8th Nov 2009
Shanshai daily .com
အမေရိကန် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်၍ စစ်တပ်အုပ်ချုပ်သော မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမည့် ဝါရှင်တန်၏ မူဝါဒသစ်ကို အခိုင်အမာ အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုရပါမည်။
နိုဝင်ဘာ ၁၅ ရက်နေ့တွင် အိုဘားမားနှင့် အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်များသည် စင်ကာပူ၌ ကျင်းပသော အေပက် APEC ထိပ်သီးညီလာခံတွင် တွေ့ဆုံကြမည်ဟု အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောကြားသည်။
အာဆီယံနှင့် အမေရိကန် ဆက်ဆံရေး ၃၂ နှစ်ပြည့်မြောက်သည့် ယခုအစည်းအဝေးကို မြန်မာ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည်ဟု ဝါရင့်မြန်မာသံတမန် ဦးမင်းလွင်က မနီလာတွင် ပြောပါသည်။
မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံပြင်ပမှ အစည်းအဝေးများကို ရှောင်ရှားတတ်သော ထုံးစံရှိပါသည်။
ယခုတွေ့ဆုံမှုမှာ ဆယ်စုနှစ်များအတွင်း အမေရိကန်မြန်မာ အဆင့်မြင့်ဆုံးတွေ့ဆုံမှုဖြစ်ပါ သည်။ အိုဘားမားနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန် သီးသန့်တွေ့ဆုံခြင်းရှိမရှိကိုမူ တာဝန်ရှိပုဂ္ဂိုလ်များက ပြော ကြားခြင်းမရှိပါ။ မြန်မာအစိုးရခေါင်းဆောင်းပိုင်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့သော အမေရိကန်သမ္မတမှာ Lyndon B Johnson ဖြစ်ပြီး မြန်မာဝန်ကြီးချုပ် ဦးနေ၀င်း၏ ၁၉၆၆ ဝါရှင်တန်ခရီးစဉ်တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ Richard Mei က ဆိုပါသည်။
၁၉၆၂ ခုနှစ်ကစ၍ တပ်မတော်က အုပ်ချုပ်ခဲ့သော အရှေ့တောင်အာရှမြန်မာနိုင်ငံနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုကို ရှောင်ရှားခဲ့သည့် ဘွတ်ရှ်အစိုးရ၏ မူဝါဒကို ယခုအိုဘားမား၏ လက်ထက် တွင် ဝါရှင်တန်က ပြောင်းပြန်လှန်ပစ်ခဲ့ပါသည်။
အမေရိကန်၏ မူဝါဒပြောင်းလဲမှုကို မြန်မာနိုင်ငံက ကြိုဆိုခဲ့ပြီး အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုအဖြစ် ရှုမြင်လက်ခံသည်ဟု ဦးမင်းလွင်က ဆိုပါသည်။
Scot Marciel နှင့် ဦးမင်းလွင်တို့သည် အခြားအာဆီယံ ဝါရင့်သံတမန်များနှင့် အတူ အိုဘားမားနှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံမည့်အစီအစဉ်ကို အပြီးသတ်ရေးဆွဲနေခြင်းဖြစ်သည်။ ယခုအစည်းအဝေးတွင် ကုန်သွယ်ရေး၊ စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှု၊ စားနပ်ရိက္ခာ လုံခြုံရေး၊ သဘာဝဘေးအန္တရယ်တားဆီးရေး နှင့် ကာကွယ်ရေးကိစ္စများကို အဓိကထားဆွေးနွေးကြ မည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးအတွင်းဝန် Enrique Manalo က ပြောကြားသည်။
Marciel ကလည်း အာဆီယံနှင့် ဆွေးနွေးညှိနှိုင်းမှုများတိုးတက်မြှင့်တင်ရေးကို မိမိတို့ကြိုးစား နေပါတယ်ဟုဆိုပါသည်။
မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးမည့် အိုဘားမားအစိုးရ၏ မူဝါဒသစ်ကို အာဆီယံက ကြိုဆိုပါ သည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alberto Romulo ကလည်း ထောက်ခံပါသည်။
ကျွန်တော်တို့အားလုံး မြန်မာအစိုးရနဲ့စကားပြောမှာပါ။ စကားပြောတဲ့ ကိစ္စမှာ ဘာအန္တရယ်မှ မရှိပါဟု ၎င်းက တင်စားပြောဆိုခဲ့ပါသေးသည်။
အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများ ပါဝင်သော APEC အေပက်အဖွဲ့တွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်စသော အာဆီယံ ၇ နိုင်ငံ ကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---