Transparency Myanmar

transparency.myanmar@gmail.com

တရုတ်ပညာရှင်ကြီးများအဖွဲ့ (Think-Tank) တစ်ခုက လေ့လာ သုတေသနပြုချက် အရ တရုတ်နိုင်ငံ လူ့အဖွဲ့အစည်းတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မကြုံစဖူးသော ဆိုရွားလှသည့် လူမှုရေး ပြဿနာများဖြင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု တရုတ်ပြည် လူမှုရေးသိပ္ပံ အကယ်ဒမီ (CASS) ကထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်က ဆိုသည်။  

တရုတ်တစ်ပြည်လုံး အတိုင်းအတာဖြင့် လူမှုရေး မတည်မငြိမ်မှုများကို ထိန်ချုပ်ရန် ကြိုးစားနေသော်လည်း ရာဇဝတ်မှုများ အဆမတန် များပြားလာကြောင်း CSAA က ဆိုသည်။ 

တရုတ်ပြည်၏ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း များစွာကို ဖန် တီး ပေးနိုင်ခဲ့ကြောင်း၊ သို့တိုင်အောင် ၂၀၀၉ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် မကြုံဖူးသော လူမှုရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။ 

အဆိုပါ လူမှုရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာနှင့် လက်ရှိအခြေအနေတို့က တရုတ်ပြည်၏ ပေါ်လစီ ရေးဆွဲသူများကို များစွာ တပ်လှန့်လိုက်ရာ ရောက်သွားသည်။ 

တရုတ်အစိုးရ အရာရှိများ၏ ရာထူးအဆင့်လိုက် ပါဝါအလွဲသုံးစား ပြုလုပ်မှုကြောင့် တရုတ် လူ့အဖွဲ့အစည်းအတွင်း ဆိုးရွားသော မတည်မငြိမ်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အစီရင်ခံစာ ရေးသူများက ယုံကြည်ကြသည်။ 

ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်ပြည် အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုတွင် ပါဝင်သူများစွာကို အင်တာဗျူး ပြုလုပ်ပြီးနောက် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း CASS က ပြောကြားသည်။ သို့သော် အနောက်မြောက်ပိုင်း ဒေသရှိ ဇီကျန်း ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခကိစ္စကို ထည့်သွင်း ရေးသားခဲ့ခြင်း မရှိဟု ဆိုသည်။ 

ကျေးလက်-မြို့ပြ ကွာဟချက် 

၂၀၀၉ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ လအတွင်း ရာဇဝတ်မှုများ ပိုမိုဖြစ်ပွားခဲ့သည် ဟု အစိုးရက ထုတ်ပြန်သော စာရင်းဇယားများက ဆိုသည်။ အဆိုပါ ကာလအတွင်း လူပေါင်း လေးသန်းကျော်မှာ ရာဇဝတ်မှု အကြီးစားကို ကျူးလွန်ခဲ့ကြကြောင်း၊ အဆိုပါ ကိန်းဂဏန်း မှာ ၁၀၀၈ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။ 

တရုတ်ပြည်၏ ပေါ်လစီများမှာ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ပြည်သူအများစု မျှဝေ မခံစားရအောင် ဟန့်တား ထားသကဲ့သို့ ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ 

ကျေးလက်နှင့် မြို့ပြဒေသ ကွာဟမှုမှာ ပိုမိုကြီးထွားလာသည် ကိုတွေ့ရကြောင်း၊ တရုတ်ပြည် ၏ GDP တိုးတက်မှု နှုန်းသည် ကျေးလက်ဒေသ လူဦးရေကို အသုံးချကာ မြင့်တက်လာခြင်း ဖြစ်ကြောင်း CASS က ဥပမာများဖြင့် ညွှန်းဆို ရေးသားခဲ့သည်။  

တရုတ်ကွန်မြူနစ် အစိုးရက အကောင်အထည်ဖော် ဆော်သြလျက်ရှိသော ဟန်ချက်ကျ သည့် လူ့အဖွဲ့အစည်း ဟူသော ဆောင်ပုဒ်ကို အဆိုပါ အစီရင်ခံစာက ပြစ်တင် ဝေဖန်ထားသည်။ တရုတ်အစိုးရက မီဒီယာများကို ချုပ်ကိုင်ရန် ကြိုးပမ်းလာသည်နှင့် အမျှ တရုတ်ပြည်သူများမှာ အင်တာနက်ကို ပိုမိုအသုံးချ ပြီး အစိုးရအရာရှိကြီးများ၏ အလွဲသုံးစားမှုများကို ထုတ်ဖော်နေသည်မှာ အားရဖွယ် ဖြစ်သည်ဟု လည်း အဆိုပါ အစီရင်ခံစာက ချီးကျူးထားသည်။ 

BBC သတင်းဌာနမှ Social Unrest Rising in China ကို ဘာသာပြန်ဆိုသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment