Transparency Myanmar

transparency.myanmar@gmail.com

(From The Irrawaddy)

7 - Nov - 2009

          ဂျပန်စီးပွားရေးအသင်းမှ အဖွဲ့ဝင် ၃၀ ဦး ပါဝင်သော အင်အားကောင်းသည့် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ယခုအပတ်အတွင်း လာရောက်မည်ဖြစ်ပြီး၊ စီးပွားရေးတိုးချဲ့ လုပ်ကိုင်ရန် အဆက်အသွယ်များ ရှာဖွေရေး ဆွေးနွေးမည် ဖြစ်ပါသည်။

          အဆိုပါအဖွဲ့တွင် ဂျပန်အစိုးရ ရန်ပုံငွေဖြင့် မတည်ထားသော ဂျပန်ပြည်ပကုန်သွယ်ရေး အဖွဲ့ Japan External Trade Organization (JETRO) မှ ကိုယ်စားလှယ်များလည်း ပါဝင်မည် ဖြစ်ကြောင်း၊ သတင်းဌာနများအဆိုအရ သိရပါသည်။

          တပ်မတော်အစိုးရ၏ ကုန်သည်ကြီးများအသင်း (UMFCCI) ဖိတ်ကြားမှုအရ ဂျပန် ကုန်သည်ကြီးများအသင်းမှ လာရောက်ခြင်းဖြစ်ပါသည်။

          အခြားအကြောင်းအရာများအနက် ဂျပန်များသည် မြန်မာနိုင်ငံမှ ပြုလုပ်သော အဝတ်အထည်များကို တိုးချဲ့တင်သွင်းရန် စိတ်ဝင်စားကြပါသည်။

          တရုတ် Xinhua သတင်းဌာန၏ အဆိုအရ ၂၀၀၈ ခုနှစ်က ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ အဝတ်အထည်များကို စံချိန်တင် ဒေါ်လာ ၁၃၈ သန်းဖိုးတင်သွင်းခဲ့ပြီး၊ ၂၀၀၇ ခုနှစ်ကထက် ၄၀% တိုးတက်တင်သွင်းခဲ့ကြောင်း သိရပါသည်။

          JETRO မှ အခြားဆွေးနွေးမည့်အကြောင်းအရာမှာ မြန်မာနိုင်ငံမှ မြစ်များ ရာသီမရွေး အသုံးပြုနိုင်ရန် ပြုလုပ်မည့် ဖွံ့ဖြိုးရေးစီမံကိန်းတွင် ဂျပန်နည်းပညာများ အကူအညီပေးရေးနှင့် ပြီးခဲ့သည့်နှစ်က နာဂစ်ကြောင့် ပျက်စီးသွားသော ရေကြောင်းဆိုင်ရာများ ပြန်လည် တည်ဆောက်ရေးအတွက် အကူအညီပေးရေးတို့ ဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment