Transparency Myanmar

transparency.myanmar@gmail.com

BBC News, 2nd January 2009

          ဆိုမာလီ ပင်လယ် ဓားပြများသည် အေဒင် ပင်လယ်ကွေ့တွင် ဓာတုပစ္စည်းများ တင်ဆောင်လာသော သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲခဲ့ပြီး ဆိုမာလီယာ ရေပြင်တွင် ယခု သီတင်းပတ်အတွင်း တတိယမြောက် အပိုင်စီးမှု ဖြစ်ပါသည်။

          အိန္ဒိယနိုင်ငံသို့ အသွားခရီးတွင် အပိုင်စီး ခံရသော အင်ဒိုနီးရှားပိုင် တန်ချိန် နှစ်သောင်းရှိ ပရာနိုမီ သင်္ဘောမှာ ယခုအခါ ဆိုမာလီယာသို့ ဦးတည် ခုတ်မောင်းနေသည်ဟု ပင်လယ် ရေကြောင်းဆိုင်ရာ အရာရှိများက ပြောကြားပါသည်။

          အဆိုပါ သင်္ဘောတွင် ရေယာဉ် အမှုထမ်း (၂၄) ဦး ပါဝင်ပြီး အများစုမှာ အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်သည်။

          ပြီးခဲ့သော တနင်္လာနေ့က ဆိုမာလီ ပင်လယ်ဓားပြများသည် အရှေ့အာဖရိက ကမ်းလွန် ပင်လယ်ပြင်တွင် သင်္ဘောနှစ်စီးနှင့် သင်္ဘောသား (၄၅) ဦးကို ပြန်ပေးဆွဲ ခဲ့ပါသည်။

          ယူကေအလံ လွှင့်ထူထားသော ဓာတုပစ္စည်းတင် စိန့်ဂျိမ်းပတ် သင်္ဘောသည် စပိန်မှ ထိုင်းနိုင်ငံသို့ အသွားခရီးတွင် အေဒင် ပင်လယ်ကွေ့၌ အပိုင်စီး ခံရခြင်း ဖြစ်သည်။

          သင်္ဘောသား (၁၉) ဦး ပါဝင်သော ပနားမား အလံလွှင့် ထူထားသည့် ဂရိ ကုန်တင်သင်္ဘော နေဗီးယတ်စ် အပိုလွန်ကမူ ဆေရှဲလ်ကျွန်းစု မြောက်ဘက်တွင် အပိုင်စီးခံရခြင်း ဖြစ်ပါသည်။

          ယခု နောက်ဆုံး ဖြစ်ရပ်တွင် စင်္ကာပူအလံ လွှင့်ထူထားသော ပရာနိုမီ သင်္ဘော ကပ္ပတိန်က မိမိတို့ သင်္ဘော ပြန်ပေးဆွဲ ခံရပြီး သင်္ဘော အမှုထမ်းများ အခြေအနေ ကောင်းမွန်သည်ဟု ရေဒီယိုဖြင့် သတင်းပို့ခဲ့ကြောင်း အီးယူ ပင်လယ်ဓားပြ နှိမ်နင်းရေးတပ်ဖွဲ့ Navtor က ပြောကြားပါသည်။

          သင်္ဘော အမှုထမ်းများတွင် အင်ဒိုနီးရှား (၁၇) ဦး၊ တရုတ် (၅) ဦး၊ နိုင်ဂျီးရီယား (၁) ဦးနှင့် ဗီယက်နမ် (၁) ဦး ပါဝင်သည်ဟု သိရှိရပါသည်။

          ဆိုမာလီ ကမ်းလွန်တွင် ဖြစ်ပွားနေကျ ပင်လယ်ဓားပြ အပိုင်စီးမှုများကို တားဆီး နှိမ်နင်းရန် နိုင်ငံတကာ ရေတပ်ဖွဲ့များက ကြိုးစားနေကြဆဲ ဖြစ်ပါသည်။

0 comments:

Post a Comment