Transparency Myanmar

transparency.myanmar@gmail.com

29th Oct, 09

The Economics Times

နိုင်ငံပိုင်သဘာဝ ဓာတ်ငွေ့ကော်ပိုရေးရှင်း ONGC ပင်လယ်ရပ်ခြားဆိုင်ရာ ဌာနခွဲဖြစ်သည့် ONGC Videsh Ltd အား မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့သိုက် နှစ်ခုတွင် အမေရိကန်ဒေါ်လာ ၁၇၄ သန်း ရင်းနှီးမြှုပ်နှံရန် အစိုးရက ကြာသပတေးနေ့တွင် ခွင့်ပြုလိုက်သည်။

ဘင်္ဂလား ပင်လယ်အော်ရှိ သဘာဝဓာတ်ငွေ့လုပ်ကွက် A1 နှင့် A3 တွင် အမေရိကန်ဒေါ်လာ ၁၇၄ သန်း ရင်းနှီးမြှုပ်နှံမည့် OVL အစီအစဉ်ကို Cabinet Committee of Economic affairs (စီးပွားရေးမူဝါဒဆိုင်ရာ အစိုးရကော်မတီ) က အတည်ပြုလိုက်သည်ဟု တရားဝင် သတင်းများအရ သိရပါသည်။

OVL က ဓာတ်ငွေ့သိုက်များ၏ အကျိုးအမြတ် ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည် ဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့သိုက်များတွင် တွေ့ရှိထားသော အရန်သဘာဝ ဓာတ်ငွေ့စီမံကိန်း ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် ငွေကြေးကို ၎င်း၏ ပိုင်ဆိုင်မှုများနှင့် ဘဏ်ချေးငွေများမှ ရရှိပါမည်။

နိုင်ငံပိုင် သဘာဝဓာတ်ငွေ့လုပ်ငန်း GAIL India ကလည်း ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော အဆိုပါ ရေနံလုပ်ကွက်များကို ဦးဆောင်နေသူမှာ တောင်ကိုရီးယား ဒေဝူး ဖြစ်ပါသည်။

ယခု ရင်းနှီးမြှုပ်နှံမှုများသည် အရန်ထားရှိသည့် ဟိုက်ဒရို ကာဘွန်များ ပိုမိုစုဆောင်းနိုင်ရေးကို အထောက်အကူ ပေးရန်နှင့် OVL, GAIL တို့ ပါဝင်မြှုပ်နှံထားသည့် A1, A3 လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်မှုနှင့် ဈေးကွက်တင်ခြင်းကို ပိုမိုချောမွေ့ လွယ်ကူစေရန် မျှော်လင့်ထားသည်ဟု ဆိုပါသည်။

စီမံကိန်း ဦးဆောင်သူ ဒေဝူးက ရေနံသိုက် ခုတွင် ၂၀၁၀ မတ်လအထိ သုံးစွဲရန် လျာထားမှုမှာ အမေရိကန်ဒေါ်လာ ၈၆၉.၂၅ သန်းခန့် ဖြစ်သောကြောင့် OVL ရှယ်ယာ ၂၀ ရာခိုင်နှုန်းမှာ အမေရိကန်ဒေါ်လာ ၁၇၃.၈၅ သန်းခန့် ဖြစ်ဖွယ် ရှိပါသည်။



--
Posted By icypress to Sensible Rumour at 11/02/2009 01:23:00 AM

0 comments:

Post a Comment