Transparency Myanmar

transparency.myanmar@gmail.com

ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တပ်များ ချထားမှု မြန်မာငြင်းဆို

(By Siddique Islam)

(From Mizzima, 17th Oct, 2009)

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် မြန်မာစစ်တပ်များ လှုပ်ရှားနေခြင်းနှင့် ပတ်သက်၍ အဓိပ္ပာယ်မရှိသော အစီရင်ခံချက်တစ်ခု ပြောကြားနေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့က ပြောကြား သွားပါသည်။

ကြာသပတေးနေ့က သီရိလင်္ကာနိုင်ငံတွင် ကျင်းပသော ၈ ကြိမ်မြောက် ဝန်ကြီးအဆင့် Asia Cooperation Dialogue (ACD) အစည်းအဝေးတွင် ဦးဥာဏ်ဝင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni သို့ ပြောကြားချက်ကို ကိုးကား၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက မည်သည့်လှုပ်ရှားမှုမျှ နယ်စပ်တွင် မရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့များ၏ ပုံမှန် လေ့ကျင့်ခန်း အစီအစဉ်များသာ ဖြစ်ကြောင်း ဦးဥာဏ် ဝင်း က ပြောပါသည်။

အောက်တိုဘာ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ နိုင်ငံခြားရေးဌာနသို့ နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်များ ဖြည့်တင်းနေမှုနှင့် ပတ်သက်၍ ကန့်ကွက်စာ ပေးပို့ခဲ့ပြီး အဆိုပါရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊  အိန္ဒိယ သုံးနိုင်ငံ ကိစ္စကို ကုလသမဂ္ဂ၏ အဆုံးအဖြတ် ခံယူသွားမည် ဖြစ်ကြောင်း ထပ်လောင်း ရေးသားထားပါသည်။

ဒါကာမြို့ နိုင်ငံခြားရေးဌာနတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးက ၎င်းအနေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနှင့်လည်း စကားပြောပြီးကြောင်း၊ မိမိတို့ နိုင်ငံခြားရေး အတွင်းဝန်ကလည်း မြန်မာသံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း ပြောပါသည်။ အားလုံးခြုံပြီး သိရှိရသည်မှာ မြန်မာတပ်များ၏ သာမန်လှုပ်ရှားမှုများသာ ဖြစ်သည်ဟုပင် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပါသည်။

အောက်တိုဘာလ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် Mijarul Kayes သည် ကုလသမဂ္ဂသို့ အသိပေးကြေညာချက် မိတ္တူနှင့် အိန္ဒိယနိုင်ငံ ကော်မရှင်နာ Pinak Ranjan Chakravarty သို့ ပင်လယ်နယ်နိမိတ် သတ်မှတ်ချက် အဆိုပြု တင်ပြစာ မိတ္တူတို့ကို မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးသို့ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က ဘင်္ဂလားဒေ့ရှ်ရှိ ပြည်တွင်း ပြည်ပ သတင်းများ အဆိုအရ မြန်မာတပ်များ အင်အားထပ်မံ တိုးချဲ့လျက်ရှိပြီး နယ်စပ်တွင် သံဆူးကြိုးများ ကာရံလျက် ရှိကြောင်း သိရှိရပါသည်။

အဆိုပါ သတင်းများအရ ဘင်္ဂလားဒေ့ရှ်မှလည်း ၎င်း၏ နယ်စပ် လုံခြုံရေးတပ် (BDR) ကို တပ်လှန့်ထားကြောင်း သိရှိရပါသည်။

 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment