Transparency Myanmar

transparency.myanmar@gmail.com

Xinhua ,7 Dec 2009

          ဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အနောက်ဖက်ဒေသ ရခိုင်ပြည်နယ်တွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၃ ခု အစိုးရက ထပ်မံ တည်ဆောက်နေသည် ဟု တနင်္လာနေ့က ထုတ်ပြန်သော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သတင်းများအရ သိရှိရသည်။

          ဝိုင်ဒင်၊ သူဌေးချောင်းနှင့် လေးမြို့မြစ်ဟု အမည်ပေးထားသော ရေအား လျှပ်စစ် စီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ သုံးစွဲမည် ဖြစ်ပြီး အဆိုပါ စီမံကိန်းများ ပြီးစီးသွားပါက လျှပ်စစ်ဓာတ်အား ၆၈၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဟု ဆိုပါသည်။

          ရခိုင်ပြည်နယ် တစ်ခုလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၃၀ မဂ္ဂါဝမ်သာရှိသဖြင့် ပိုမိုထွက်ရှိ သော လျှပ်စစ်ဓာတ်အားကို အခြားတိုင်းနှင့် ပြည်နယ်များ၊ စီးပွားရေးဇုံများ၊ စက်မှုလုပ်ငန်းများသို့ ဖြန့်ဖြူးပေးသွားမည် ဟုလည်း ဖော်ပြထားပါသည်။

          ယခုနှစ် မေလက ရှမ်းပြည် မြောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးမည့် ရွှေလီ ၁ ရေအားလျှပ်စစ် စီမံကိန်းကိုလည်း တည်ဆောက်နေပါသည်။

          တစ်ချိန်ထဲတွင်ပင် မြန်မာနိုင်ငံ၏ အကြီးဆုံးရေအားလျှပ်စစ် စီမံကိန်းဖြစ်သော မန္တလေးတိုင်း ရဲရွာ စီမံကိန်းမှာ ပြီးစီးလုနီးပြီဖြစ်၍ လျှပ်စစ်ဓာတ်အား ၇၉၀ မဂ္ဂါဝမ်ထုတ်လွှတ်ပေးနိုင်မည်ဟု ဆိုပါသည်။

          ယခုအချိန်ထိ စုစုပေါင်း စက်တပ်ဆင် ထုတ်လုပ်မှု စွမ်းအားမှာ ၆၈၄ မဂ္ဂါဝပ် ဖြစ်ပြီး ၂၀၀၈ - ၂၀၀၉ ရာသီတွင် လျှပ်စစ်ဓာတ်အား တစ်နာရီလျှင် ၆.၆၂ ဘီလျံ ကီလိုဝပ် ထုတ်လွှတ်ပေးနိုင်မည်ဟု တရားဝင် စာရင်းဇယားများအရ သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment