Transparency Myanmar

transparency.myanmar@gmail.com

AP,7th - Dec - 2009

        အမျိုးသား လုံခြုံရေး အကြံပေး James Jones က တနင်္ဂနွေနေ့က ပြောကြားခဲ့ရာတွင် အယ်ကေဒါ ခေါင်းဆောင် ဘင်လာဒင်သည် ယခုအချိန်အထိ အာဖဂန် နစ္စတန် နိုင်ငံတွင်း၌ တခါတရံ ရှိနေဆဲ ဖြစ်သည်ဟု ဆိုပါသည်။

        ဘင်လာဒင်သည် ပါကစ္စတန် နိုင်ငံတွင်း၌ ရှိနေသည်ဟု လက်ရှိ အမေရိကန် ပြည်ထောင်စုက များသောအားဖြင့် ယူဆနေပါသည်။ သို့ရာတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီး Jones ကမူ ဘင်လာဒင်သည် မြောက်ဝါဇီရစ္စတန် နယ်တွင်း တစ်နေရာ၌ ပုန်းအောင်းနေပြီး တစ်ခါတစ်ရံတွင် နယ်ခြား၏ ဟိုဘက် ဒီဘက် ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်တွင် ရှိနေတတ်သည်ဟု မှန်းဆ ပြောကြားလိုက်ပါသည်။

          အထက်ပါ ကိစ္စနှင့် ပတ်သက်၍ Jones က ဆွေးနွေးခဲ့ရာတွင် အလွန့် အလွန် ခက်ခဲ ကြမ်းတမ်းသော တောင်တန်းများ ထူထပ်သည့် နယ်မြေ ဖြစ်ပါသည်။ များသောအားဖြင့် မထိန်းချုပ် နိုင်ခဲ့သော ဒေသကို ရရှိအောင် မိမိတို့ လုပ်ဆောင်နေပြီး ယခုတစ်ကြိမ် ပေါ်ထွက်လာသော ၎င်းကို ပြေးခွင့် ပေးမှာလား၊ ဖမ်းဆီးနိုင်မှာလား၊ ပစ်သတ်နိုင်မှာလား ဆိုသည့် အချက်မှာ အလွန် အရေးကြီး၍ သေချာအောင် ပြုလုပ်ရပါလိမ့်မည်ဟု ဆိုပါသည်။

          ဘင်လာဒင် မည်သည့်နေရာတွင် ရှိနေသနည်း ဆိုသောအချက်နှင့် ပတ်သက်၍ တိကျ သေချာသော ထောက်လှမ်းရေး သတင်းကောင်းများ မရသည်မှာ နှစ်ပေါင်း အတန်ကြာခဲ့ပြီဟု ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်က ပြောကြားခဲ့ပါသည်။ ဘင်လာဒင်ကို အာဖဂန် နစ္စတန်တွင် လတ်တလော မြင်တွေ့ခဲ့ရသည်ဟူသော အစီရင်ခံစာကို မိမိအနေဖြင့် အတည်မပြုနိုင်သေး ဟုလည်း ဆိုပါသည်။

          အကယ်၍ မိမိတို့ သံသယ ရှိသည့်အတိုင်း ဘင်လာဒင်သည် မြောက်ဝါဇီရစ္စတန်တွင် ရှိနေသည် ဆိုပါက ၎င်းနယ်မြေသည် ပါကစ္စတန် အစိုးရ ယန္တရား လက်လှမ်းမမှီသော ဒေသဖြစ်ပြီး တခါတရံ လုံးဝအုပ်ချုပ်နိုင်ခြင်းပင် မရှိခဲ့ဟု ဂိတ်စ်က ပြောပါသည်။

          နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ဘင်လာဒင်နှင့် အခြား အယ်ကေဒါ ခေါင်းဆောင်များကို ဖမ်းဆီးရန် (သို့) သတ်ဖြတ်ရန် ကိစ္စမှာ အလွန် အရေးကြီးပါသည်။ သို့သော်လည်း လက်ရှိ ပျောက်ဆုံးနေသော တိုးတက်မှု အမြောက်အမြားကို သေချာစွာ ပြုလုပ်နိုင်ရမည်ဟု ပြောကြားပါသည်။

          ဆီနိတ်တာ ဂျွန်မက်ကိန်းကမူ ဘင်လာဒင်သည် အဝေးသို့ ထွက်သွားလိုက်၊ ပြန်လာလိုက်ဖြင့် လှုပ်ရှားနေသည်ဟု ဒေသခံ ပြည်သူများက ၎င်းအား ပြောကြားသည်ဟု ဆိုပါသည်။ ဘင်လာဒင်အား အနံ့ခံ ရှာဖွေနေမှုကြောင့် လေ့ကျင့်ရေး အခြေစိုက်စခန်းများ ထူထောင်ခြင်းနှင့် အကြမ်းဖက်များအား လက်နက် တပ်ဆင်ခြင်းကို တားဆီးနိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောပါသည်။ မက်ကိန်းက ဆက်လက်၍ အကယ်၍များ အယ်ကေဒါ ခေါင်းဆောင်များကို ကောင်းကင်ဘုံသို့ ပို့ပေးနိုင်ခဲ့ပါက (သတ်နိုင်ခဲ့ပါက) "ဘင်လာဒင် မရှိဘဲ အယ်ကေဒါ အဖွဲ့ မအောင်မြင်နိုင်ဟု မထင်လိုက်ပါနဲ့" ဟု သုံးသပ် ပြောကြားခဲ့ပါသည်။

          Jones က CNN ၏ State of the Union အစီအစဉ်၊ ရောဘတ်ဂိတ်စ်နှင့် ကလင်တန်က ABC ၏ This week, NBC ၏ Meet the press၊ CBS ၏ Face the Nation၊ မက်ကိန်းက NBC စသော မီဒီယာများတွင် တွေ့ဆုံ ပြောကြား ခဲ့ကြခြင်း ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment