Transparency Myanmar

transparency.myanmar@gmail.com

proactiveinvestors.com.au, 18th Dec 2009

စင်္ကာပူ အခြေစိုက် ကုမ္ပဏီ Interra Resources (ASX.ITR) က ထုတ်ပြန် ကြေညာရာတွင် ၎င်း၏ ဖက်စပ်လုပ်ငန်း တခုဖြစ်သော Goldpetrol Joint Operating Company သည် မြန်မာနိုင်ငံ ရေနံချောင်း ရေနံမြေမှ ရေနံတွင်း အမှတ် YNG 3234 အား လွှဲပြောင်း ရယူ တူးဖော်ခြင်းကို စတင်လိုက်ပြီဟု ဆိုပါသည်။

ရေနံချောင်း ရေနံမြေ ပြန်လည် ထူထောင်ရေး အဆင့်မြင့် ကန်ထရိုက်လုပ်ငန်းတွင် Interra က (၆၀ %) အကျိုးအမြတ် ရရှိမည် ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူ Goldpetrol ၏ ရှယ်ယာ (၆၀ %) ကိုလည်း ပိုင်ဆိုင်ထားပါသည်။ ရေနံမြေ၏ မြောက်ပိုင်းတွင် ရှိသော ရေနံတွင်း YNG 3234 ကို Petrol ၏ ရေနံတွင်းတူးစင် Cooper LT0350 အား အသုံးပြု၍ တူးဖော်မည် ဖြစ်သည်။ တူးဖော်ရေး ကုန်ကျစရိတ်များကို မျှဝေ ကျခံရာတွင် Interra သည် ၎င်း၏ လက်ဝယ်ရှိ ငွေကြေး ရန်ပုံငွေမှ ထုတ်ယူ သုံးစွဲမည် ဖြစ်သည်။

ယခု အဆိုပြုထားသော YNG 3234 ရေနံတွင်းသည် ယခင်က တစ်နေ့လျှင် စည် (၆၀) ထုတ်လုပ်နိုင်သော အနေအထားတွင် စက်မှုဆိုင်ရာ အခက်အခဲကြောင့် ပိတ်ထားခဲ့သော တွင်းဖြစ်၍ ယခုအခါ ပေအနက် (၂၉၅၀) အထိ ပြန်လည် တူးဖော်ရန် ရည်ရွယ်ထားပါသည်။ ယခု ရေနံတွင်း စီမံကိန်း၏ ပထမ ရည်မှန်းချက်မှာ ပေအနက် (၃၀၀၀) မှ (၃၂၀၀) အထိ ရှိသော သဲထုအတွင်းမှ ကျန်ရှိ ရေနံများကို ထုတ်ယူရန် ဖြစ်ပြီး ဒုတိယ ရည်မှန်းချက်မှာ အပေါ်လွှာ သဲထုအတွင်းမှ သာမာန် ရေနံတွင်းများဖြင့် တူးဖော်၍ မရနိုင်သော ရေနံများကို ထုတ်ယူရန် ဖြစ်ပါသည်။

ယခု လုပ်ငန်းတွင် ရက်သတ္တပတ် (၆) ပတ် နီးနီး တူးဖော်ပြီးလျှင် ရလဒ်များ ထွက်ပေါ် လာလိမ့်မည်ဟု Interra က ခန့်မှန်းထားပါသည်။ တူးဖော်မှု ရလဒ်များကို အသေအချာ စိစစ် ပြီးလျှင် ပြီးချင်း ကုမ္ပဏီက သတင်း ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။ တူးဖော်စဉ် ကာလအတွင်း ဖြစ်ပွားသော နောက်ဆုံး ပြဿနာများ၊ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကိုလည်း ထုတ်ပြန် ကြေညာ ပေးဦးမည်ဟု ဆိုပါသည်။

စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် Interra ၏ ရှယ်ယာများကို ရောင်းဝယ်ရာတွင် ဂရုတစိုက် သတိပြု ဆောင်ရွက်ကြရန် ကုမ္ပဏီက အကြံပေးလိုသည်ဟုလည်း ဆိုပါသည်။ အထက်တွင် ဖော်ပြခဲ့သော တိုးမြှင့် တူးဖော်ရေး လုပ်ငန်းမှ အကျိုးအမြတ်များသော ထုတ်လုပ်မှု (သို့) ဟိုက်ဒရိုကာဗွန် ရေနံများ စီးပွားဖြစ် အမြောက်အများ ထွက်ရှိလာမည့် ကိစ္စမှာ ယခုအထိ မသေချာသေးပါ။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment