Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယ မအောင်မြင်ပါက တရုတ် ယူရေနီယံဝင်တူးမည်

16th Oct, 2009

New Kerala.com

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အကြား လက်ရှိ ဖြစ်ပွားနေသော နယ်ခြားဒေသ ပဋိပက္ခတွင် ပြဿနာသစ်တစ်ခု ထပ်မံတိုးလာခဲ့သည်။ Meghalaya of West Khasi Hills District ဒေသတွင် ယူရေနီယမ် တူးဖော်ရန် အိန္ဒိယ၏ ကြိုးစားမှု မအောင်မြင်ပါက တရုတ်နိုင်ငံက ဝင်ရောက် လုပ်ကိုင်လိမ့်မည်ဟု ယခင် ကွန်ဂရက်လွှတ်တော် ဝန်ကြီးတစ်ဦးက သတိပေးခဲ့ပါသည်။

ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဘူတန်၊ နီပေါ စသော နိုင်ငံများအပေါ်တွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု မှန်မှန်တိုးတက်လာနေသောကြောင့် အိန္ဒိယနိုင်ငံသည် ၎င်း၏ လုံခြုံရေးကို ပိုမိုတိုးမြှင့်ရလိမ့်မည်ဟု Meghalaya ဝန်ကြီးဟောင်းနှင့် State Law Commission Chairman HS Shylla က ယူရေနီယမ် ထုတ်လုပ်ရေး လိုလားသူများအုပ်စု Association of Meghalaya for Development and Advancement ( AMDA )မှ ကြီးမှူးကျင်းပသည့် လူထုစည်းဝေးပွဲတွင် ပြောကြားခဲ့ပါသည်။

Mr. Shylla ၏ ပြောဆိုမှုသည် Arunachal Pradesh ဒေသ (တရုတ်နှင့် အိန္ဒိယ နယ်ခြား ဒေသ) တွင် အခြေအတင် ငြင်းခုံမှုများ ပြန်လည် ဖြစ်ပွား တစ်ရေးနိုးလာခြင်း၏ အရေးပါသော ဝိသေသများကို ဖော်ထုတ်လိုက်ခြင်းပင် ဖြစ်ပါသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် အကယ်၍ အိန္ဒိယနိုင်ငံသည် ၎င်း၏ လုံခြုံရေးဆိုင်ရာ ကဏ္ဍတွင် အားနည်းချို့ယွင်းခဲ့ပါက ပြင်ပအန္တရာယ်များ၏ အလွယ်တကူ ခြိမ်းခြောက်မှုကို ခံရဖွယ်ရှိသည်ဟု ဆိုပါသည်။ တရုတ်နိုင်ငံ၏ ပါဝါနှင့် လွှမ်းမိုးလာမှုကို စောင့်ကြည့်ရမည် ဖြစ်ပြီး ၎င်းတို့သည် Arunachal Pradesh တွင် လမ်းများပင် ဖောက်လုပ်လျက် ရှိနေပြီဟု ပြောပါသည်။

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံတွင်းရှိ Maoism များကို ထောက်ခံအားပေး ကူညီနေသည် ဟုလည်း အဆိုပါလွှတ်တော် ခေါင်းဆောင်က စွပ်စွဲပြောကြားပါသည်။

အကယ်၍ အိန္ဒိယသည် ၎င်း၏ လုံခြုံရေးအင်အားကို တောင့်တင်းအောင် မဆောင်ရွက်နိုင်ပါက နိုင်ငံ၏ လုံခြုံမှုသည် မရေရာမှုများနှင့် ရင်ဆိုင်ရမည်ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment