Transparency Myanmar

transparency.myanmar@gmail.com

BBC News, 23 Dec 2009

          ဗီယက်နမ်နိုင်ငံသို့ ဒေါ်လာသန်း ၅၀၀ ငွေချေးမည့် အစီအစဉ်ကို ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ပြီး ၎င်းအစီအစဉ်သည် အရှေ့တောင်အာရှ နိုင်ငံတခုသို့ အကြီးမာဆုံး ငွေချေးငှားမှု ဖြစ်ပါသည်။

          ယခုချေးငွေကို ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းနိမ့် ချေးငှားခြင်းဆိုင်ရာ ဌာနခွဲတစ်ခုဖြစ်သော International Bank for Reconstruction and Development မှ ထောက်ပံ့မည် ဖြစ်သည်။

          ယခုချေးငွေသည် ဆင်းရဲနွမ်းပါးသော နိုင်ငံများထက် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံများကို ချေးငှားသည့် အစီအစဉ်ဖြစ်၍ ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးအကြိမ် ချေးငွေထုတ်ပေးခဲ့ ခြင်းဖြစ်သည်။

          ယခုပိုက်ဆံများကို အများပိုင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို တွန်းအားပေးရန် အသုံးပြုမည်ဖြစ်ပါသည်။

          ၇ နှစ်ပင် မပြည့်သော အချိန်အတောအတွင်း အကြွေးများ စွာတင်နေသော နိုင်ငံအဆင့်မှ အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံအဆင့်အတန်းသို့ ရောက်ရှိလာသည့် ဗီယက်နမ်အတွက် ယခုကိစ္စသည် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်သည်ဟု ကမ္ဘာဘဏ်မှ Jim Adams က ပြောကြား ပါသည်။

          သို့သော်လည်း ကမ္ဘာ့စီးပွားရေးကျဆင်းမှု ရင်ဆိုင်နေရသော ၎င်း၏ အများပိုင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ရှေ့ဆက်နိုင်ရန်အတွက် ဗီယက်နမ်က ချေးငွေအကူအညီ လိုအပ်နေခြင်းဖြစ်သည်။

          လွန်ခဲ့သော နှစ်နှစ်အတွင်းတွင် ဗီယက်နမ်သည် ၂၀၀၇ ၌ ကြီးမားသော မတည်ငွေရင်းများ စီးဝင်လာခြင်း၊ ၂၀၀၈ တွင် လူသုံးကုန်ပစ္စည်းများ ဈေးတက်သွားခြင်း၊ ထို့နောက် ကမ္ဘာ့စီးပွားကျကပ်၏ ရလဒ်ကြောင့် ပို့ကုန်လုပ်ငန်း ကျဆင်းသွားခြင်း စသော စီးပွားရေးလိုင်း တန်ဖိုးများကို အောင်မြင်စွာ ကျော်လွှားခဲ့သော အတွေ့အကြုံများ ရှိနေပါသည်ဟု ကမ္ဘာဘဏ်က ဆိုပါသည်။

          နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးရေး ယုံကြည် စိတ်ချရစေရန်အတွက် ချေးငွေအကူအညီ လိုအပ်နေခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment