Transparency Myanmar

transparency.myanmar@gmail.com

Mizzima, 28th Oct, 09

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ရန် ပြင်ဆင်နေသော နိုင်ငံရေးသမားများက မဲပေးမှုများ မလုပ်မီကာလအတွင်း မီဒီယာလွတ်လပ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက Mizzima သတင်းဌာနသို့ ပြောကြားရာတွင် ကျွန်တော်တို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို ပြည်တွင်းမီဒီယာများမှာ ဖော်ပြခွင့် မပြုတော့ကြောင်း ယခုအခါ ရွေးကောက်ပွဲ ကျင်းပချိန် နီးကပ်လာပြီ ဖြစ်၍ ကျွန်တော်တို့၏ ထင်မြင် ယူဆချက်များကို ပြည်သူတို့ သိအောင် လုပ်ရန်မှာ အလွန်ပင် နောက်ကျနေပြီ  ဖြစ်ကြောင်းလည်း ပြောသည်။

United Democratic Front မှ ဥက္ကဋ္ဌ ဦးရွှေအုန်းကလည်း ပါတီ၏ ရပ်တည်မှုနှင့် သဘောထား အမြင်များကို ထုတ်ပြန်ကြေညာရန်အတွက် မီဒီယာကို အလွန်လိုအပ်ကြောင်း ပြောခဲ့သည်။ အဆိုပါ ပါတီကို ၂၀၀၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ကြေညာစာတမ်း ထုတ်ခြင်းသည် မိမိတို့ ပတ်ဝန်းကျင်တွင် ရှိသော သူများထံသို့သာ ရောက်ရှိသည့်အတွက် ထိရောက်မှု မရှိကြောင်း၊ မီဒီယာမှတဆင့် ပြောခြင်းသည် ပိုမိုထိရောက်ကြောင်း၊ သို့သော် ခွင့်မပြုကြောင်း ဦးအုန်းရွှေက ပြောကြားသွားသည်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့သည် ရန်ကုန်တိုင်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က "၂၀၁၀ ခုနှစ် မြန်မာနိုင်ငံရေးသုံးသပ်ချက်" ပို့ချချက် အစည်းအဝေးကို ကျင်းပခဲ့ရာ ပြည်ပနှင့် ပြည်တွင်းမီဒီယာများမှ သတင်းထောက် ၃ဝ ဦးခန့် တက်ရောက်ခဲ့သည်။ သို့သော် အဆိုပါသတင်းကို ထုတ်ပြန်ခွင့်မပြုခဲ့ပေ။

မြန်မာနိုင်ငံတွင် လူ ဦးထက် ပိုမို၍ စုဝေးခြင်း မပြုရန် ဥပဒေပြဋ္ဌာန်းထားခြင်း ရှိ၍လည်း ပါတီနိုင်ငံရေး လှုပ်ရှားမှုများကို ထိခိုက်စေကြောင်း ဦးသုဝေက ပြောသည်။ လူစုလူဝေးကို ကန့်သတ်ထားသောကြောင့် အဆိုပါ အစည်းအဝေးများကို မွေးနေ့ပါတီနှင့် ဆွမ်းကျွေး အခမ်းအနားများအဖြစ် အသွင်ယူ ကျင်းပရကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နိုင်ငံရေးပါတီများ ကန့်သတ်ခြင်းကို ရွေးကောက်ပွဲကော်မရှင် ဥပဒေဖြင့် ထိန်းချုပ်ထားပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုမူ ပြဋ္ဌာန်းထုတ်ပြန်ရန် ကျန်ရှိနေသေးပါသည်။

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများကို မဲဆန္ဒနယ်များကြေညာပြီးနောက် တစ်နှစ်အတွင်း ပြဋ္ဌာန်း၍ လူသိစေခဲ့သည်။

၁၉၉၀ ခုနှစ်တွင် ဒီမိုကရေစီပါတီ အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဦးသုဝေက ယခု မီဒီယာတင်းကြပ်မှုသည် ၁၉၉၀ ခုနှစ်ကထက်ဆိုးကြောင်း ပြောသည်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဥပဒေများ တရားဝင် ပြဋ္ဌာန်းခြင်းမရှိသေးကြောင်း ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆင်ဆာပြုလုပ်ခြင်းသည် ပြတ်သားမှုမရှိကြောင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသူများ၊ အစိုးရဝန်ထမ်းများထံမှလည်း တင်ပြချက်များကို သိရန်လိုကြောင်းလည်း ပြောသည်။ သူတို့သည် လက်တွေ့လုပ်ဆောင်သူများ ဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့သည် လူထုကို လိမ်ညာခြင်း မပြုလုပ်နိုင်သလို လူထုကလည်း သူတို့ကို စောင့်ကြည့်ခြင်းများ ပြုလုပ်နိုင်ပေမည်။

သူ၏ အင်တာနက် ဝက်ဘ်စာမျက်နှာပေါ်တွင် စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးထံသို့ မနေ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါသည်။ အဆိုပါစာတွင် ပြည်ပတွင်ရှိသော မြန်မာမီဒီယာများနှင့် ပြည်တွင်းမီဒီယာများ၏ အားနည်းမှုများကို အကြံပြုတင်ပြထားကြောင်း သိရသည်။

နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများကို ပြည်သူတို့က ပိုင်ဆိုင်ကြသည်၊ သူတို့သည် လူထုရှေ့မှောက်တွင် ပွင့်လင်းကြရသည်၊ သို့မှသာ သူတို့ကို မကြိုက်ပါက လူထုက ကန့်ကွက်နိုင်သည်။ ပြည်ပရောက် မီဒီယာများသည် ဘက်လိုက်ခြင်း မပြုလုပ်ရန် လိုသည်။ အတိုက်အခံများကိုသာ ဘက်လိုက်၍ ဖော်ပြခြင်းမျိုး မလုပ်သင့်ကြောင်း ဖော်ပြထားသည်။

ပြည်တွင်း မီဒီယာများနှင့် ပတ်သက်၍လည်း ၎င်းတို့သည် အချက်အလက်များနှင့် ကိန်းဂဏန်းများကိုသာ ဖော်ပြ၍ လူထုအတွက် ပျင်းစရာဖြစ်ပြီး စိတ်ဝင်စားခြင်းလည်း မရှိတော့ကြောင်း ပြောသည်။

 

 

 



--
Posted By icypress to Sensible Rumour at 11/01/2009 12:23:00 AM

0 comments:

Post a Comment