Transparency Myanmar

transparency.myanmar@gmail.com

ဒေါ်အောင်ဆန်းစုကြည်အကြောင်း မဖော်ပြသည့် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း  လူရယ်စရာဟုဝေဖန်ခံရ

25th Oct, 09  (The Strait Times)

အာဆီယံခေါင်းဆောင်များသည် ယခု သီတင်းပတ်ကုန်တွင် ကျင်းပမည်ဖြစ်သော ထိပ်သီးညီလာခံတွင် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသည့်အတွက် ၎င်းတို့၏ လူ့အခွင့်အရေးအသစ်၏ ကြွေးကြော်သံများအပေါ် လူရယ်စရာဖြစ်ခဲ့ရသည်ဟု လေ့လာသူများက ပြောကြားပါသည်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံမှ ခေါင်းဆောင်များသည် စာမျက်နှာ ကိုးမျက်နှာပါ နောက်ဆုံးကြေငြာစာတမ်းတွင် စစ်ဖက်အုပ်ချုပ်ခံ မြန်မာနိုင်ငံ၏ အနေအထားကို စာကြောင်းရေ ကြောင်းမျှသာ နေရာပေးဖော်ပြထားပါသည်။

တပ်မတော်အစိုးရက ကတိပြုထားသော ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတရန်၊ လွတ်လပ်မှုရှိရန်၊ အများပါဝင်ခွင့်ရှိရန်၊ ပွင့်လင်းမြင်သာရန် တိုက်တွန်းခဲ့သော်လည်း ၁၄ နှစ်ကြာ ထိန်းသိမ်းခံနေရသည့် အတိုက်အခံခေါင်းဆောင်အကြောင်း ဖော်ပြထားခြင်း လုံးဝမရှိပါ။

အာဆီယံ၏ ပထမဆုံးလူ့အခွင့်အရေးအဖွဲ့ စတင်ဖွဲ့စည်းသည့် အထိမ်းအမှတ် အခမ်းအနားဖြင့် ဟွာဟင်း အာဆီယံ ထိပ်သီးညီလာခံကို ဖွင့်လှစ်ခဲ့ပြီး သမိုင်းဝင် ဖြစ်ရပ်အဖြစ် အဖွဲ့ဝင်နိုင်ငံများက ဂုဏ်ပြုခဲ့ကြပါသည်။ သို့သော် မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်မှု အားနည်းခြင်းကြောင့် လေ့လာသူများ၏ အကြီးအကျယ် ဝေဖန်မှုကို ခံနေရပါသည်။

"အားလုံးကို ခြုံကြည့်လိုက်ရင်တော့ ဟာသပြဇာတ်တစ်ပုဒ်ပါပဲဗျာ" ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ David Matheson က AP သို့ ပြောကြားပါသည်။ အသစ်ဖွဲ့စည်းလိုက်သော အာဆီယံ လူ့အခွင့်အရေးကော်မရှင်အပေါ် ယုံကြည် မျှော်လင့်မှု အလွန်နည်းပါးနေသည့်အတွက် အဆိုပါ မျှော်လင့်မှုများကို အာဆီယံက အပြည့်အဝ ဖြည့်ဆီးပေးမည့်အလားအလာ ရှိနေပါသည်။

မြန်မာအစိုးရခေါင်းဆောင်များကို နေရာပေးဆက်ဆံနေခြင်းကြောင့် ကျဆင်းသွားသော အာဆီယံ၏ ဂုဏ်သိက္ခာကိုမူ ပြန်လည် အဖတ်ဆယ်ရန် နည်းလမ်းမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်မှ ၎င်း၏ ခြံတွင်းသို့ အမေရိကန်တစ်ယောက် ရေကူးဝင်ရောက်ခဲ့သည့် ဆန်းကြယ်သည့် ဖြစ်ရပ်ကြောင့် နေအိမ်အကျယ်ချုပ် ၁၈ လကျခံရန် ပြစ်ဒဏ်ပေးခံခဲ့ရပြီး လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲလမ်းကြောင်းပေါ်မှ ဖယ်ထုတ်ထားခြင်း ခံနေရသူ ဖြစ်ပါသည်။

 



--
Posted By icypress to Sensible Rumour at 10/27/2009 11:44:00 AM

0 comments:

Post a Comment