Transparency Myanmar

transparency.myanmar@gmail.com

မြန်မာပြည်တွင်း အဓမ္မအလုပ်စေ ခိုင်းခြင်းခံရသောကြောင့် မကျေမနပ် ဖြစ်ကာ
ယခု ငါးလအတွင်း တိုင်တန်းမှု ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း၊
တိုင်တန်းမှု ထက်ဝက်ကျော်မှာ စစ်တပ်က လူငယ်တပ်သားများ ဖိအားပေးစု
ဆောင်းခြင်းကြောင့်ဖြစ်ကြောင်း သိရ သည်။
နိုင်ငံတကာအလုပ်သမားအဖွဲ့(အိုင် အယ်လ်အို) ကထုတ်ပြန်သောစာရင်း များအရ
အဓမ္မလုပ်သားအဖြစ် စေခိုင်းခြင်း ခံရမှုများ တိုက်ဖျက်ရေးမှာ
သတ်မှတ်ထားသည့် အဆင့်သို့ မရောက်နိုင်သေးပေ။ ပြီးခဲ့သည့် ဇွန်လအတွင်း
အိုင်အယ်လ်အို အဖွဲ့ကြီးက မြန်မာစစ် အစိုးရ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ
အခြေခံဥပဒေသစ်ကို ဝေဖန်ခဲ့သည်။ အိုင်အယ်လ်အို၏ အဆိုအရ အဓမ္မ လုပ်သား
အဖြစ်စေ ခိုင်းခံရသောကြောင့် တိုင်တန်းမှုများမှာ ပြီးခဲ့သည့် မေလအတွင်းက
၁၅၂ မှုရှိ ခဲ့ရာမှ အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ၂၂၃ မှုအထိရောက်ရှိခဲ့သည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် အသက် မပြည့်သေးသူများ စစ်တပ်သို့
အဓမ္မသွင်းခြင်း ခံရသောကြောင့် တိုင်တန်းမှုပေါင်း ၁၀၂ မှုရှိခဲ့ကြောင်း၊
အိုင်အယ်လ်အို ကဝင်ရောက် ဖြေရှင်းပေးမှုကြောင့် စစ်တပ်က
ပြန်လည်ထွက်ခွင့်ရသူ ကလေး ၅၉ ဦးရှိကြောင်းသိရသည်။ အမှု ၃၀ မှာ အစိုးရက
စုံစမ်းစစ်ဆေး ဖော်ထုတ်ဆဲဖြစ်သည်ဟု အိုင်အယ်လ် အို၏ အစီရင်ခံစာကဆိုသည်။
မြန်မာနိုင်ငံတွင် မတရားအလုပ် စေခိုင်းခြင်းခံရမှုများမှာ
ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်လျက်ရှိသည်။ စစ်အစိုးရက အကောင်အထည်
ဖော်လျက်ရှိသော လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းနှင့် အခြားသော
အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်း တည်ဆောက်ခြင်းများတွင် ပေါ်တာ
အဖြစ် ခေါ်ယူခိုင်းစေမှုမျိုး ဖြစ်သည်။ အချို့မှာ စစ်တပ်တွင်
မိုင်းရှင်းသူများ အဖြစ် စေခိုင်းခံရသည်။ မည်သို့ဆိုစေကာမူ အိုင်အယ်အိုက
ထုတ်ပြန်သော အစီရင်ခံစာမှာ မြန်မာပြည်တွင်း မတရားအလုပ်
စေခိုင်းခံရခြင်းကို မကျေနပ်သောကြောင့် တိုင်တန်းမှုများ
မြင့်တက်လာခြင်းသည် အဓမ္မလုပ်သား ဦးရေ မြင့်တက်လာသည်ကို ဖော်ညွှန်းရာ
ရောက်သည်ဟု သတိပေးထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ မတရားစေခိုင်းမှုများကို မကျေနပ်သောကြောင့် တိုင်တန်းမှုများ
မြင့်တက်လာခြင်းသည် ပြည်သူလူထုက မိမိတို့၏အခွင့်အရေးကို ယခင်ကထက် ပိုမို
သိရှိ နားလည်လာသောကြောင့် ဖြစ်သည် ဟု အိုင်အယ်လ်အို၏ အစီရင်ခံ စာကဆိုသည်။
မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီးအကြား သဘောတူညီမှု
တစ်ရပ် ရရှိထားသည်မှာ မှန်သော်လည်း မတရား အလုပ်စေခိုင်း
ခြင်းခံရမှုများမှာဆက် လက်ဖြစ် ပေါ်နေသည်ဟု အိုင်အယ်လ်အိုက နားလည်ထားသည်။
ပြီးခဲ့သည့်မေလက မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့သော အဓမ္မ လုပ်သား
စေခိုင်းခံရမှုများအနက်မှ တိုင်တန်းမှု ၁၁ မှု ခန့်ကို အစိုးရ တရားရုံးက
ကြားနာစစ်ဆေးများ ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း အိုင်အယ်လ်အိုကဆို သည်။
မည်သို့ပင်ဆိုစေ မြန်မာစစ်အစိုးရက အိုင်အယ်အိုအဖွဲ့အား
မြန်မာနိုင်ငံတွင်း မတရားလုပ်သား စေခိုင်းမှုများ နှင့် ပတ်သက်၍
ပညာပေးလုပ်ငန်းများကို လာရောက် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယင်း သို့
ပညာပေးရာတွင် အရပ်ဘက်နှင့် စစ်ဘက်အာဏာပိုင်များ ပါ ပါဝင်သည်။ မကြာသေးခင်
ရက်ပိုင်းကလည်း ပြည်တွင်းထုတ် Bi Weekly ဂျာနယ်တွင် အိုင်အယ်လ်အိုမှ
မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေး အရာရှိ စတိမာရှယ်လ်နှင့်
အင်တာဗျူးတစ်ခု ဖော်ပြပါရှိလာသည်ကို တွေ့ရသည်။
50 Percent rise in Burma forced labour ကိုဆီလျော်အောင်ဘာသာပြန် ထားခြင်းဖြစ်သည်။

--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment