Transparency Myanmar

transparency.myanmar@gmail.com

(The Irrawaddy : 28 - 10 - 2009)

          Karen National Union (KNU) ခေါင်းဆောင်(၁၀)ဦး၏နေအိမ်များသို့ ထိုင်းလုံခြုံရေး တပ်များက ၀င်ရောက်စီးင်းခြင်း၊ မဲဆောက်မြို့တွင် အင်္ဂါနေ့ကဖြစ်ပွားခဲ့သည်။ ချင်းမြိုင်ရှိ မြန်မာနိုင်ငံရေး အတိုက်အခံရုံးများတွင်လည်း ထိုင်းလုံခြုံရေး တပ်ဖွဲ့များက လွန်ခဲ့သည့် လအတွင်းက အလားတူပြုလုပ်ခဲ့သည်။

          ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် KNU တပ်ခေါင်းဆောင် (၁၀)ဦး၏ နေအိမ်နှင့် Karen National Liberation Army (KNLA) စခန်းသို့ အင်္ဂါနေ့နံနက် ()နာရီတွင် ၀င်လာခဲ့ပါသည်။ သေဆုံးသွားပြီဖြစ်သော KNU ခေါင်းဆောင် ဗိုလ်ချုပ်ဗိုလ်မြ၏သား ဗိုလ်မှူးကြီး Ner Dah Mya (နေဒါမြ)၏ဇနီးကို ပေါက်ကွဲစေတတ်သော ပစ္စည်းများလုပ်သည့် ကိရိယာများ တွေ့ရှိမှုဖြင့် ဖမ်းသွားခဲ့သည်။

          စက်တင်ဘာ အတွင်းကလည်း ထိုင်းရဲတပ်ဖွဲ့က ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်တွင် ရှိသော မြန်မာနိုင်ငံရေး အတိုက်အခံရုံးခန်းများကို ၀င်ရောက်စီးင်းခဲ့ပါသည်။ မြန်မာ့ လူ့အခွင့်အရေး ပညာပေးရေးကျောင်း၊ မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women's Union) နှင့် အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ (National Health and Education Committee) ရုံးများလည်း ပါဝင်ခဲ့ပြီး၊ အမျိုးသမီး (၁၀)ဦးကို ဖမ်းဆီးသွားခဲ့သည်။

          ယခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ထိုင်းနိုင်ငံတွင် အခြေစိုက်သော မြန်မာနိုင်ငံရေး အဖွဲ့များအပေါ် ဖိအားပေးမှုသည် ပိုမိုများလာပါသည်။ ဘန်ကောက်မှ လာသော သတင်းအရ မြန်မာသံရုံး ၀န်ထမ်းသည် မြန်မာနိုင်ငံရေး လှုပ်ရှားသူများ၏ ဆန္ဒပြပွဲများနှင့် အခြားသောပွဲများတွင် ဓာတ်ပုံများရိုက်ယူ လျက်ရှိကြောင်း ပြောသည်။

ချင်းမိုင်တွင် ဖမ်းဆီးခဲ့စဉ်က ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံရေး အတိုက်အခံများ၏ ရုံးခန်းများ တည်နေရာကို အသေးစိတ် အချက်အလက်များ၊ မြေပုံနှင့်ဓာတ်ပုံများဖြင့် ရောက်ရှိလာ ကြောင်း သိရပါသည်။ ဘန်ကောက်ရှိ မြန်မာစစ်သံမှူးမှ ထိုင်းလုံခြုံရေး အရာရှိများကို မြန်မာနိုင်ငံရေး အတိုက်အခံအဖွဲ့များအား ဒုက္ခပေးရန် တောင်းခံခဲ့ခြင်း ဖြစ်မည်ဟု ချင်းမိုင်တွင် အခြေစိုက်သော မြန်မာနိုင်ငံရေးရာ ဝေဖန်သုံးသပ်သူ ၀င်းမင်းကပြောခဲ့သည်။ သို့သော် လေ့လာသူများက မဲဆောက်တွင် ပြုလုပ်ခဲ့သော စီးင်းမှုများသည် (၂၀၀၉) ခုနှစ်၊ ဖေဖေါ်ဝါရီက ထုတ်ပြန်ခဲ့သည့် တရားဝင်မဟုတ်သော အမိန့်ကို ပြန်လည်ကျင့်သုံးခြင်း ဖြစ်ပါကြောင်း အဆိုပါအမိန့်တွင် KNU စစ်ခေါင်းဆောင်များသည် ထိုင်းပိုင်နက်မြေအတွင်းမှတဆင့် မြန်မာအစိုးရကို ဆန့်ကျင်မှုများပြုလုပ်ပါက ထိုင်းနိုင်ငံအတွင်းမှ နှင်ထုတ်ခြင်း ခံရမည်ဟု ထုတ်ပြန်ထားပါသည်။

          ထိုအချိန်မှစ၍ ထိုင်းစစ်တပ် အာဏာပိုင်များသည် ပိုမိုဖိအားပေး လုပ်ဆောင်ခဲ့ပါသည်။ KNU ခေါင်းဆောင်များကိုလည်း မဲဆောက်သို့ လာလိုလျှင် ခွင့်ပြုချက်ရယူရန် ပြောခဲ့သည်။

          ပြည်ပရှိ Network for Democracy and Development မှ သုတေသနပြုလုပ်သူ ဌေးအောင်က KNU သည် မြန်မာအာဏာရှင်များနှင့် ငြိမ်းချမ်းရေး မည်သည့်အခါတွင်မှ ယူမည် မဟုတ်သော အင်အားအကြီးဆုံးသော လူမျိုးစုအဖွဲ့ဖြစ်ကြောင်း ပြောခဲ့သည်။ မြန်မာအစိုးရသည် KNU ကို အင်အားရှိသော အတိုက်အခံအဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားသောကြောင့် KNU ကို အပြတ်ရှင်းမည်သာ ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

          ယခင်က မြန်မာစစ်အစိုးရသည် KNU နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတပ် (Shan State Army - South - S.S.A South) တို့ကို ငြိမ်းချမ်းရေးအတွက် လက်နက်စွန့်လွှတ်ရေးအတွက် ထိုင်းစစ်တပ်က တိုက်တွန်းပေးရန် တောင်းဆိုခဲ့ဖူးပါသည်။

          အပြန်အလှန်အားဖြင့် (၁၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထိုင်းဝန်ကြီး Abhist Vejjajiva အား မြန်မာနိုင်ငံသည် မြန်မာနယ်မြေအတွင်းမှ ထိုင်းနိုင်ငံကို တိုက်ခိုက်ခြင်းမျိုးကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောခဲ့သည်။

          www.manager.co.th ၀က်ဆိုဒ်တွင်ပါသော ဆောင်းပါးတစ်ခုအရ၊ မြန်မာအစိုးရသည် KNU, Karen National Progessive Party (KNPP) and the Shan State Army South    (SSA-S) တို့ကို (၂၀၁၀) ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီအပြီးသတ်ချေမှုန်းလိမ့်မည် ဖြစ်ကြောင်းဖေါ်ပြထားသည်။ အဆိုပါ သတင်းဖေါ်ပြချက်တွင် မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကို လူမျိုးစု လက်နက်ကိုင်များကို ရှင်းလင်းပစ်ရန် ညွှန်ကြားထားကြောင်း ဖေါ်ပြထားသည်။

          KNLA မှ ဗိုလ်မှူးကြီး Ner Dah Mya သည် စီစဉ်ထားသော စစ်ဆင်ရေး၏အဓိကပစ်မှတ် ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။ လောလောဆယ်တွင် မြန်မာနိုင်ငံရေးအတိုက်အခံအပေါ် ဖိအားပေးမှုသည် ထိုင်း-မြန်မာနယ်စပ်တွင် ပိုမိုများလာဖွယ်သာရှိကြောင်း မျှော်လင့်ထားကြသည်။



--
Posted By icypress to Sensible Rumour at 11/01/2009 01:26:00 AM

0 comments:

Post a Comment