Transparency Myanmar

transparency.myanmar@gmail.com

BBC News, Date: 19 - Nov - 2009
အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်
နှင့် ကုန်သွယ်ရေးကိစ္စ၊ မြောက်ကိုရီးယား နျူကလီးယား အရေးကိစ္စများကို
ဆွေးနွေးရန် မျှော်လင့် ထားပါသည်။
အိုဘားမားသည် ၎င်း၏ အာရှခရီးစဉ် နောက်ဆုံးခရီး တထောက်အဖြစ် ဆိုးလ်တွင်
အချိန်တစ်ရက်ပင် မကြာသော ထိပ်သီးဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်ထားပါသည်။
အမေရိကန်နှင့် တောင်ကိုရီးယား နှစ်ဖက်အာဏာပိုင်များက ယခုတိုင်
လက်မှတ်ထိုးနိုင်ခြင်း မရှိသေးသော လွတ်လပ်စွာ ကုန်သွယ်ရေး
သဘောတူညီချက်ကို အဟန့်အတား ဖြစ်နေသည့် ကိစ္စများကို ဆွေးနွေး
ဖြေရှင်းရမည်ဟု ပြောပါသည်။
ရှေ့ဆက်၍ ဆွေးနွေးစရာများနှင့် ပတ်သက်၍ မြောက်ကိုရီးယားသို့
အိုဘားမားအစိုးရ၏ ပထမဆုံး ကိုယ်စားလှယ်အဖွဲ့ မစေလွှတ်မီ ယခုဆွေးနွေးပွဲကို
ကျင်းပခြင်း ဖြစ်သည်။
ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်၍ မြောက်ကိုရီးယား၏
နျူကလီးယား ရည်မှန်းချက်များကို အဆုံးသတ်ရန်နှင့် အပြန်အလှန်အားဖြင့်
ဘဏ္ဍာရေး အကူအညီပေးကာ ကမ္ဘာ့အသိုင်းအဝိုင်းသို့ လက်တွဲခေါ်ရန် ရည်ရွယ်ထားသော
အမေရိကန် အထူးကိုယ်စားလှယ် အဖွဲ့လည်း ယခု ဆွေးနွေးပွဲသို့
ပါဝင်တက်ရောက်မည် ဖြစ်သည်ဟု ရိုက်တာသတင်းများက ဆိုပါသည်။
သို့ရာတွင် ဆိုးလ်မှ ဘီဘီစီ သတင်းထောက် John Sudworth ကမူ အရေးကြီးသော
တိုးတက်မှုများ ရရှိရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိသည်ဟု
ပြောကြားပါသည်။

ရှောင်ဖယ်နေသည့် နိုင်ငံ
သမ္မတ အိုဘားမား၏ ခရီးစဉ်အတွက် လုံခြုံရေး တာဝန်ယူထားသော စစ်တပ်နှင့်
ရဲတပ်ဖွဲ့ ဝင်ပေါင်း ၁၃,၀၀၀ ခန့်ရှိသည်ဟု ဒေသတွင်း သတင်းများက ဆိုပါသည်။
မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို ပိုမို
အရေးယူ ဆောင်ရွက်ရန် တောင်ကိုရီးယား ဆန္ဒပြသူများက အမေရိကန် သမ္မတကို
တိုက်တွန်းထားပါသည်။
အိုဘားမားသည် တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့စဉ် တရုတ်ဝန်ကြီးချုပ်
ဝမ်ကျားပေါင်နှင့် ဆွေးနွေးရာတွင် မြောက်ကိုရီးယား နျူကလီးယား
အရေးကိစ္စလည်း ပါဝင်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။
ကမ္ဘာ့စည်းဝိုင်းအပြင်မှ မြောက်ကိုရီးယားကို နျူကလီးယား
ဆွေးနွေးပွဲများသို့ ပြန်လည် တက်ရောက်ရန် အမေရိကန်နှင့် တရုတ်
နှစ်နိုင်ငံစလုံးက တိုက်တွန်းနေပါသည်။
ယခင်လက "ဝမ်ကျားပေါင်" သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးနှင့်
တွေ့ဆုံရန် ပြုံယမ်းသို့ သွားရောက်ခဲ့ပါသည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment