Transparency Myanmar

transparency.myanmar@gmail.com

23rd Oct, 09

Chow Chung-Yan/ Yunan

ငြိမ်းချမ်းရေး ပျက်ပြားသွားခဲ့သော မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာ နယ်ခြားဒေသတွင် မြန်မာစစ်တပ်များ၏ တိုက်ထုတ်ခြင်းခံခဲ့ရသော ကိုးကန့် တပ်ဖွဲ့များသည် ယခုအခါ ပြန်လည်စည်းရုံး ဖွဲ့စည်းလျက် ရှိပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု တရုတ်နိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။

၃၄ ဦးသေဆုံး၍ စစ်ပြေးဒုက္ခသည်ပေါင်း သောင်းကျော် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးသွားစေခဲ့သော အစိုးရစစ်တပ်များနှင့် ကိုးကန့်တပ်ဖွဲ့တို့၏ တိုက်ပွဲဖြစ်ပွားပြီး လခန့်အကြာတွင် အဆိုပါ နယ်ခြားတောင်တန်းဒေသတွင် တင်းမာမှုများ ပြန်လည် ဖြစ်ပေါ်နေသည်ဟု သိရှိရသည်။

သီတင်းပတ် အနည်းငယ်အကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဘုရင် ဖုန်ကြားရှင် ဆယ်စုနှစ် စုမျှ စိုးမိုးထားခဲ့သော ကြီးမားသည့် ကိုးကန့်အုပ်ချုပ်ရေးဒေသကို မြန်မာအစိုးရတပ်ဖွဲ့များက သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အင်အားကြီး မူးယစ်ရာဇာများအနက်မှ တစ်ဦးအဖြစ် အမေရိကန်ပြည်ထောင်စု အစိုးရဌာနမှ သတ်မှတ်ထားခြင်းခံရသူ ဖုန်ကြားရှင်သည် တပ်မတော်အစိုးရနှင့် တစ်ချိန်တစ်ခါက ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သူ ဖြစ်ပြီး ယခုအချိန်တွင်မူ တိုက်ပွဲရှုံးနိမ့်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူ ဖြစ်သည်။

လက်ရှိတွင် ဖုန် သည် ရှမ်းပြည်နယ်ရှိ အခြားလူမျိုးစု တပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ပူးပေါင်းရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိပြီး ပြန်လည်တိုက်ခိုက်ရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသူ ၎င်း၏ လက်ထောက်တစ်ဦးက ပြောကြားသည်။

Myanmar National Democratic Alliance Army ဟု အမည်တွင်သည့် ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်သည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း အထူးဒေသတွင် ပုန်းအောင်းနေသည်ဟု ဆိုပါသည်။ ဖုန်ကြားရှင်သည် နှင့် သွေးသောက်မဟာမိတ်ဖွဲ့ရန် အသေအချာ စီစဉ်၍ ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်နေပြီး ကိုးကန့်ဒေသကို ပြန်လည်ရယူမည့် ၎င်း၏ အစီအစဉ်တွင် ပါဝင်ကူညီရန် စည်းရုံးနေခြင်း ဖြစ်သည်။

ကိုးကန့်လူမျိုးများနှင့်မတူ ခြားနားစွာပင် လူမျိုးများသည် ၎င်းတို့၏ စည်းလုံးမှုနှင့် မာကြောမှုများနှင့် ပတ်သက်၍ နာမည်ကျော်ကြားသူများ ဖြစ်သည်။ တို့သည် မွေးရာပါ တိုက်ခိုက်ရေးသမားများ ဖြစ်ပြီး မြန်မာအစိုးရ စစ်တပ်အတွက် အလွန်ခွဲရခက်သည့် သစ်စေ့တစ်ခု ဖြစ်ကြောင်း သက်သေပြပါလိမ့်မည်။

ဖုန်ကြားရှင်သည် ၎င်းတို့အား စည်းရုံးနိုင်ခဲ့ပြီဖြစ်၍ ယခုအခါ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေပါသည်။ ၎င်းတို့သည် အချိန်ကိုက်စောင့်ကြခြင်း ဖြစ်ပြီး မကြာမီလာမည်ဟု ဆိုပါသည်။

ဖုန် က ၎င်း၏ မဟာမိတ်များနှင့် တွေ့ဆုံ မေတ္တာရပ်ခံပြီးနောက် ဆက်လက်၍ နှင့် အခြားလူမျိုးစု တပ်ဖွဲ့ခေါင်းဆောင်များအား မကြာမီ မြန်မာစစ်တပ်က မိမိတို့အားလုံးကို တိုက်ခိုက် တော့မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

ပြီးခဲ့သော ဩဂုတ်လက ဖြစ်ပွားခဲ့သည့် လောက်ကိုင် ထိုးစစ်သည် သီးသန့် ကိစ္စတစ်ခု မဟုတ်ကြောင်း၊ ဒေသတွင်းရှိ လက်နက်ကိုင် လူမျိုးစု တပ်ဖွဲ့များကို ချေမှုန်းဖယ်ရှား၍ တပ်မတော်က စုစည်းအုပ်ချုပ်သော နိုင်ငံထူထောင်မည့် မြန်မာအစိုးရ၏ ပထမဆုံး ခြေလှမ်းဖြစ်သည်ဟု ဖုန် က ပြောကြားခဲ့သည်ဟု အဆိုပါ ကိုးကန့်အရာရှိက ပြောသည်။

ကိုးကန့်ဒေသကဲ့သို့ပင် ဒေသကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် မျှော်မှန်းထားပါသည်။ ဒေသတွင် လူဦးရေ သိန်းခန့် နေထိုင်ပြီး မြန်မာနိုင်ငံ အရှေ့မြောက်ဒေသရှိ အလွန်တောင့်တင်းသော လူမျိုးစု အုပ်စုဖြစ်သည်။ တပ်ဖွဲ့ဝင် နှစ်သောင်းကျော်ရှိသည့် တောင့်တင်းသော စစ်တပ်(UWSA) သည် ဒေသတွင်း ကျယ်ပြန့်စွာ လေးစားခြင်းခံခဲ့ရသည့်  လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

နှင့် ကိုးကန့်လူမျိုးများသည် သမိုင်းကြောင်းအရ များစွာ ဆက်နွယ်ပတ်သက်နေသည်။ နှစ်ဖွဲ့စလုံးသည် မြန်မာလက်အောက်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တိုက်ပွဲဝင်နေသူများဖြစ်ပြီး မဝေးလှသော အတိတ်က ဗမာပြည်ကွန်မြူနစ်ပါတီကို အားပေးထောက်ခံခဲ့သူများ ဖြစ်သည်။ ၎င်းတို့သည် ယဉ်ကျေးမှုအရ သော်လည်းကောင်း ရိုးရာဓလေ့အရ သော်လည်းကောင်း တရုတ်နိုင်ငံနှင့် လွန်စွာ ရင်းနှီးသူများ ဖြစ်ပါသည်။ နှင့်ကိုးကန့်သည် တရုတ်နိုင်ငံ၏ တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၅၅ စုတွင် ပါဝင်ပြီး ယူနန်ပြည်နယ် တောင်ပိုင်းတွင် နေထိုင်ကြကာ အချို့ လူမျိုးမှာ ဂွမ်ဇီပြည်နယ်တွင် နေထိုင်ကြပါသည်။

ရှမ်းပြည်နယ်တွင် တပ်မတော်အစိုးရအား လူကြိုက်နည်းခြင်းသည်လည်း ဖုန်ကြားရှင်ကို နောက်ထပ် အလေးသာစေသည့် အချက်ဖြစ်သည်ဟု ဒေသတွင်း အခြေအနေကို ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပေးသည်။

ကိုးကန့်ဒေသရှိ ပြည်သူအများစုက လက်ရှိဒေသတွင်း တပ်စွဲထားသော အစိုးရတပ်ဖွဲ့များကို ကျူးကျော်သူများအဖြစ် သတ်မှတ်ထားပါသည်။

ကိုးကန့်နယ်မြေရှိ မဟာဗျူဟာအရ အရေးပါသော နေရာအားလုံးကို မြန်မာစစ်တပ်က သိမ်းပိုက်ထားသော်လည်း ၎င်းတို့သည် ဒေသခံများ၏ ထောက်ခံအားပေးမှုကိုမူ မရရှိကြောင်း ဒေသသတင်းများအရ သိရှိရသည်။ ၎င်းအပြင် မြန်မာစစ်တပ်သည် ၎င်းတို့လိုအပ်သော ရိက္ခာအထောက်အပံ့များကို ဒေသတွင်းမှ ရယူနိုင်ခြင်းမရှိဘဲ ဒေသခံများက စားနပ်ရိက္ခာများ ပေးကမ်းရန်ဖြစ်စေ၊ ရောင်းချရန်ဖြစ်စေ ငြင်းဆန်ကြသည်ဟု ဆိုသည်။ သို့ဖြစ်၍ တပ်မှူးများက ဒေသခံရွာများမှ သားငါးရိက္ခာများ အဓမ္မသိမ်းပိုက်ခြင်းကို ခွင့်ပြုထားသဖြင့် မြန်မာစစ်တပ်မှာ စည်းမဲ့ကမ်းမဲ့ ဖြစ်နေသည်ဟု သိရသည်။ လစဉ်လတိုင်း၏ ၁၆ ရက်နေ့ကို စစ်တပ်အတွက် ရိက္ခာသိမ်းယူသော နေ့အဖြစ် သတ်မှတ်ထားပြီး ထိုနေ့တွင် စစ်သားများက ရိက္ခာကို အလကားသိမ်းယူကြပြီး အပြစ်ပေးခံရခြင်း မရှိပါ။

ကိုးကန့်ဒေသတွင် အသားကျနေထိုင်သူ ဖုန် လက်ထောက်ဟောင်းက ဖုန်ကြားရှင်၏ အုပ်ချုပ်ရေးမှာ အာဏာရှင်စနစ်သာ ဖြစ်သည်။ ဒေသခံပြည်သူအများစုမှာ ဖုန်ကြားရှင်၏ အုပ်ချုပ်မှုကို ပိုမိုလိုလားကြပြီး "လမ်းများကို သန့်ရှင်းနေပါစေ" ဟူသော စကားကို ဖုန် က အမြဲပြောလေ့ရှိသည်ဟု ဆိုပါသည်။

သူခိုးများနှင့် ပတ်သက်၍ ဖုန် ဖြေရှင်းပုံနည်းလမ်းမှာ ရိုးစင်းပါသည်။ ဖမ်းမိသော သူခိုးကို ဂုံနီအိတ်ထဲ ထည့်၍ ရိုက်နှက်အပြစ်ပေးပြီး တောင်စောင်းတလျှောက် လှမ့်ချလိုက်ခြင်း ဖြစ်သည်။ အဆိုပါနည်းဖြင့် ဖြေရှင်းခဲ့ရာ ဒေသတွင် သူခိုးများ နည်းပါးသွားသည်ဟု သိရသည်။

လက်နက်ကိုင် လူမျိုးစု တပ်ဖွဲ့များသည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် အောက်တွင် အနှစ် ၂ဝ မျှ နေထိုင်လှုပ်ရှားခဲ့ကြသည်။ ပြီးခဲ့သော ဩဂုတ်လကမူ မြန်မာအစိုးရသည် ၎င်းတို့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သူ၊ နိုင်ငံခြား အာဏာပိုင် အဖွဲ့အစည်းများ၏ ခရီးစဉ်တို့တွင် ပွဲထုတ်ခံရလေ့ရှိသူ ဖုန်ကြားရှင်အား တိုက်ခိုက်နှိမ်နင်းခဲ့ပါသည်။

ယခုကဲ့သို့ ဦးစားပေးခံရသော အနေအထားမှ ဖုန် ဘေးသို့ ရောက်သွားရခြင်း၏ အကြောင်းရင်းကိုမူ ရှင်းလင်းစွာ မသိရသေးပါ။ မြန်မာပြည်မြောက်ပိုင်းကို တရုတ်နိုင်ငံက ဝင်ရောက် လွှမ်းမိုးလာမှုနှင့် ပတ်သက်သော မြန်မာအစိုးရ၏ စိုးရွံ့မှုသံသယများကြောင့် ယခုကိစ္စများ ဖြစ်ပွားခဲ့သည်ဟု အနောက်တိုင်း လေ့လာသူများက သုံးသပ်သော်လည်း ဒေသခံ တရုတ်နိုင်ငံရေး အကြံပေးများကမူ ဤကဲ့သို့ မဖြစ်နိုင်ဟု ဆိုပါသည်။ မြန်မာအစိုးရသည် ဒေသခံ စစ်ဘုရင်များကို နှိမ်နင်း၍ တိုင်းပြည်ကို ပြန်လည်စုစည်းလိုခြင်းသာ ဖြစ်ကြောင်း တရုတ်အကြံပေးများက မှတ်ချက်ပေးပါသည်။

မြန်မာအစိုးရသည် ယခင်က ဤသို့ မလုပ်ခဲ့ဖူးပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်က မည်သို့ ပြန်လည်တုန့်ပြန်မည်ကို အသေအချာ မသိနိုင်သောကြောင့်ဖြစ်သည်။ လက်ရှိအချိန်တွင်မူ ၎င်းတို့သည် ဘေဂျင်းနှင့် ဆက်ဆံရေး ကောင်းမွန်နေပြီး သေချာနေသောကြောင့် စစ်ဘုရင်များကို စတင်တိုက်ခိုက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးပြီး ဘေဂျင်းသည် မြန်မာနိုင်ငံကို သံတမန်နည်းအရ ကျားကန်ပေးသူ အနည်းငယ်အနက်မှ တစ်ဦးဖြစ်သည်။ မြန်မာအစိုးရအပေါ် အနောက်နိုင်ငံများ၏ ဖိအားပေး အရေးယူမှုများကို ကာကွယ်ပေးလေ့ရှိသော၊ စီးပွားရေးအကူအညီများ ထောက်ပံ့လေ့ရှိသော နိုင်ငံလည်း ဖြစ်ပါသည်။

အပြန်အလှန်အားဖြင့် ဘေဂျင်းသည် မြန်မာနိုင်ငံကို ဖြတ်၍ ကီလိုမီတာ ၁၁ဝဝ ရှည်သော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကို သွယ်တန်းရန် စီစဉ်နေပြီး ထိုပိုက်လိုင်းမှ တဆင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံများကို တရုတ်ပြည်တွင်းသို့ သယ်ယူမည်ဖြစ်ပါသည်။ အဆိုပါ ရေနံပိုက်လိုင်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်ဖူလုံရေးအတွက် သေရေးရှင်ရေးတမျှ အရေးပါပြီး တောင်တရုတ် ပင်လယ်တွင် ပဋိပက္ခများ ဖြစ်ပွားလာပါက ဘေဂျင်းသို့ ရေနံအဆက်မပြတ် တင်သွင်းပေးမည့် လိုင်းသစ်တစ်ခု ဖြစ်ပါသည်။

ဤမျှတင်မကသေးပါ။ ဘေဂျင်းသည် မြန်မာပြည်ကို ဖြတ်၍ ရထားလမ်းများ၊ အဝေးပြေးလမ်းများ ဖောက်လုပ်ရန် စီမံကိန်းဆွဲနေပြီး အိန္ဒိယသမုဒ္ဒရာအထိ ၎င်း၏ လက်တံကို ဆန့်ထုတ်မည်ဖြစ်သည်။ အကြံကြီးလွန်းသော ဘေဂျင်းဖြစ်သည်ဟု မြန်မာပြည်သူများက ကောက်ချက်ချပါသည်။

မြန်မာပြည် မြောက်ပိုင်းမှ စစ်ဘုရင်များသည် ၎င်းတို့၏ တပ်ဖွဲ့ ရန်ပုံငွေအတွက် မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်မှုအပေါ် မှီခိုအားထားလျက် ရှိကာ တရုတ်နိုင်ငံမှာလည်း ကြီးထွားလာသော မူးယစ်ဆေးဝါး စီးပွားရေး၏ သားကောင်ဖြစ်လာနေပါသည်။

နယ်ခြားဒေသ မတည်ငြိမ်မှုနှင့်အတူ စစ်ပြေးဒုက္ခသည်များ ယူနန်ပြည်နယ်အတွင်းသို့ ဝင်ပြေး လာနိုင်ဖွယ်ရှိသောကြောင့် ရှမ်းပြည်နယ်တွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို တရုတ်က မလိုလားပါ။ သို့ဖြစ်၍ အလွန်အရေးကြီးလှသော မြန်မာအစိုးရနှင့် လူမျိုးစုများကြား ဆက်ဆံရေးကို ပျက်ပြားသွားစေမည့် ကိစ္စများကို တရုတ်နိုင်ငံက စွန့်စွန့်စားစားခွင့်ပြုမည် မဟုတ်ပါဟု ကိုးကန့်အရာရှိဟောင်းက သုံးသပ်တင်ပြခဲ့ပါသည်။



--
Posted By icypress to Sensible Rumour at 11/01/2009 01:50:00 AM

0 comments:

Post a Comment