Transparency Myanmar

transparency.myanmar@gmail.com

VOA News, 9th January 2010

          ဘင်္ဂလား ပင်လယ်အော်ရှိ ပင်လယ်ပြင်နှင့် ပတ်သက်၍ ကာလ ကြာမြင့်စွာ အငြင်းပွားနေမှုကို ဖြေရှင်းနိုင်ရန် အလျှော့အတင်းလုပ် ညှိနှိုင်းကြမည်ဟု မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်က ပြောကြားပါသည်။

          ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းမြို့တော် စစ်တကောင်းတွင် ပြုလုပ်သော ဆွေးနွေးပွဲ အပြီး စနေနေ့တွင် အထက်ပါ ဆုံးဖြတ်ချက်ကို နှစ်ဖက်စလုံးက ကြေညာခဲ့ပါသည်။

          ညီတူညီမျှ အကွာအဝေးနှင့် တရားမျှတမှု စည်းမျဉ်းများကို ပေါင်းစပ်ကာ နယ်မြေ ပိုင်နက် ပိုင်းခြားမှု ဆိုင်ရာ သဘော တူညီချက်များ ရရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်း ရပ်ကွက်က ပြောကြား ပါသည်။

          ပင်လယ်ပြင် ပိုင်နက်ကိစ္စနှင့် ပတ်သက်သော ဒုတိယအကြိမ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် လာမည့် ဧပြီလ၌ ကျင်းပ နိုင်လိမ့်မည်ဟု နှစ်ဖက်စလုံးက ဆိုပါသည်။

          အဆိုပါ အငြင်းပွား နယ်မြေသည် မိမိတို့၏ သီးသန့် စီးပွားရေးဇုံ အတွင်းတွင် ရှိသည်ဟု မြန်မာနိုင်ငံက ပြောကြားခဲ့ပြီး အဆိုပါ ရေပြင်တွင် ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေး ပလက်ဖောင်းကို တည်ဆောက်ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာတို့သည် နယ်မြေကို ချဲ့ကား၍ ပြောဆိုနေခြင်း ဖြစ် သည်ဟု ပြန်လည် စွပ်စွဲခဲ့ပါသည်။

          မြန်မာနိုင်ငံက တောင်ကိုရီးယား ကုမ္ပဏီကို ရေနံ ရှာဖွေရန် ခွင့်ပြု ခဲ့ပြီးနောက် ပြီးခဲ့သော နိုဝင်ဘာလတွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် စစ်တပ်များ တင်းမာမှု ဖြစ်ပွားခဲ့ပါသည်။

0 comments:

Post a Comment