Transparency Myanmar

transparency.myanmar@gmail.com

Mizzima, Siddique Islam, 17th - Dec - 2009

အာရှ ဖွံ့ဖြိုးရေးဘဏ် (Asian Development Bank - ADB) သည် မြန်မာနိုင်ငံတွင် Trade Finance Facilitation Program (TFFP) ကို တိုးချဲ့ပေးရန် စိတ်မဝင်စားကြောင်း ADB အကြီးတန်း အရာရှိတစ်ဦးက ကြာသပတေးနေ့က ဒက္ကာမြို့တွင် ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံကို စိတ်အနှောင့်အယှက် ဖြစ်စရာ နိုင်ငံအဖြစ် သတ်မှတ်၍ မပေးခြင်း ဖြစ်ကြောင်း ဆိုပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိ TFFP ထက် ပို၍ တိုးချဲ့ပေးရန် မိမိတို့ စိတ်မဝင်စားကြောင်း ADB ၏ Trade Finance Capital Markets နှင့် Financial Sectors Division and Private Sector Operations Department များ၏ ဌာနမှူး Steven Beck က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှု ချောမွေ့ လွယ်ကူစေရေးအတွက် ဈေးကွက် လိုအပ်ချက် နိမ့်ကျကြောင်း ၎င်းက ဖြည့်စွက် ပြောပါသည်။

မစ္စတာ Steven သည် ယခုအခါ ဒက္ကာမြို့တွင် ရောက်ရှိနေပြီး ပြည်တွင်း ပုဂ္ဂလိက ကူးသန်း ရောင်းဝယ်ရေးဘဏ် (၁၂) ခုနှင့် ဘင်္ဂလားဒေ့ရှ်တွင် TFFP အစီအစဉ် တိုးချဲ့ရေး အစီအစဉ်အရ လက်မှတ်ရေးထိုးရန် ရောက်ရှိနေခြင်း ဖြစ်ပါသည်။

TFFP ကို ၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယခုနှစ် မတ်လတွင် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ အစီအစဉ်အထိ တိုးချဲ့နိုင်ခဲ့ပါသည်။ ယင်းသို့ တိုးချဲ့ရခြင်းမှာ အထူးသဖြင့် ဖွံ့ဖြိုးဆဲ စီးပွားရေးများတွင် ကုန်သွယ်ရေး တည်တံ့ နေစေရေးအတွက် ဘဏ္ဍာငွေ အရေးပေါ် လိုအပ်ချက်များ ရှိနေသည်ဟု ADB က ခံယူသောကြောင့် ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ ADB သည် A သုံးလုံး အဆင့် သတ်မှတ်ပြီး ADB က အာမခံ၍ ချေးငွေများ ထုတ်ပေးခြင်း၊ ကုန်သွယ်မှု ငွေကြေး လွှဲပြောင်းမှုများအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ ဘဏ်များကို ဆက်သွယ်ပေးခြင်းများကို ပြုလုပ်ပေးပါသည်။

TFFP အစီအစဉ်များသည် အဇာဘိုင်ဂျန်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် ဗီယက်နမ်တို့တွင် သက်ဝင် လှုပ်ရှားလျက် ရှိနေပါသည်။

TFFP သည် ၂၀၁၀ ခုနှစ် ပထမ လေးလပတ်တွင် ဖိလစ်ပိုင်၊ မွန်ဂိုလီးယားနှင့် ဥဇဘက် ကစ္စတန်တို့တွင် တိုးချဲ့ရန် စီစဉ်ထားပါသည်။ ထို့နောက် ကာဇက်စတန်၊ တာခ့်မင်နစ္စတန်နှင့် တာဂျစ် ကစ္စတန် စသော ဗဟို အာရှနိုင်ငံများတွင် ၂၀၁၀ ခုနှစ်အတွင်း တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း မနီလာတွင် အခြေစိုက်သော နိုင်ငံတကာ အလှူရှင်များ ပါဝင်သော ADB က ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment