Transparency Myanmar

transparency.myanmar@gmail.com

By Estrella Torres

From businessmirror.com

8 Nov 2009

        အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ဖိလစ်ပိုင်ခရီးစဉ်သည် ဒေသတွင်း အမေရိကန်၏ လုံခြုံရေးနှင့် စီးပွားရေးပတ်သက်နေမှုများအတွက် မနီလာကို ကြားခံအဖြစ် အသုံးပြု ရန်ဖြစ်ကြောင်း သံတမန်သတင်းများအရ သိရှိရပါသည်။

          အထူးသဖြင့် ဒေသတွင်းခြိမ်းခြောက်နေသော ကိစ္စမှာ တရုတ်နှင့်မြန်မာနိုင်ငံတို့သည် မြောက် ကိုရီးယားနိုင်ငံနှင့် ခိုင်မာသော မဟာမိတ်အဖြစ် ထူထောင်နေခြင်းဖြစ်ကြောင်း ဆိုပါသည်။

          ဖိလစ်ပိုင်သမ္မတ Arroyo သည် လာမည့် နိုဝင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် စင်္ကာပူတွင် ပြုလုပ်မည့် Asia Pacific Economic Cooperation (APEC) ထိပ်သီးအစည်းအဝေး၏ အရံဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ Obama နှင့် အာဆီယံ-အမေရိကန်ဆွေးနွေးမှု ခေါင်းစဉ်အောက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာ ပြောခွင့်ရပုဂ္ဂိုလ် Eduardo Malaya က ဆိုပါသည်။      

ပထမဆုံးအကြိမ် အာဆီယံ-အမေရိကန်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ဖိလစ်ပိုင်သည် အာဆီယံ၏ ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ရခြင်းသည် အလွန်တရာ အရေးကြီး သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း Malaya သတင်းပေးပို့မှုတွင် ဖော်ပြထားပါ သည်။

          Arroyo နှင့် Clinton တို့သည် အမေရိကန်နှင့်ဖိလစ်ပိုင်တို့ကြားရှိ မဟာမိတ်စာချုပ်အကြောင်း ဆွေးနွေးမည်ဖြစ်ပြီး၊ လုံခြုံရေးနှင့် အခြားပူးပေါင်းဆောင်ရွက်မှု ကတိများကို ပိုမိုခိုင်မာစေမည် ဖြစ်ပါသည်ဟု Malaya ကပြောပါသည်။

          တစ်ချိန်တည်းမှာပင် သမ္မတ Arroyo နှင့် နိုင်ငံခြားရေးဝန်ကြီး Clinton တို့သည် လာမည့် အပတ် စင်္ကာပူတွင်ကျင်းပမည့် ပထမဆုံးအကြိမ် အမေရိကန်-အာဆီယံခေါင်းဆောင်များ တွေ့ဆုံမှု တွင် ညှိနှိုင်းရေးမှူး (Coordinator) အဖြစ်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ချမှတ်ကြမည် ဖြစ်ကြောင်း သံတမန်သတင်းများက ဆိုပါသည်။ ဖိလစ်ပိုင်သည် Coordinator အဖြစ် ဆောင်ရွက်ရခြင်းအတွက် အလွန်တရာ စိတ်ဝင်စားစရာကောင်းကြောင်း ဖော်ပြပါသည်။

          မြန်မာတပ်မတော် ခေါင်းဆောင်များနှင့် မြောက်ကိုရီးယားတို့ မဟာမိတ်ဖြစ်လာခြင်းသည် အမေရိကန်အတွက် ပြဿနာကြီးတစ်ခုဖြစ်ပြီး၊ အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း အဆိုပါ လုံခြုံရေး ဆိုင်ရာ မဟာမိတ်ဖွဲ့မှုကို တားဆီးရန် လိုအပ်မည်ဖြစ်ကြောင်း သံတမန်သတင်းရပ်ကွက်က ဆိုပါသည်။ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးရွှေမန်း၏ မြောက်ကိုရီးယား ခရီးစဉ်ကို ညွှန်းဆိုခဲ့ပါသည်။

          အဆိုပါ သံတမန်က အဖွဲ့ဝင် ၁၇ ဦးပါသော အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား အရေးကြီးပြီး လျှို့ဝှက်ထားသော Pyongyang နှင့် Myohyang တောင်ကုန်းများအတွင်းရှိ ဥမင်လိုဏ်ခေါင်းများကို ကြည့်ရှုခွင့်ပြုခဲ့ပြီး၊ အဆိုပါလိုဏ်များတွင် နျူကလီးယားနှင့် ဓာတုလက်နက်များ၊ တင့်ကားများ၊ Missiles များ၊ ဂျက်တိုက်လေယာဉ်များကို ထားရှိကြောင်းပြောပါသည်။

          ASEAN နှင့် ဆက်ဆံရေးသည် တရုတ်နှင့် ယဉ်ပါးအောင်ပြုလုပ်ရေးအတွက် အရေးကြီးသော သော့ချက်ဖြစ်ကြောင်း၊ တရုတ်သည် မြန်မာနိုင်ငံမှ စွမ်းအင်အရင်းအမြစ်ကို စိတ်ဝင်စားသဖြင့် တပ်မတော်အစိုးရကို အကာအကွယ်ပေးလျက် ရှိကြောင်း အဆိုပါ သံတမန်သတင်းများက ဆိုပါသည်။

          Clinton သည် ဖိလစ်ပိုင်အဆင့်မြင့်အာဏာပိုင်များနှင့် အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်စာချုပ် နှင့် ပတ်သက်၍ အကြံပေးဆွေးနွေးမှုများ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ian Kelly က ဆိုပါသည်။

          နိုင်ငံခြားရေးဝန်ကြီး Clinton ခရီးစဉ်သည် ဖိလစ်ပိုင်နှင့် အမေရိကန်နှစ်နိုင်ငံကြား ထိရောက်သော ဆွေးနွေးမှုများ၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာကိစ္စများတွင် နှစ်နိုင်ငံနှင့် ပတ်သက်သော အရေးဖြစ်သော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများ၊ Mindanao ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရာသီဥတုပြောင်းလဲမှုများ၊ နျူကလီးယားမပြန့်ပွားရေး စသည်များအတွက် ဆွေးနွေးရန်အခွင့်ကောင်း ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးရာ အတွင်းရေးမှူး Alberto Romulo က ဆိုပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment