Transparency Myanmar

transparency.myanmar@gmail.com

 

         ယခု အောက်တိုဘာလတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမိုင်းမှတ်တိုင် နှစ်ခုကို ဖြတ်သန်းခဲ့သည်။ ပထမတစ်ခုမှာ နှစ်ပေါင်း ၁၄ နှစ်ဟူသည့် သမိုင်း မှတ်တိုင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု အတွင်းနှစ်ပေါင်း ၁၄ နှစ်တာမျှ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။       

ဒုတိယမှတ်တိုင်မှာ အနောက်နိုင်ငံမှ သံတမန်များ အပါအ၀င် စစ်အစိုးရ ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့ခြင်းဖြစ် သည်။

"လွန်ခဲ့တဲ့နှစ် ၂၀ လောက်အတွင်းမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးထဲ ရောက်ခဲ့တယ် ဆိုပေမယ့်လည်း ပြီးခဲ့တဲ့ သုံးလအတွင်း ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက ကျွန်တော်တို့ကို မျှော်လင့်ချက် ပေးသလို ဖြစ်ခဲ့ပါတယ်။ အပြောင်းအလဲတွေ ရှိလာမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ရစေပါတယ်" ဟု ဗြိတိန်သံအမတ်ကြီးဟောင်း ဒီရက်တွန်ကင် က ပြောသည်။

သြဂုတ်လ အတွင်းက နေအိမ်အတွင်းသို့ မဖိတ်ခေါ်ဘဲ ၀င်ရောက်ခဲ့သူ ဂျွန်ဝီ လျံ ယက်တောဆိုသူ အမေရိကန်နိုင်ငံသား တစ်ဦးကြောင့် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ် အကျယ်ချုပ် ၁၈ လ ထပ်မံတိုးမြင့်ကာ ပစ်ဒဏ်ပေးလိုက်ပြီး နောက်ပိုင်း မြန်မာ့ နိုင်ငံရေးတွင် တိုးတက်မှုများ ထွက်ပေါ်လာခဲ့သည်။

စစ်အစိုးရက ကြိုးကိုင်ထားပြီး အငြင်းပွားစရာ ဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှု စတင်နေသည့် အချိန်အတွင်းမှာပင် အမေရိကန် သမတ ဘားရက်အိုဘားမား အုပ်ချုပ် ရေး အဖွဲ့က မြန်မာစစ်အစိုးရနှင့် စေ့စပှ်ိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးပမ်းလာသည်။

စစ်အစိုးရက ကြိုးကိုင် ကျင်းပပေးမည့် ၂၀၁၀ ဒီမိုကရေစီ ရွေးကောက်ပွဲမတိုင်မီ အမေရိကန် အစိုးရက မြန်မာ နှင့် စေ့စပှ်ိနှိုင်းရန် ကြိုးစားလာခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်နေသည်။

အနောက်ကမ္ဘာက မြန်မာနိုင်ငံအား ကာလကြာရှည်စွာ အထီကျန်ဖြစ်အောင် ပိတ်ဆို့မှုကြောင့် တရုတ်၏ သြဇာလွှမ်းမိုးမှုမှာ ပိုမိုကြီးမားလာသည်။ 

 

 

လက်တွေ့ကျသောစေ့စပှ်ိနှိုင်းမှု

      ဒေါ်အောင်ဆန်းစုကြည် အမှုပြီးလျှင် ပြီးချင်ဆိုသလိုပင် အမေရိကန် ဆီနိတ်တာ ဂျင်ဝက်သည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင်ရသည့် ပထမဆုံး အမေရိကန် အရာ ရှိတစ်ဦးဖြစ်လာသည်။ ဂျင်ဝက်သည် စစ်အစိုးရ၏ ထိပ်ပိတ်ခေါင်းဆောင်နှင့် သာမက အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါ တွေ့ဆုံခွင့် ရရှိခဲ့သည်။ ကုလသမဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည်ပင် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံရန် သန်းရွှေအား နှစ်ကြိမ်တိတိ ခွင့်တောင်းခဲ့သော်လည်း အခွင့်အရေးမရရှိခဲ့ပေ။

 မစတာ ဂျင်ဝက်သည် မန်မာပြည်မှ ပြန်လာသည်နှင့် တစ်ပြိုင်နက်တည်း ပိတ်ဆို့အရေးယူမှုများ အလုပ်မဖြစ်ကြောင်း အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ထံသို့ အကြောင်းကြား လိုက်သည်။ စစ်အစိုးရ ကြားလိုသည့် အတိုင်း အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

ဂျင်ဝက်ဘ်က တရုတ်၏ သြဇာလွှမ်းမိုမှုမှာ အာရှတစ်ခွင်လုံး အတိုင်းအတာသို့ ပျံ့နှံ့လျက်ရှိသည်ဟုဆို အမေရိကန်အစိုးရကို သတိပေးပြောဆိုခဲ့သည်။ အမေ ရိကန် အစိုးရ မူဝါဒများတွင် နောက်ထပ်တစ်ဆင့် ပြောင်းလဲလာခဲ့သည့် အချက်မှာ လက်တွေ့ကျသော စေ့စပှ်ိနှိုင်းမှု ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် အကြီးတန်း ခေါင်းဆောင်ပိုင်းများ တိုက် ရိုက် ထိတွေ့ကာ ဒိုင်ယာလော့ခ် ပြုလုပ် ခြင်းဖြစ်သည်။

      အမေရိကန်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည်။ သို့သော် စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ အပေးအယူဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုပြီး အခြား တစ်ဖက်တွင် မည်သည့်အရာ ပြန်ပေးရန် ကမ်းလှမ်း ထားပါသနည်း။

      ပိတ်ဆို့ အရေးယူမှုများသည် အမေရိကန်အစိုးရ၏ တန်ဖိုးအကြီးမားဆုံးသော ဖဲတစ်ချပ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အဆိုပါ ပိတ်ဆို့အရေးယူမှုကိုပင် စကားပြောတိုင်း ထည့်သွင်း  ပြောဆိုလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုများနှင့် ပတ်သက်အနောက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးလိုပါသည်ဟု စစ်အစိုးရ၏ နံပါတ်-၁ ခေါင်းဆောင်ကြီး ထံသို့ စာတစ်စောင်ရေးပိုခဲ့သည်။ တစ်ပတ် အတွင်းမှာပင် ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်အား အနောက်တိုင်း သံတမန်များ နှင့် တွေ့ဆုံခွင့် ပြုလိုက်သည်။

 

      မြန်မာ စစ်ခေါင်းဆောင်များသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံ တကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုလာရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင် စစ်တပ်က ဦးစီးရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မှု မပြုလုပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီပါတီကို အဆိုပါ ရွေးကောက်ပွဲတွင် ပါဝင်လာစေရန် ကြိုးပမ်းလျက်ရှိသည် ဟု ဒီရက်တွန်ကင်က ပြောသည်။

      "တကယ့်ကို သိသာထင်ရှားတဲ့ လှုပ်ရှားပြောင်းလဲမှု ထွက်ပေါ်လာဖို့ ကျွန်တော်တို့ စောင့်နေကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရက သူတို့ ဖြစ်ချင်တာတွေ အားလုံး စိတ်ချလက်ချ ဖြစ်ပြီဆိုတဲ့ အဆင့်မျိုးရောက်မှ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး မယ်လို့ ထင်ပါတယ်"ဟု ယင်းကပြောသည်။

ပိတ်ဆို့အရေးယူမှုနိဂုံးချုပ်မှာလား

      မကြာသေးမီက ပြီးဆုံးသွားသော အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က မိမိတို့အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်သင့်မြတ်ရေး  လုပ်ငန်းစဉ်များကို မြင့်တင်ပေးနိုင်သည့် အခန်းကဏ္ဍတွင် ရှိသူတစ်ဦးအဖြစ်  ရှုမြင်သည်ဟု ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဘီစ်က ပြောသည်။ ထိုင်းဝန်ကြီးချုပ်၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသည့် စစ်အစိုးရ၏ တင်းမာမှုများ လျော့ကျလာဖွယ်ရှိသည်။

      ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရကလွှတ်ပေးမည့်ကိစမှာ ဖြစ်နိုင်ခြေရှိ သော်လည်း လတ်တလော အနေအထာတွင် အလားအလာ မရှိသေးဟု ထင်မြင်မိကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှုများ၏ ရည်ရွယ်ချက်မှာ စစ်အစိုးရ အလိုရှိသော အရာများကို ထုတ်ဖော်နိုင်ရေးသာ ဖြစ်သည်ဟု ဦး သန့်မြင့်ဦးက ယုံကြည်သည်။

       " မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ ပိတ်ဆို့အရေးယူတဲ့ မူဝါဒတွေကို အမေရိကန် ကွန်ဂရက်က ဖယ်ရှားပေးမယ့် ကိစဟာ လုံးဝဖြစ်နိုင်ခြေမရှိပါဘူး။ ဒါပေမဲ့ မြန်မာ  စစ်ဗိုလ်ချုပ်ကြီး တွေဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လမ်းကြောင်းမှန်ကို သွားနေပြီလို့ အမေရိကန်အစိုးရက ထင်မြင်လာမယ် ဆိုရင်တော့ တခြားတစ်စုံတစ်ခု လုပ်ပေးလာနိုင်ပါတယ်"ဟု သူကပြောသည်။

      "ဘားမား(Burma) လို့မခေါ်ဘဲ မြန် မာ(Myanmar)လို့ ခေါ်ဝေါ်သုံးစွဲလာတဲ့ သဘောကတော့ အမေရိကန် အစိုးရဟာ မြန်မာအပေါ် ထားရှိတဲ့ ကန့်သတ်ချက်တချို့ကို ဖယ်ရှားပေးပြီး အကူအညီ အထောက်အပံ့ပေးဖို့ အစီအစဉ်တွေ ပူးပေါင်းလုပ်ကိုင်သွားမယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်"ဟု ယင်းကပြောသည်။

      အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ်က စစ်အစိုးရနှင့် ဒိုင်ယာလော့ခ် လုပ်ခြင်းသည် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးခြင်းထက် ပိုမိုထိရောက်မှုရှိသည် ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

      " မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး သေချာရေရာတဲ့ တိုးတက်မှုတွေ မထွက်ပေါ် သေးသရွေ့ ပိတ်ဆို့အရေးယူမှု မူဝါဒတွေကို ဆက်လက်ကျင့်သုံးသွားမှာပါ။ တကယ်လို့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးလိုက်မယ်ဆိုရင် နှစ်ကာလကြာရှည်စွာ တိုက်ပွဲဝင်လာတဲ့ ဒီ မိုကရေစီ အင်အားစုတွေကို လွဲမှားတဲ့ အချက်ပြလိုက်သလို ဖြစ်သွားမယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်" ဟု မစတာကတ်ကမ်းဘဲလ်ကဆိုသည်။

ဥရောပ၏ရပ်တည်ချက်

      အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုကို ကာလကြာရှည်စွာ ထောက်ခံခဲ့သော Burma Campaign UK အဖွဲ့မှ မာ့ခ်ဖာမာနာက အမေရိကန်အစိုးရ က စစ်အစိုးရအား တောင်းဆိုထားမှု များသည် ကုလသမဂက ပြုလုပ်ရန် ပျက်ကွက်ခဲ့သော အရေးကိစများ ဖြစ်ပြီး  စစ်အစိုးရအပေါ် ဖိအားပေးမှု မလွဲမသွေ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

      " ပိတ်ဆို့အရေးယူမှုဆိုတာ စစ်အစိုးရ အနေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ မဖြစ်မနေ လုပ်လာအောင် ဖိအားပေးတဲ့နေရာမှာ  အသုံးပြုတဲ့ လက်နက်တစ်မျိုးပါပဲ။ ဒါပေမဲ့ ဆွေးနွေးစကားပြောပြီး ဘာမှဖြစ်မလာဘူးဆိုရင် ပိတ်ဆို့မှုတွေကို ဆက် လက်ကျင့်သုံး သွားသင့်ပါတယ်" ဟု သူကပြောသည်။

      "စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော် ထဲက အယောက် ၁၀၀ လောက်က ကျန်းမာရေး အတော့်ကို ဆိုးရွားနေပြီး ကျန်းမာရေး ကုသမှုမရအောင်လည်း စနစ်တကျ အကွက်ဆင်ထားတယ်လို့ ကြားသိရပါတယ်။ စစ်အစိုးရဟာ သူ လုပ်ချင်တဲ့ အာဂျင်တာမဖြစ်မနေ ထွက်ပေါ်လာအောင် မိုက်မိုက်ကန်းကန်းလုပ် ဆောင်နေပါတယ်" ဟုလည်း ဆိုသည်။

 

      "အခုအချိန်မှာ အီးယူ(ဥရောပသမဂ္ဂျ) အနေနဲ့ မြန်မာအပေါ်ထားရှိတဲ့ ပိတ်ဆို့ အရေးယူမှုတွေ အစောတလျင် ဖယ်ရှား လိုက်မှာကို ကျွန်တော်တို့က စိုးရိမ်မိပါတယ်။ တကယ်လို့ အီးယူကသာ ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်မယ်ဆိုရင် စစ်အစိုးရကို လွဲမှားတဲ့ အချက်ပြလိုက်သလို ဖြစ်သွားမှာပါ" ဟု သူက ဖြည့်စွက်ပြော ဆိုသည်။

      လက်ရှိအနေအထားတွင် အီးယူက ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားမည့် အရိပ်အယောင်များ မတွေ့ရသေးပေ။ မြန်မာ့အရေးနှင့်ပတ်သက်ဥရောပ သမဂ က ရှင်းလင်းပြတ်သားသော ကြေညာချက် တစ်စုံတရာ မထုတ်ပြန်သေးပေ။ အချို့သော သတင်းရင်းမြစ်များ၏ အဆိုအရ အီးယူက ယခုလို ကြေညာချက် မထုတ်ပြန်သေးသည့် ကိစ္စမှာ ဗြိ တိန်နိုင်ငံက အချိန်ဆွဲနေခြင်းကြောင့် ဖြစ်ကြောင်း သုံးသပ်သည်။ သို့သော် အချို့သော အနောက်တိုင်း သံတမန်များ၏ အဆိုအရ အီးယူသည် မကြာမီကာလပိုင်းတွင် စစ်အစိုးရနှင့် ဒိုင်ယာလော့ခ် ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း ပြောကြား သည်။ အမေရိကန်အစိုးရ၏ လမ်းစဉ် အတိုင်း လိုက်လံလုပ်ဆောင်မည့် သဘောမျိုးဖြစ်သည်။

      "'၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိချင်မှရှိမယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အဲဒီရွေးကောက်ပွဲကို အလေးအနက် ထားရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံး ပြုလုပ်မယ့် ရွေးကောက်ပွဲဖြစ် နေလို့ပါပဲ" ဟု ဥရောပသံတမန်တစ်ဦး ကပြောသည်။ ဥရောပသမဂအနေဖြင့် ၂၀၁၀ နောက်ပိုင်း ထွက်ပေါ်လာမည့်  အရပ်သားအစိုးရနှင့် စေ့စပှ်ိနှိုင်းသွား ရမည့် အနေအထားတွင်ရှိသည်ဟု သူ က ထောက်ပြပြောဆိုသည်။

      " သို့ဆိုပါက အီးယူက စီးပွားရေး ပိတ်ဆို့မှုတချို့ကို ဖယ်ရှားပေးမည့် သဘောမျိုးကို ဆိုလိုခြင်းလော။ မဟုတ်သေးပါ။ အီးယူက အမေရိကန်ပေါ်လစီ နှင့် ပူးပေါင်းဆောင်ရွက်မည့် အနေအထားမျိုးသာဖြစ်ပါသည်။ သို့သော် အီးယူက မည်သည့် ပိတ်ဆို့မှုများကို မည် သည့်အချိန်တွင် ဖယ်ရှားရမည်ဟူသည့် အချက်ကို အလေးအနက် စဉ်းစားနေသည်ဟု သာ နားလည်ရပေမည်။ ပိတ်ဆို့မှု ဖယ်ရှားပေးမည့် ကိစများတွင် မြန်မာ နှင့် အီးယူ ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ပေးမည့် အစီအစဉ်များလည်း ပါဝင်နိုင်သည်။

နိုင်ငံတကာ အင်စတီကျူးရှင်းကြီးများ ဖြစ်ကြသော နိုင်ငံ တကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund  ကမာ့ဘဏ် World Bank နှင့် အာရှဖွံ့ဖြိုးမှုဘဏ်ADB တို့နှင့် မြန်မာနိုင်ငံ ချိတ်ဆက်မိရေးလည်း ပါဝင်နိုင်သည်။

      မြန်မာ့သမိုင်းပညာရှင် ဦးသန့်မြင့် က မြန်မာစစ်ဗိုလ်ချုပ်ကြီးများသညို့ အစီအစဉ် ပိုင်နိုင်စွာ ရေးဆွဲထားသော မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်နှင့် အနောက်ကမာအပါအ၀င် နိုင်ငံတကာနှင့် မြန်မာစစ်အစိုးရ ဆက်ဆံရေးမဟာဗျူဟာ ကို ချိန်ခွင်လျှာ  ညှိနေခြင်းဖြစ်သည် ဟုထင်မြင်မိကြောင်း ပြောကြားသည်။

      "မြန်မာစစ်အစိုးရဟာ တရုတ်နိုင်ငံ တစ်ခုတည်းကို အမှီသဟဲပြုနေရတဲ့ အနေအထားကို ဘက်မျှအောင်လုပ်ဖို့ ကြိုးစားရာမှာ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းရှိတာကို သဘောပေါက် တယ်။ အဲဒါကြောင့် အခုအချိန်မှာ အမေရိကန်နဲ့ ချိတ်ဆက်ဖို့အကောင်းဆုံးအချိန် ဖြစ်တယ်လို့ သူတို့က ထင်မြင်နေကြ တာပါ" ဟု သူကပြောသည်။

      အနောက်နိုင်ငံ သံတမန်တစ်ဦးကမူ မြန်မာနိုင်ငံရေးတိုးတက်မှုဖြစ်စဉ်ဟာ နှေးကွေးလိမ့်မည်ဟု ထင်ကြေးပေးပြီး မြန်မာနိုင်ငံတွင် မည်သည့်အရာမဆိုဖြစ် လာနိုင်ကြောင်း ပြောကြားလိုက်သည်။

ဘီဘီစီသတင်းဌာန၏ Is Burma softening its stance ကိုဘာသာပြန်ဆို ထားခြင်းဖြစ်ပါသည်။



--
Posted By icypress to Sensible Rumour at 10/31/2009 10:39:00 AM

0 comments:

Post a Comment