Transparency Myanmar

transparency.myanmar@gmail.com

1/Nov/2009

Earthtimes-org

       အမေရိကန် ပြည်ထောင်စု သမ္မတဘားရတ် အိုဘားမားသည် အာဆီယံနိုင်ငံများမှ ခေါင်းဆောင် ၁၀ ဦး တို့အား လာမည့်နှစ်တွင် ၀ါရှင်တန်သို့ ဖိတ်ခေါ်ရန် စီစဉ်နေပြီး အရှေ့တောင်အာရှဒေသနှင့် ဆက်ဆံမှုများ ဆက်လက် ခိုင်မြဲသွားရန် ရည်ရွယ်သည် media reports က တနင်္ဂင်္နွေ နေ့တွင် ဖော်ပြထားပါသည်။

မကြာမီ စင်္ကာပူတွင် ကျင်းပမည် အာဆီယံ အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွင် အိုဘားမားက တရားဝင် ဖိတ်ကြားမှုကို ပြုလုပ်လိမ့်မည်ဟု အရှေ့အာရှနှင်ပစ္စဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန် Kurt Campbell က ၀ါရှင်တန်တွင် ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ ကွန်ဖရင့်သို့ တက်ရောက်လာသည့် နိုင်ငံဆိုင်ရာ ကွန်ဖရင့်သို့ တက်ရောက်လာသည့် နိုင်ငံတကာ ကိုယ်စားလှယ်များနှင်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း Nation သတင်းစာက ဖော်ပြပါသည်။

       ၁၉၉၇ခုနှစ်ကပင် အာဆီယံ အဖွဲ့ဝင်ဖြစ်ခဲ့သော အထီးကျန် နိုင်ငံနှင့် "၀ါရှင်တန်၏" ပြန်လည်စေ့စပ် ညှိနှိုင်းရေး မူဝါဒကို ဆွေးနွေးရန်အတွက် Campbell သည် မြန်မာနိုင်ငံသို့ ယခုသီတင်းပတ် အတွင်းသွား ရောက်မည်ဖြစ်သည်။

       အိုဘားမားသည် စင်္ကာပူတွင်ကျင်းပမည့်  APEC ဖိုရမ်ကို တက်ရောက်ပြီးနောက် နိုဝင်ဘာ ၁၅ ရက်တွင် အာဆီယံခေါင်းဆောင် ၇ဦးနှင့် တွေ့ဆုံမည်ဖြစ်ပါသည်။

အာရှပစ္စဖိတ်ဒေသ စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေး (APEC) အဖွဲ့ဝင်()ဦးတွင် သြစတေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ တရုတ် ဟောင်ကောင် အင်ဒိုနီးရှား ၊ဂျပန် တောင်ကိုရီးယား မလေးရှား မက္ကဆီကို နယူးဇီလန် ပါပူဝါ နယူးဂီဦး ဖိလစ်ပိုင်၊ ပီရူး ရုရှား စင်္ကာပူ တိုင်ပေ ထိုင်း အမေရိကန်နိုင်ငံတို့ ပါဝင်သည်။ အာဆီယံ အဖွဲ့ဝင်များဖြစ်သော ကမ္ဘောဒီးယား လာအို မြန်မာ တို့APEC တွင်မပါဝင်ပါ။

ဇန်န၀ါရီလက အိမ်ဖြူတော်တွင် တာဝန်လွဲပြောင်းယူခဲ့ပြီးနောက် အိုဘားမားက အရှေ့တောင် အာရှဒေသနှင့် ပြန်လည်ညှိနှိုင်း ဆွေးနွေးရေး မူဝါဒကို အကောင်အထည်ဖေါ် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒေသသည် အာရှဘီလူးကြီးတရုတ်နှင့် အိန္ဒိယတို့၏ စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးလာမှုနှင့် သံတမန် သြဇာထူထောင်မှု တို့ကြောင့် ဘေးစည်းသို့ ရောက်နေသော ဒေသဖြစ်သည်။

          စင်္ကာပူတွင် ကျင်းပမည့် အာဆီယံ-အမေရိကန် အစည်းအဝေးက အမေရိကန် ပြည်ထောင်စုနှင့်အရှေ့တောငအာရှဒေသအတွင်း လွတ်လပ်သော ကုန်သွယ်မသဘောတူညီချက် ရရှိနိုင်မည့် ဖြစ်နိုင်ခြေများကို ဆွေးနွေးသွားရန် မျှော်လင့်ထားသည်ဟု The Nations ကဆိုပါသည်။

 

 



--
Posted By icypress to Sensible Rumour at 11/02/2009 02:17:00 AM

0 comments:

Post a Comment