Transparency Myanmar

transparency.myanmar@gmail.com

Swedish Presidency of the European Union press release, 17th Dec 2009

ဥရောပ သမဂ္ဂ ဝန်ကြီးများ၏ (၃) ဦး ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ ကိုပင်ဟေဂင်တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ အီးယူ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးရာ ဝန်ကြီး Carl Bildt က ဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ အီးယူ အထူးကိုယ်စားလှယ် Piero Fassino နှင့် ကော်မရှင် လူကြီးများလည်း ပါဝင်ပါသည်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကိုမူ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းက ဦးဆောင်ပါသည်။ ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီး Per Stig Moller က အိမ်ရှင်အဖြစ် အစည်းအဝေးကို လက်ခံ ကျင်းပပါသည်။

အီးယူက စိုးရိမ် ပူပန်နေသော ကိစ္စများ အပါအဝင် တိုးတက်နေသော ဆွေးနွေးမှုမှ ဖြစ်နိုင်ချေ အလားအလာများကို ဝန်ကြီးများက ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အကြောင်းအရာများ အပေါ်တွင် မြန်မာအာဏာပိုင်များက စစ်မှန်သော တိုးတက် ပြောင်းလဲမှုများကို လုပ်ဆောင်ပါက အပေါင်းလက္ခဏာ ဆောင်သော တုန့်ပြန်မှုများ ပြုလုပ်ရန် အဆင်သင့် ရှိကြောင်း အီးယူက ထပ်မံ ပြောကြားခဲ့ပါသည်။ ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် လူ့အခွင့်အရေးများကို လေးစား တန်ဖိုးထားရေးကို ဦးတည်သော ကြီးမားသည့် တိုးတက်မှုများကို ရည်ရွယ်သည့် ဆွေးနွေး ညှိနှိုင်းမှုများကို ဆက်လက် ပြုလုပ်ရန် အဆင်သင့် ရှိနေသည်ဟု အီးယူက ဖေါ်ပြခဲ့ပါသည်။

မြန်မာနိုင်ငံ ရင်ဆိုင်နေရသော နိုင်ငံရေးနှင့် လူမှု စီးပွားရေး ပြဿနာများကို ဖြေရှင်းရာတွင် လိုအပ်ချက် ဖြစ်သည့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးတွင် ကြီးမားသော တိုးတက်မှုများကို ပြသနိုင်ရန်နှင့် နိုင်ငံရေး လုပ်ငန်းစဉ်တွင် အားလုံးကို ပါဝင် ခွင့်ပြုရန်အတွက် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲသည် အရေးကြီးသော အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာ အာဏာပိုင်များ အနေနှင့် လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများသို့ ဦးတည်သည့် အစစ်အမှန် ဆောင်ရွက်ချက်များကို စတင် ပြုလုပ်သင့်ပြီဟု နှိုးဆော်လိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment