Transparency Myanmar
transparency.myanmar@gmail.com
By Willian Boot
21 -  Oct - 2009, Irrawaddy
          အာဆီယံနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုများပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုအား တိုက်တွန်းထားသည့် ထင်ရှားသော ၀ါရှင်တန်လွှတ်တော်အမတ် တစ်ဦး၏ အဆိုပြုချက်များသည် သမ္မတ ဘာရက်အိုဘားမားကို အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပိုမိုပြုလုပ်လာစေရန် ရွှေ့လိုက်သောနိုင်ငံရေးအတွက်တစ်ခုသာဖြစ်သည်။
          အဆိုပါ ဆီနိတ်တာ Richard Lugar သည် ၂၀၀၆ ခုနှစ်က အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ခန့်ထားရန် သမ္မတဂျော့ဒဗလျူဘွတ်ရှ်အား တွန်းအားပေးသည့် ဥပဒေများ ပြဌါန်းရေး အတွက် ၀ါရှင်တန်လွှတ်တော်တွင် ဆောင်ရွက်ခဲ့သူဖြစ်သည်။
          သမ္မတဘွတ်ရှ်သည် အမေရိကန်နိုင်ငံခြားရေးဌာနမှ သံတမန်အရာရှိ Scot Marcial အား အရှေ့အာရှနှင့် ပစ္စဖိတ်ဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးခဲ့သော်လည်း နောက်ထပ်ပြောင်းလဲတိုးတက်မှုများ မရှိခဲ့ပါ။
          ဘွတ်ရှ်၏ သမ္မတ သက်တမ်း နှစ်အတွင်း လျစ်လျူရှုထားခဲ့သော အာဆီယံသည် ကနေဒါ၊ မက္ကဆီကို၊ တရုတ်၊ ဥရောပသမဂ္ဂတို့၏ နောက်တွင် အမေရိကန်၏ ပဉ္ဇမမြောက် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည်။
          ၂၀၀၈ ခုနှစ်က အမေရိကန်မှ အာဆီယံသို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၈. ဘီလျံရှိခဲ့ပြီး၊ ၎င်းပမာဏသည် တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုးနှင့်တူညီပြီး အိန္ဒိယသို့ ပို့ကုန်တန်ဖိုး ထက် ပိုများပါသည်။
          အထက်ပါစာရင်းဇယားများကို သက်တမ်း ၂၀ ရှိ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်း US-Asean Business Council မှ ရရှိပါသည်။
          အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီတွင် သြဇာ ကြီးမားသည့် ရီပတ်ဗလီကန်ပါတီခေါင်းဆောင် 'Lugar' အား စိုးရိမ်ပူပန်စေခဲ့သောအကြောင်းမှာ ဘွတ်ရှ်အစိုးရသက်တမ်းအတွင်း အာဆီယံနိုင်ငံများအပေါ် တရုတ်နိုင်ငံ၏စီးပွားရေးအရ လွှမ်းမိုးမှု အလွန်အမင်းကြီးထွားလာခြင်းပင်ဖြစ်သည်။
          အရှေ့တောင်အာရှဒေသတွင် တရုတ်နိုင်ငံ၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ၂၀၀၃ မှ ၂၀၀၈ ခုနှစ်အတွင်း အဆ ၂၀ မျှ ကြီးထွားလာပြီး ဒေါ်လာ ၂၀၀ ဘီလျံသို့ ရောက်ရှိခဲ့၍ အမေရိကန်၏ကုန်သွယ်မှုတန်ဖိုးနှင့် တန်းတူလိုက်လာခဲ့ပြီဖြစ်သည်။
          အထက်ပါအနေအထားသည် တရုတ်-အာဆီယံ ကုန်သွယ်ရေးဆိုင်ရာသာ တူညီမျှရေး သဘောတူညီချက်များကို အပြည့်အ၀ အကောင်အထည် မဖေါ်ရသေးခင် အခြေအနေဖြစ်ပြီး၊ ၂၀၁၀ တွင် စတင်နိုင်မည်ဟု မျှော်မှန်းထားကြသည်။ အဆိုပါ စာချုပ်သည် တရုတ်နိုင်ငံက လက်မှတ်ရေးထိုးသည့် ပထမဆုံးလွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ဖြစ်၍ ကုန်သွယ်ရေး၊ ၀န်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှ့မှုကဏ္ဍများ ပါဝင်လိမ့်မည်ဟု Xinbua သတင်းများအရ သိရှိရသည်။
          အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်သည် အရှေ့တောင်အာရှဒေသတွင် အမေရိကန်၏ ရပ်တည်မှုအားဆိုးကျိုးများ သက်ရောက်စေလိမ့်မည်ဖြစ်၍ 'Lugar' က စိုးရိမ်ပူပန်နေခြင်းဖြစ် သည်။ သို့ရာတွင် များစွာသော နိုင်ငံရေးသုတေသီများကမူ အာရှဒေသရှိ အမေရိကန်၏ အနေအထားသည် "ဘွတ်ရှ်" သက်တမ်းအတွင်း ကျဆုံးသွားခဲ့ပြီဟု ရှုမြင်သုံးသပ်ထားပါသည်။
          လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က မည်သူမျှမတွေးဆနိုင်ခဲ့သော တရုတ်နိုင်ငံ၏ အရှေ့ တောင်အာရှဒေသသို့ ချွတ်နင်းဝင်ရောက်လာမှုကို ဥပမာ ခု တင်ပြပါမည်။ ပထမအချက်မှာ "ဘီဂျင်း"သည် အိန္ဒိယသမုဒ္ဒရာကို မျက်နှာပြုထားသည့် မဟာဗျူဟာမြောက် သော့ချက်ဆိပ်ကမ်း တစ်ခုကို မြန်မာကမ်းရိုးတန်းတွင်တည်ဆောက်ပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ သင်္ဘောဖြင့် သယ်ယူလာသော ရေနံများကို ၎င်းဆိပ်ကမ်းနှင့် ဆက်သွယ်ထားသော ရေနံပိုက်လိုင်းများ မှတဆင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်းသို့ ပို့ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ဒုတိယ တစ်ချက်မှာ မဟာဗျူဟာမြောက် ကျွန်းနိုင်ငံ စင်ကာပူသည် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံမှုများ တိုးပွားလာခြင်းကြောင့် ၎င်းတို့၏ကျောင်းများတွင် "မန်ဒရင်"ဘာသာကို အင်္ဂလိပ် ဘာသာနည်းတူ သင်ကြားရန် အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
          ဘီဂျင်းက ခန့်ထားခဲ့သော အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး 'Xue Hanqin' က မဲခေါင်မြစ်ဝှမ်းဖွံ့ဖြိုးရေးစီမံကိန်းဝင် အာဆီယံငါးနိုင်ငံနှင့် စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်စီမံကိန်းများကို လတ်တလောရှင်းလင်းပြောကြားခဲ့ပါသည်။
          သြဂုတ်လတွင် လက်မှတ်ရေးထိုးခဲ့သော အာဆီယံတရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘော တူညီချက်အရ လာမည့် နှစ်အတွင်း ဖက် ရင်းနှီးမြှုပ်နှံမှုများ ၄၀-၆၀ ရာခိုင်နှုန်းခန့် တိုးပွား လာမည်ဟု ထိုင်းကုန်သွယ်ရေးဝန်ကြီး Porntiva Nakasai က အာဆီယံကိုယ်စား လက်မှတ်ရေး ထိုးခဲ့စဉ်က ပြောကြားပါသည်။
          ချို့ငဲ့၍ မဖွံ့ဖြိုးသေးသော အဖွဲ့ဝင်နိုင်ငံများ (အာဆီယံအဖွဲ့၏ထက်ဝက်) သို့ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် လှိမ့်ဝင်လာမည်ဖြစ်သည်။
          အမေရိကန်ပြည်ထောင်စုသည် စင်ကာပူနိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (FTA) လက်မှတ်ရေးထိုးထားပြီး မလေးရှားနှင့်ဆွေးနွေးဆဲဖြစ်၍ ၂၀၀၆ ခုနှစ်က ထိုင်း ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝမ်ထရာအား စစ်တပ်က အာဏာသိမ်းလိုက်သော ကြောင့် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းမှုများ ရုတ်တရက်ရပ်ဆိုင်းသွားခဲ့ပါသည်။ အမေရိကန်သည် အာဆီယံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဖွဲ့စည်းမှုဆိုင်ရာ သဘောတူညီချက် (TIFA) ကို ယခင်နှစ်က လက်မှတ်ရေးထိုးခဲ့ပြီး အပြည့်အ၀လွတ်လပ်စွာကုန်သွယ်ရေး၏ ရှေ့ပြေးအစီအစဉ် အဖြစ် ရှုမြင်ကြပါသည်။
          Lugar က FTA သဘောတူချက်ရရှိရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် အာဆီယံနိုင်ငံ များ၏စီးပွားရေးဖွံ့ဖြိုးမှု၊ ဈေးကွက်ပွင့်လင်းမှုများတွင် အဆင့်အတန်းများ ကွဲပြားကွာဟနေသော ရှိရင်းစွဲ အနေအထားများကြောင့် ရှုပ်ထွေးမှုများ၊ စိမ်ခေါ်မှုများ တွေ့ကြုံရနိုင်သည်ဟု ၎င်း၏ အဆိုပြုလွှာတွင် ၀န်ခံဖေါ်ပြထားသည်။
          ဥရောပသမဂ္ဂကမူ အာဆီယံနှင့် FTA ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၀၇ ခုနှစ် မေလ က စတင်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများကြားတွင် စီးပွားရေးဖွံ့ဖြိုးမှု အဆင့်အတန်းများ လွန်မင်းစွာ ကွာဟနေမှုကြောင့် အတားအဆီး၊ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ဥရောပသည် စီးပွားရေးပိတ်ပင်မှုများ ချမှတ်ခံထားရသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍လည်း ပြဿနာများရှိနေပါသည်။
          မည်သို့ပင် အခက်အခဲများရှိနေစေကာမူ ၀ါရှင်တန်သည် အာဆီယံနှင့် ညှိနှိုင်းဆွေးနွေး ရေးကို ဦးတည်သည့် ကျယ်ပြန့်သော မဟာဗျူဟာချမှတ်၍ တိုးတက်မှုရရှိအောင် ကြိုးစားသင့် သည်ဟု 'Lugar' ကဆိုပါသည်။
          အမေရိကန်ပြည်ထောင်စုအနေနှင့် မူဝါဒသစ်ကို အကောင်အထည်ဖေါ်ရန် အမှန်တကယ် စိတ်ဝင်စားပါက နိုဝင်ဘာ ၁၈-၂၂ တွင် စင်္ကာပူ၌ ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံ၏အရံ ဆွေးနွေးပွဲများတွင်ညှိနှိုင်းမှုများ ပြုလုပ်ရန် အခွင့်အရေးများ သေချာပေါက် ရရှိမည်ဟု လေ့လာသူ များက ထင်မြင်ချက်ပေးထားပါသည်။
          အာဆီယံညီလာခံသို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Susan Schwab တက်ရောက်မည်ဟု မျှော်လင့်ရပါသည်။ သူမသည် ရှေ့ဆက်ရန်ကြိုးစားရုန်းကန်နေရသည့် TIFA ကို အားသစ်လောင်းပေးနိုင်လိမ့်မည်ဟု Institute of Policy Studies in Singapore ဥက္ကဌ Tommy Koh က ဆိုပါသည်။
          သမ္မတ အိုဘားမား တက်ရောက်ရန် စီစဉ်ထားသည့် APEC (အာရှပစ္စဖိတ် ပူးပေါင်းဆောင် ရွက်ရေး ဆွေးနွေးပွဲ) နှင့် အပြန်အလှန်ကျောထောက်နောက်ခံပြုနိုင်ရန် ယခု အာဆီယံညီလာခံကို ကျင်းပခြင်းလည်း ဖြစ်ပါသည်။
          အမေရိကန်အစိုးရသစ်သည် အာရှတိုက်နှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ် များကို မကြာမီခင်းကျင်းပြသလိမ့်မည်ဟု Singapore Institute of International Affairs ဥက္ကဌ နှင့် Asia Society in the United States ဂုဏ်ထူးဆောင်အဖွဲ့ဝင် Simon Tay က လတ်တလော သုံးသပ်ပြောကြားခဲ့သည်။
--
Posted By icypress to Sensible Rumour at 10/27/2009 11:37:00 AM
0 comments:
Post a Comment