Transparency Myanmar

transparency.myanmar@gmail.com

teakdoor.com, 18th- Dec - 2009

မြန်မာနိုင်ငံ ရဲတံခွန် ဓာတ်ငွေ့ စီမံကိန်းမှ လုပ်ငန်းများကို ပြုပြင် ထိန်းသိမ်းရေး အစီအစဉ် အတွက် ရက် (၂၀) ခန့် ရပ်နားထားမည်ဟု ထိုင်းနိုင်ငံ၏ ထိပ်တန်း စွမ်းအင် ကုမ္ပဏီကြီး PTT PCL က သောကြာနေ့တွင် ပြောကြားခဲ့ပြီး ပြုပြင် ထိန်းသိမ်းရေး အစီအစဉ်မှာ နှစ်စဉ် လုပ်ဆောင်နေကျ  ဖြစ်သည်ဟု သိရပါသည်။

နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT ၏ အစီရင်ခံစာတွင် ယခု လုပ်ငန်း ခေတ္တ ရပ်နားမှုကြောင့် ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့ အသုံးပြုမှုနှင့် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများကို ထိခိုက်စေလိမ့်မည် မဟုတ်ဟု ဖော်ပြထားပါသည်။

PTT ၏ လုပ်ငန်းခွဲ တခုဖြစ်သော PTT Exploration and Production (PTTE - BK) သည် မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သိုက် (၅) ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ရဲတံခွန်နှင့် ရတနာ ဓာတ်ငွေ့ စီမံကိန်းများတွင်လည်း ရှယ်ယာ အနည်းငယ် ပါဝင်သူ လုပ်ငန်း ပါတနာ တစ်ဦး ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment