Transparency Myanmar

transparency.myanmar@gmail.com

19 Nov 2009 , Gulf News
ဘင်္ဂလားဒေ့ရှ် ပင်လယ်အော် ကမ်းလွန်ရေပြင် ပိုင်နက် ပြင်ပနယ်နမိတ်စည်းနှင်
့ပတ်သက်၍ မြန်မာနိုင်ငံ၏ အရေးဆိုမှုကို ကုလသမဂ္ဂ သက်ဆိုင်ရာကော်မစ်ရှင်က
ယာယီ ဆိုင်းငံ့ထားလိုက်ပါသည်။ "ဒက်ကား"၏ ပြောဆိုမှုအရ နေပြည်တော်က
အရေးဆိုနေသော ပင်လယ်ရေပြင်သည် ဘင်္ဂလားဒေရှ် မြစ်များက
သယ်ဆောင်ပို့ချထားသည့် သဲနုန်းများဖြင့် ဖွဲ့စည်း ဖြစ်ပေါ်နေသည်ဟု
ဆိုပါသည်။
နိုင်ငံခြားရေးဌာနက ယမန်နေ့ညက ထုတ်ပြန်သော ကြေညာချက်တွင်
ကုလသမဂ္ဂကော်မရှင် (UN Commission on the limits of the Continental
Shelf) CLCS က မြန်မာအာဏာပိုင်များ၏ တင်ပြမှုနှင့် ဘင်္ဂလားဒေ့ရှ်၏
ကန့်ကွက်စာကို ကြားနာ စစ်ဆေးပြီးနောက် နေပြည်တော်အစိုးရ၏ အရေးဆိုမှုကို
ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြပါသည်။
စဉ်းစား သုံးသပ်ရာတွင် နောက်တစ်ကြိမ် စစ်ဆေးရန် လိုအပ်သည့် အချိန်အထိ
တင်ပြမှုများနှင့် ကန့်ကွက်မှုများကို ကြားနာခြင်းအား ဆိုင်းငံ့ထားရန်
ကော်မရှင်က ဆုံးဖြတ်ခဲ့သည်ဟု သိရှိရပါသည်။
တာဝန်ရှိ ပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ မြန်မာနိုင်ငံသည် ၎င်း၏
ကမ်းလွန်ပင်လယ်ပိုင်နက် အရေးဆိုမှုကို ၂၀၀၈ ဒီဇင်ဘာ ၁၆ က CLCS ထံ
တင်ပြခဲ့ပြီး ၂၀၀၉ သြဂုတ်လ ၂၄ ကုလသမဂ္ဂ ညီလာခံမတိုင်မီတွင် အဆိုပါ
တင်ပြမှုကို ကြားနာစစ်ဆေးခဲ့သည်ဟု သိရပါသည်။
ယခုအရေးဆိုမှုကို အသေးစိတ် ကြားနာစစ်ဆေးရန် ဆပ်ကော်မရှင်
ဖွဲ့စည်းရမည့်အစား ဘင်္ဂလားဒေ့ရှ်၏ ကန့်ကွက်စာကို စဉ်းစားသုံးသပ်နေဆဲ
ယခုအဆင့်တွင် ဆပ်ကော်မရှင် ဖွဲ့စည်းခြင်း မပြုရန် CLCS က
ဆုံးဖြတ်လိုက်ပါသည်။ အဆိုပါ ကန့်ကွက်စာကို ကုသမဂ္ဂ အထွေထွေ
အတွင်းရေးမှူးချုပ်ထံသို့လည်း ပေးပို့ထားသည်ဟု သိရှိရသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment