Transparency Myanmar

transparency.myanmar@gmail.com

Gulf Times, 30th Oct, 09

တရုတ်နိုင်ငံသည် အရှေ့တောင်ပိုင်းတွင် ရှိသော ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းမြို့ စစ်တကောင်း သို့ မြန်မာနိုင်ငံမှ တစ်ဆင့် လမ်းဆက်သွယ်ရန် ဆန္ဒရှိနေပါသည်။ ဒါကာမြို့တွင် ပြုလုပ်သော Dhaka Reporters' Unity Auditorium တွင် ကျင်းပပြုလုပ်ခဲ့သော မီဒီယာ ရှင်းလင်းပွဲတွင် တရုတ်သံအမတ်ကြီး Zhang Xianyi က "ကျွန်ုပ်တို့ စစ်တကောင်း (Cox Bazar) ကို ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် Ghundum ဒေသကနေ တစ်ဆင့် ဆက်သွယ်လိုပါတယ်"  ဟုပြောကြားခဲ့သည်။ Xianyi သည် ယခုနှစ် မတ်လအတွင်းက သံအမတ်ရာထူးကို စတင်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်- မြန်မာ- တရုတ် အမြန်လမ်းမကြီးကိစ္စကို နိုင်ငံ အစိုးရများက စဉ်းစားနေကြကြောင်းလည်း ပြောသည်။ တရုတ်နိုင်ငံသည် မြန်မာနယ်စပ်အထိ အဝေးပြေး လမ်းမကြီးကို ဖောက်နေကြောင်း၊ တရုတ်နိုင်ငံသည် သူ၏ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းလမ်းနှင့် ရေလမ်းတို့မှတဆင့် ဆက်သွယ်လိုကြောင်းလည်း ဆက်လက် ပြောကြားခဲ့သည်။

 



--
Posted By icypress to Sensible Rumour at 11/02/2009 12:43:00 AM

0 comments:

Post a Comment