Transparency Myanmar

transparency.myanmar@gmail.com

(From Monster and Gitics.com)

8-Nov-2009

                   မြန်မာနိုင်ငံသည် ပြီးခဲ့သည့် 2009 မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် ဆိုင်ကလုန်းနာဂစ်၏ ဖျက်ဆီးမှုများ ရှိခဲ့သော်လည်း ဆန်တန်ချိန် ၆၇၀၀၀၀  တင်ပို့ခဲ့သည်ဟု ဆိုပါသည်။  ယခု လာမည့်နှစ်တွင် ဆန်တန်ချိန် တစ်သန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းကြောင်း ဆန်စပါးအသင်းမှ တာဝန်ရှိသူက ပြောကြားသည်ဟု  မြန်မာတိုင်းမ် သတင်းစာတွင် ဖော်ပြထားပါသည်။

                   ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ ဆန်တန်ချိန် မက်ထရစ်တန် ၅သိန်း တင်ပို့ပြီးသည်ဟု ဆိုပါသည်။

                   မြန်မာတိုင်းမ်၏ အဆိုအရ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က မြန်မာနိုင်ငံသည် ဆန်တင်ပို့ခြင်းမှ ဒေါ်လာသန်းပေါင်း 200.6 ရရှိခဲ့ပြီး ၊ သူ့အရင်နှစ်က ဒေါ်လာသန်းပေါင်း 102.55 သာရခဲ့သည်ဟု သိရသည်။ ယခုနှစ်တွင် ဆန်တင်ပို့မှုများ ပိုမိုတိုးတက်လာခဲ့သော်လည်း ၊ ဆန်ဈေးမှာမူ ကျဆင်းလျက် ရှိပါသည်။

                   ပြီးခဲ့သည့်လက မြန်မာ့ဆန်သည် ဈေးကွက်တွင် တစ်တန်လျှင်310 ဒေါ်လာသာ ရှိခဲ့ပြီး ၊ 2008 ခုနှစ် အောက်တိုဘာလက တစ်တန်လျှင် 380 ဒေါ်လာရှိခဲ့ကြောင်း  Economic Studies and Research Institute  ၏ စစ်တမ်းများ အရ သိရှိရပါသည်။

                   ကမ္ဘာပေါ်တွင် လူသုံးကုန်ပစ္စည်းများ ဈေးကျသဖြင့် ဆန်ဈေးလဲလိုက်၍ ကျရခြင်းဖြစ်ကြောင်း အဆိုပါ Institute မှ မောင်အောင်က ဆိုပါသည်။

                   ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနုထံမှ အာဏာမသိမ်းမီက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှုအများဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့ပါသည်။

                   ထို့နောက်တွင် ထိုင်းနိုင်ငံသည် ဆန်တင်ပို့မှုအများဆုံးနို်င်ငံ ဖြစ်လာခဲ့ပြီး ယခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ဆယ်သန်း တင်ပို့ရန်မျှော်လင့်ပြီး  ၊ နောက်တွင်

ဗီယက်နမ်က ဆန်တန်ချိန် ခြောက်သန်းတင်ပို့ရန် ရည်မှန်းထားကြပါသည်။

                   ကမ္ဘာဈေးကွက်တွင် မြန်မာ့ဆန်သည် ထိုင်းနိုင်ငံမှဆန်ထက် အရည်အသွေး နိမ့်ကျသောကြောင့် ဈေးလည်း ထိုင်းနိုင်ငံထက် နည်းပါသည်။

                   ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံက တင်ပို့သောဆန်များအနက် ၈၅ % မှာ ဘင်္ဂလားဒေ့ရှ် ၊ တောင်အာဖရိက နှင့် အိုင်ဗရီကို့စ် နိုင်ငံတို့ကို တင်ပို့သည်။

                   အာဖရိကသည် ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံ ဆန်တင်ပို့သူများအတွက် အဓိကဈေးကွက် ဖြစ်လာကြောင်း မောင်အောင်က ပြောပါသည်။

                   မြန်မာနိုင်ငံတွင်ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ဆန်တန်ချိန် (၁၅)သန်း ထုတ်လုပ်ခဲ့ရာ အရန်ဆန်တန်ချိန် သန်းပေါင်း (၃.၂၄) ပိုမိုခဲ့သဖြင့် ဝမ်းသာစရာဖြစ်ခဲ့ရကြောင်း မြန်မာ့ဆန်စပါး လုပ်ငန်းရှင်များ အသင်း၏စာရင်းများက ဆိုပါသည်။


မြန်မာနိုင်ငံရှိလူဦးရေ ၅၆သန်း အတွက် တစ်နှစ်လျှင် လိုအပ်သော ဆန်မှာတန်ချိန် (၁၂) သန်း ဖြစ်ပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment