Transparency Myanmar

transparency.myanmar@gmail.com

telegraphindia.com,6 - Dec - 2009

        ULFA ဦးစီးချုပ် Paresh Barue သည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် အပတ်က ပြန်ရောက်သွားကြောင်း သတင်းများက ဆိုပါသည်။

          Barue သည် ဒီဇင်ဘာလ (၂) ရက်နေ့အထိ မြန်မာနိုင်ငံ၏ ကချင်ပြည်နယ်တွင် နေထိုင်ခဲ့ပြီး၊ ထိုသို့ နေထိုင်စဉ် ဂြိုလ်တုဖုန်းဖြင့် ၎င်း၏ အာသံမှ အဆက်အသွယ်များဖြင့် အဆက်မပြတ်ခဲ့ကြောင်း အဆိုပါ သတင်းများက ဆိုပါသည်။

          ၎င်းသည် ၎င်း၏ အဆက်အသွယ်များ၏ အကူအညီဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ ၎င်းအဆက်အသွယ်များမှာ People's Liberation Army မှ ဖြစ်နိုင်ကြောင်း ဆိုပါသည်။

          လွန်ခဲ့သော နှစ်များအတွင်း ဘာရူးသည် တရုတ်ပြည်တွင်း၌ ဝင်လိုက် ထွက်လိုက် လှုပ်ရှားနေခဲ့ပြီး National Socialist Council of Nagalim ကဲ့သို့သော သူပုန်အဖွဲ့များထံမှ အကူအညီ ရရှိခဲ့သည်ဟု သိရပါသည်။

          သို့ရာတွင် ဟာသတစ်ခုအနေနှင့် NSCN ဝါရင့်ခေါင်းဆောင်က ဘာရူး၏ ရပ်တည်မှု ခက်ခဲလာခြင်းကို မေးခွန်းထုတ်ခဲ့ရာတွင် အကယ်၍ ဘာရူးသာ အခြား အကြမ်းဖက် အဖွဲ့များနှင့် ဆက်လက် ဆက်သွယ်နေပါက အိန္ဒိယ အစိုးရအနေနှင့် ၎င်းနှင့် မည်သို့ ဆွေးနွေးမည်နည်းဟု ဒင်မာမူမှ ဖုန်းဖြင့် ပြောကြားခဲ့ပါသည်။

          အကြမ်းဖက် နည်းလမ်းများသည် အမြဲတမ်း အဆင်မပြေပါ။ တစ်စုံတစ်ရာကို ၎င်းအနေနှင့် ရွေးချယ်သင့်သည်ဟု NSCN ခေါင်းဆောင်က ဖြည့်စွက် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment