

           အဆိုပါဒီဇယ်များမှာ ကားများတွင် ထည့်မောင်း၍မရသော ဆီများဖြစ်ပါသည်။ Land Cruiser လိုကားမျိုးထည့်လျှင် ချက်ခြင်း pump ပျက်ပါသည်။

          Business Ethic တော့ရှိရပါမည်။ငွေရလျှင် ဘာမဆိုပြီးရော မလုပ်သင့်ဟုထင်ပါသည်။ ထိုကိစ္စကို ရန်ကုန်တိုင်းမှူးရော ၊ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေရော သိသည်ဟု ဆိုပါသည်။

          ကျွန်တော်တို့ စားသုံးသူများကတော့ ဘာမျှလုပ်မရပါ။ အခံဘက်ကချည်းဖြစ်ပါသည်။ သို့သော် သဘာဝတရားကြီးက  ကြည့်နေမည်မဟုတ်ပါ။သူ့က အလိုအလျှောက် သူတို့၏မကောင်း သည့်စိတ် intensity အတိုင်း၊ မကာဏညီမျှစွာ ပြန်ခံရပါလိမ့်မည်။ မိုးနတ်မင်းကြီး အလိုကျသာ လို့ ပြောလိုက်ချင်ပါတော့သည်။



--
Posted By icypress to Sensible Rumour at 10/29/2009 11:20:00 PM

0 comments:

Post a Comment