Transparency Myanmar

transparency.myanmar@gmail.com

(AFP) 21 - Oct – 2009

          အမေရိကန်နိုင်ငံသည် အထီးကျန်ဖြစ်နေသော မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ရန်အတွက် လာမည့်အပတ်တွင် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ထူးထူးခြားခြား စေလွှတ်မည်ဖြစ် ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ယခုခရီးစဉ်သည် ၎င်းက မြန်မာအဆင့်မြင့် အရာရှိများနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည့်ကိစ္စကို ဆက်လက်ဆွေးနွေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် ဆယ်စုနှစ်အတွင်း စစ်အစိုးရနှင့် မြန်မာ အဆင့်မြင့် အရာရှိများ တွေ့ဆုံမှုဖြစ်ပါသည်။ Campbell က အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံသို့ လာမည့်အပတ်တွင် အချက်အလက်များ လေ့လာရန်အတွက် စေလွှတ်မည်ဖြစ်ကြောင်း၊ ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီသို့ ပြောကြားခဲ့သည်။

          အဆိုပါအဖွဲ့တွင် မည်သူပါဝင်မည် ဖြစ်ကြောင်းကိုမူ ပြောကြားခဲ့ခြင်းမရှိပါ။ အစိုးရပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးအနေဖြင့်လည်း အဆိုပါ ကိုယ်စားလှယ်အဖွဲ့နှင့် ပတ်သက်၍ သတင်းရရှိခြင်း မရှိသေးကြောင်း သိရှိရသည်။

          အဆိုပါ ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့ ကိုယ်စားလှယ်များ၊ ဒီမိုကရက်တစ် အတိုက်အခံအဖွဲ့များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ပုဂ္ဂိုလ်များကို တွေ့ဆုံရန်ရှိကြောင်း ပြောကြားပါသည်။

          ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သော အမျိုးသား ဒီမိုကရေစီပါတီသည် (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အာဏာကို လွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့ပါ။ စစ်အစိုးရသည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုခန့်ပင် ရှိနေပြီဖြစ်သည်။

          သမ္မတ အိုဘားမားအစိုးရသည် အီရန်၊ ကျူးဘားနှင့် ဆူဒန်တွင် အမေရိကန်မှ အကြံပြုအဖွဲ့များက ၀င်ရောက်တွေ့ဆုံ ဆွေးနွေးပြုလုပ်ရန်လည်း လုပ်ဆောင်လျက်ရှိပါသည်။ အိုဘားမားအစိုးရ၏ ပေါ်လစီပြန်လည်ဆန်းစစ်မှုတွင် ကြာမြင့်လာပြီဖြစ်သည့် အမေရိကန်က မြန်မာနိုင်ငံကို အထီးကျန်စေခဲ့သော ပေါ်လစီကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုးတက်မှုမရှိသေးသ၍ ရုတ်သိမ်းခြင်းမပြုကြောင်း ဖော်ပြထားပါသည်။

          သြဂုတ်လ အတွင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော၊ အမေရိကန်ဆီနိတ်တာ ဂျင်မ်ဝက်ပ်ကို အစဉ်အလာမရှိဘဲ လက်ခံတွေ့ဆုံခဲ့ သည်။ ဂျင်မ်ဝက်ပ်သည် စစ်အစိုးရကို လက်ခံတွေ့ဆုံဆွေးနွေးရေးအတွက် အဆိုပြုခဲ့သည့် ထင်ရှားသော အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment