Transparency Myanmar

transparency.myanmar@gmail.com

Burma News Network – 26th Oct, 09

လက်နက်ကိုင် တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နည်တွင် စားနပ်ရိက္ခာ ရှားပါးမှုကို ဖြစ်ပေါ်စေသည်မှာ ၁ဝ နှစ်ခန့် ရှိနေပြီ ဖြစ်ကြောင်း ကရင်ရပိုင်ခွင့်အဖွဲ့ (Karen Rights Group) က သတိပေးလိုက်သည်။

အကြောင်းအမျိုးမျိုးအနက်မှ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော စစ်ဆင်မှုများ၊ မိုးရွာသွန်းမှု မမှန်ခြင်းနှင့် ပိုးမွှားဖျက်ဆီးခြင်းတို့သည် မကြာသေးမီက ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး မှတ်မိသရွေ့ ကာလများအတွင်း သီးနှံအထွက်နှုန်း အနည်းဆုံးသော ရာသီ ဖြစ်ခဲ့သည်။

ကရင်ပြည်နယ်သည် ယခုနှစ် ဇွန်လအတွင်းက အစိုးရတပ်များနှင့် ဆန့်ကျင်ဘက် KNU (Karen National Union) တပ်များ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ခဲ့သည့်နေရာ ဖြစ်ပြီး၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒုက္ခသည် ၄ဝဝဝ ခန့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်သွားခဲ့ကြသည်။

ကရင် လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group- KHRG) က အစိုးရတပ်များက ပိုမိုတိုးမြင့် တိုက်ခိုက်လာခြင်းသည် စားနပ်ရိက္ခာပြတ်လပ်မှု၏ အဓိက အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရသည် ၂ဝဝ၆ ခုနှစ်ကတည်းက ကရင်အမျိုးသားများ၏ စားနပ်ရိက္ခာ ထုတ်လုပ်စွမ်းအားကို တိုက်ဖျက်ရေး ပေါ်လစီမျိုးကို ကျင့်သုံးခဲ့ကြောင်း၊ စားနပ်ရိက္ခာ လုံလောက်မှုကို လျစ်လျူရှုသည့် သဘောဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဤနည်းဗျူဟာသည် KNU ကို အရပ်သားများက ထောက်ခံမှု ကျဆင်းအောင် ရည်ရွယ်သည်ဟုလည်း ပြောခဲ့သည်။

Committee for Internally Displaced Karen People (CIDKP) မှ စောစတီဗင် ကလည်း အဆိုပါအစီရင်ခံစာ အတိုင်းပြောခဲ့သည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ရွာသားများ၏ စားနပ်ရိက္ခာများကို ဖျက်ဆီးရန်ဖြစ်သည်။ စပါးသာမက နှစ်ရှည်သီးနှံများ ဖြစ်သည့် မင်းဂွတ်သီး၊ ပိန္နဲသီး၊ ကွမ်းသီးနှင့် အခြားသော သီးနှံများနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း တို့ကိုပါ ဖျက်ဆီးခဲ့ကြသည်။

အဆိုပါ နည်းဗျူဟာသည် မြန်မာစစ်တပ်က ယခင်က ၂ဝဝ၆ ခုနှစ်အထိ ကျင့်သုံးခဲ့သော မဟာဗျူဟာနှင့် မတူပေ။ ယခင်က တိုက်ခိုက်မှုများကို ကြိုကြားကြိုကြားသာ လုပ်ခဲ့သည်။ များသောအားဖြင့် ဆောင်းရာသီနှင့် နွေရာသီတို့တွင် စတင်တိုက်ခိုက်ကြပြီး မိုးရာသီတွင် ရပ်ဆိုင်းလိုက်ကြသည်။ မိုးရာသီတွင် တိုက်ခိုက်မှု ရပ်စဲခြင်းက ဒေသခံလယ်သမားများအား စပါးစိုက်ပျိုးမှုကို ပြုလုပ်နိုင်စေပြီး လာမည့်နှစ်များအတွက်လည်း ပုံမှန်ရိက္ခာထောက်ပံ့မှုကို ရရှိစေခဲ့ပါသည်။

စောစတီဗင်၏ ပြောကြားချက်အရ အစိုးရတပ်များသည် လယ်သမားများ အချိန်ပြည့် အလုပ်မလုပ်နိုင်အောင် စပါးခင်းများ အတွင်းသို့ မကြာခဏ မော်တာများ၊ အမြောက်များဖြင့် ပစ်ခဲ့ကြကြောင်း ရိတ်သိမ်းသည့် ကာလတွင်လည်း လယ်သမားများသည် တစ်လတွင် ရက် ၂ဝ ခန့်သာ အလုပ်လုပ်နိုင်တော့သည်။ စိုက်ခင်းများကို ဂရုစိုက်မှု မပြုလုပ်နိုင်သောကြောင့် ပိုးမွှား ဖျက်ဆီးခြင်းနှင့် ရောဂါကြောင့် ပျက်စီးခြင်း အခြားတိရစ္ဆာန်များ၏ ဝင်ရောက်ဖျက်ဆီးခြင်းကို ခံနေရကြောင်း ပြောကြားခဲ့ပါသည်။

သို့သော် အဆိုပါဒေသအတွင်း စစ်တပ်၏ လှုပ်ရှားမှုများ ရုတ်တရက် ပိုမိုလာခြင်းသည် ယခုရာသီတွင် စပါးအထွက်နှုန်း သိသာစွာ ကျဆင်းခြင်း၏ တစ်ခုတည်းသော အကြောင်းတရား မဟုတ်ပါ။ မူမမှန်သော ရာသီရတု အခြေအနေသည် မိုးကြီးခြင်းကို ဖြစ်စေပြီး ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းကိုလည်း ပြုလုပ်နိုင်ခြင်း မရှိတော့သောကြောင့်လည်း ဖြစ်သည်။

KHRG က မြန်မာစစ်တပ်သည် ဆက်လက်၍ ကရင်ပြည်နယ်ကို ခိုင်မာစွာ ထိန်းချုပ်နေပါက စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် အခက်အခဲများကို ဆတိုးဖြစ်ပေါ်လာမည်ဟု မှန်းဆခဲ့သည်။

အဆိုပါ အစီရင်ခံစာ၏ သုံးသပ်ချက်တွင် စိုက်ပျိုးမြေရနိုင်မှု နည်းလာခြင်း၊ Internally Displaced People (IDPs) လူဦးရေများလာခြင်း၊ ရောဂါများနှင့် စိုက်ပျိုးမှုရာသီအတွင်း အနှောင့်အယှက်ဖြစ်မှုများအပြင် မျှော်မှန်းနိုင်ခြင်း မရှိသော ရာသီဥတုအခြေအနေများသည် ဒေသတွင်းရှိရွာများတွင် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုကို ဖြစ်စေနိုင်သည်ဟု ဖော်ပြထားပါသည်။

 



--
Posted By icypress to Sensible Rumour at 11/01/2009 12:19:00 AM

0 comments:

Post a Comment