Transparency Myanmar

transparency.myanmar@gmail.com

Japan Today, 30th Oct, 09

ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ပထမကော်မတီက ဆုံးဖြတ်ချက်တစ်ခုကို ကြာသပတေးနေ့က ထောက်ခံတင်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံက တင်ပြလာခြင်းဖြစ်ပြီး နျူကလီယာလက်နက်များ ဖျက်သိမ်းရေးအတွက် တောင်းဆိုချက်တစ်ခု ဖြစ်ပါသည်။ မြောက်ကိုရီးယားနှင့် အိန္ဒိယ နိုင်ငံက အဆိုပါဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့ကြသည်။ တရုတ်၊ ကျူးဘား၊ ပြင်သစ်၊ အီရန်၊ မြန်မာ၊ ပါကစ္စတန်၊ ဘူတန်နှင့် အစ္စရေးတို့က ကြားနေခဲ့ကြသည်။

လက်နက် ဖျက်သိမ်းရေး ကိစ္စများကို တာဝန်ယူ ဆောင်ရွက်နေသော ကုလသမဂ္ဂ ပထမ ကော်မတီတွင် အဆိုပါ ကိစ္စကို မဲခွဲဆုံးဖြတ်ရာ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၇၀) က ထောက်ခံခဲ့ကြသည်။ အမေရိကန်သည် () နှစ်အတွင်း ယခုကဲ့သို့ ပထမဆုံးအကြိမ် မဲပေး ထောက်ခံခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်များသည် နျူကလီယာလက်နက် လုံးဝဖျက်သိမ်းရေးအတွက် လက်တွေ့ကျသော ထိရောက်မှုရှိသည့် လုပ်ဆောင်မှုများကို ပြုလုပ်ကြရန် တောင်းဆိုထားသည်။ ငြိမ်းချမ်း သာယာသော နျူကလီယာလက်နက် ကင်းစင်သည့် ကမ္ဘာဖြစ်လာရန် ရည်ရွယ်ကြောင်း သိရသည်။

 



--
Posted By icypress to Sensible Rumour at 11/02/2009 01:29:00 AM

0 comments:

Post a Comment