Transparency Myanmar

transparency.myanmar@gmail.com

Bangkok Post, 25th Oct, 09

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးများ ချိုးဖောက်မှု ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့် လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ လူမျိုးစုအဖွဲ့များကို တိုက်ခိုက်နေခြင်းများကို နီးကပ်စွာ စောင့်ကြည့်ရန်အတွက် အာဆီယံပဋိဥာဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလှုပ်ရှားသူများက ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံအချင်းချင်း ပါလီမန်များ၏ မြန်မာနိုင်ငံဆိုင်ရာ ဒေသတွင်း နိုင်ငံရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ Kraisak Choonhavan က စစ်အစိုးရသည် အာဆီယံပဋိဥာဉ်တွင် ပါရှိသော ဒီမိုကရက်တစ် အုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် ၎င်းတို့မှ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားရန် လိုသေးကြောင်း လိုသေးကြောင်း ပြောသည်။

အာဆီယံက ယူဆထားသော မြန်မာနိုင်ငံရေးနှင့် လူ့အခွင့်အရေးကိစ္စများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများသာ ဖြစ်သည်ဟူသော ပြောဆိုချက်သည် လက်ခံအသုံးချနိုင်ခြင်း မရှိတော့ကြောင်း၊ အထူးသဖြင့် မြန်မာ့ပြဿနာများသည် ဒေသတွင်းနိုင်ငံများသို့ ရိုက်ခတ်လာ၍ ဖြစ်ကြောင်း Kraisak က ပြောကြားသည်။

မြန်မာစစ်အစိုးရသည် မကြာသေးမီ လပိုင်းအတွင်းက လာမည့်နှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် မြန်မာပြည် အရှေ့ပိုင်းဒေသတွင် ရှိသော လူမျိုးစုအဖွဲ့များအား တိုက်ခိုက်မှုကို ပိုမိုပြုလုပ်ခဲ့မှုကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ စစ်ပြေးဒုက္ခသည် အစုလိုက်အပြုံလိုက် ရောက်ရှိလာကြောင်း မြန်မာနိုင်ငံရှိ ရှမ်းအမျိုးသမီးများ လှုပ်ရှားမှုကွန်ယက် (Shan Women Action Network) မှ (Charm Tong) ချမ်းတောင်က ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံရေးသမားများနှင့် ပြည်ပရောက် မြန်မာနိုင်ငံရေးလှုပ်ရှားသူများက (၁၅) ကြိမ်မြောက် အာဆီယံထိပ်တန်း အစည်းအဝေးပြင်ပတွင် စုရုံးကြပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံနှင့် တိုက်ရိုက်စေ့စပ် ဆွေးနွေးကြသော်လည်း ပြဿနာမှာ မပြီးသေးကြောင်း အာဆီယံအဖွဲ့ကို သတိပေးခဲ့ပါသည်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကဒ်ကင်းဘဲလ်(Kurt Campbell)နှင့် ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးနှင့် ဥရောပသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ ကားလ်ဘေ့လ်ဒ်(Carl Bildt) တို့သည် မြန်မာနိုင်ငံသို့ သီးခြားသွားရောက်၍ လူမှုအခွင့်အရေးကိစ္စရပ်များနှင့် စီးပွားရေးကိစ္စရပ်များအပြင် စစ်အစိုးရနှင့် အနာဂတ်တွင် နိုင်ငံရေးရာ ဆွေးနွေးမှုများ ပြုလုပ်ရန် ကိစ္စရပ်များကို ပြုလုပ်သွားရန် ရှိပါသည်။

အမေရိကန်နိုင်ငံရှိ Johns Hopkins Bloomberg School of Public Health မှ သုတေသနပညာရှင် ဗိုရာဗစ်ဆုဝမ်ဗာနစ်ကြ (Varavit Suwanvanichkij) က မြန်မာနိုင်ငံသည် အကူအညီအထောက်အပံ့ကို အမှန်ပင် လိုအပ်နေကြောင်း၊ သို့သော် ပြဿနာစတင် ဖြစ်ပေါ်လာကတည်းက ရှိခဲ့သည့် ပကတိအနေအထားများကို လူတို့သည် နားလည်ရန်လိုကြောင်း ပြောသည်။

ဆိုးရွားစွာ မှားယွင်းနေသော စီးပွားရေးမူဝါဒနှင့် အရေးယူမှုမရှိသော လူ့အခွင့်အရေးများကို စနစ်တကျ ဖောက်ဖျက်မှုများ၊ ဥပမာအားဖြင့် နေထိုင်ရာနေရာများကို ပြောင်းရွှေ့အောင် မောင်းထုတ်ခြင်း၊ လုပ်အားအတင်းအကြပ်ပေးစေခြင်း၊ ပစ္စည်းဥစ္စာများ သိမ်းယူခြင်း၊ လယ်ယာများနှင့် ကျေးရွာများကို ဖျက်ဆီးခြင်း၊ ထင်သလို အခွန်များ ကောက်ခံခြင်းတို့ ဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဍတွင်လည်း ကျွန်ုပ်တို့သည် အရေးကြီးသည့် အနေအထားသို့ ရောက်နေကြောင်း၊ ထိုင်း- မြန်မာနယ်စပ်ဒေသတွင် ငှက်ဖျားရောဂါသည် ထိန်းချုပ်မှုမရ ဖြစ်နေသေးပြီး ကာကွယ်ဆေး ပိုမိုသုံးစွဲနိုင်မှု အနေအထားလည်း မရှိသေးပါဟု Mr. Voravit က Bangkok Post သို့ ပြောကြားခဲ့သည်။ တီဘီရောဂါ ပြန့်ပွားနေမှုနှင့် မကြာသေးမီက နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းရောဂါဖြစ်ပွားသည့်နေရာများအတွက်လည်း ဆေးကုသမှု ထိရောက်လုံလောက်စွာ လုပ်နိုင်ခြင်း မရှိသေးကြောင်းလည်း ပြောသည်။

 



--
Posted By icypress to Sensible Rumour at 10/27/2009 11:47:00 AM

0 comments:

Post a Comment