Transparency Myanmar

transparency.myanmar@gmail.com

BBC News, 11th January 2010

မြောက်ကိုရီးယားသည် အမေရိကန်တို့နှင့် ငြိမ်းချမ်းရေး စာချုပ်အတွက်သာမက အရေးယူ ပိတ်ဆို့မှုများ ရပ်ဆိုင်းသွားရေး အတွက် အလဲအလှယ်အနေနှင့် ၎င်း၏ နျူကလီးယား အစီအစဉ်  ဆွေးနွေးမှုများသို့ ပြန်လာမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားလိုက်ပါသည်။

၁၉၅၀ - ၅၃ ကိုးရီးယား စစ်ပွဲသည် အပစ်အခတ် ရပ်စဲပြီး ပြီးဆုံးသွားခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး စာချုပ် မရှိခဲ့ပါ။

မြောက်ကိုရီးယား၏ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းမှာ အမေရိကန် ကိုယ်စားလှယ်က ပြုံးယမ်းအနေဖြင့်  အမေရိကန်နှင့် ပိုမို ကောင်းမွန်သော ဆက်ဆံရေးကို အလိုရှိပါက၊ ၎င်းတို့၏ စံချိန်တင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိုးတက်မှု ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

မြောက်ကိုရီးယား လူ့အခွင့်အရေးအတွက် အမေရိကန် အထူး ကိုယ်စားလှယ် Rober King သည် ၎င်း၏ ပထမဆုံး တရားဝင် ခရီးစဉ် အဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိနေပါသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန၏ ကြေညာချက်ကို နိုင်ငံပိုင်သတင်းဌာနမှ ဖော်ပြရာတွင် ပြုံးယမ်းနှင့် အမေရိကန်ကြား ရန်ဖက် ဆက်ဆံရေး၏ အကြောင်းရင်း ဖြစ်သော စစ်ပွဲ ဖြစ်နိုင်ချေကို ရပ်ဆိုင်းသွားရေးအတွက် ငြိမ်းချမ်းရေး စာချုပ် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား အစီအစဉ်အတွက် ပြုလုပ်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာနိုင်ကြောင်း ယခင်ကတည်းက ပြောကြားခဲ့ပါသည်။ ယခု ထုတ်ပြန်ခဲ့မှုသည် ပြီးခဲ့သည့် ဒီဇင်ဘာက အမေရိကန် ကိုယ်စားလှယ် Stephen Bosworth ပြုံယမ်းသို့ လာရောက်ပြီးကတည်းက ပထမဆုံး တောင်းဆိုမှု အခြေအနေများ ဖြစ်လိမ့်မည် ဖြစ်ပါသည်။

Mr. Bosworth သည် အမေရိကန် သမ္မတ Barack Obama ၏ မြောက်ကိုရီးယားကို ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် တောင်းဆိုထားသော စာကို ယူဆောင်သွားခဲ့ပါသည်။

နိုင်ငံခြားရေးဌာန ကြေညာချက်တွင် ငြိမ်းချမ်းရေးစာချုပ်နှင့် ပတ်သက်သော ဆွေးနွေးမှုကို ခြောက်နိုင်ငံ ဆွေးနွေးပွဲ၏ အစိတ်အပိုင်းအဖြစ် သော်လည်းကောင်း၊ သီးခြားသော်လည်းကောင်း ပြုလုပ်နိုင်သည်ဟု ဖော်ပြထားပါသည်။

အဆိုပါ ကြေညာချက်သည် အမေရိကန် ကိုယ်စားလှယ် King က မြောက်ကိုရီးယား၏ လူ့အခွင့်အရေး အခြေအနေသည် ဆိုးရွားသော အခြေအနေတွင် ရှိကြောင်း ဖော်ပြခဲ့သောကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

လူ့အခွင့်အရေး မရှိသော အဆိုးရွားဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ King က ၎င်း၏ အချက်အလက် ရှာဖွေရေး ခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ လာရောက်သော ပထမနေ့တွင် ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့ အခန်းအနားတွေမှာ ပြောခဲ့သလို အမေရိကန်နှင့် မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေးမှာ လူ့အခွင့်အရေးကိစ္စ ပါဝင်ရပါမယ်" ဟု Mr. King က တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myung – Hwan နှင့် တွေ့ဆုံအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

"အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ကြားမှာ ဆက်ဆံရေး တိုးတက်လာဖို့ဆိုရင် မြောက်ကိုရီးယား အနေနဲ့ လူ့အခွင့်အရေးကို များစွာ အလေးထားဖို့ လိုပါလိမ့်မယ်၊ ဒီအချက်ဟာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်" ဟု Mr. King က ပြောခဲ့ပါသည်။

မြောက်ကိုရီးယားသည် ၎င်း၏ တာဝေးပစ် ဒုံးပျံများ စမ်းသပ်ခဲ့မှုအပေါ် ကျယ်ပြန့်စွာ ကန့်ကွက်မှုကြောင့် ပြီးခဲ့သည့် ဧပြီလက ခြောက်နိုင်ငံ အစည်းအဝေးမှ ထွက်ခွာသွားခဲ့ပါသည်။

မေလတွင် နျူကလီးယား စမ်းသပ်မှုများ ဆက်လက် ပြုလုပ်ခဲ့ရာ နိုင်ငံတကာ ဖိအားပေးမှုများ ကြီးထွားလာခဲ့ပြီး ကုလသမဂ္ဂ အရေးယူမှုကို ရေးဆွဲခဲ့ပါသည်။

သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာလက အမေရိကန် သမ္မတ Barack Obama ၏ အထူး ကိုယ်စားလှယ် Stephen Bosworth ပြုံးယမ်းသို့ သွားရောက် အပြီးတွင် မြောက်ကိုရီးယားတို့ အနေဖြင့် အမေရိကန်နှင့် အမြင်မတူမှုများကို ပိုမို ကျဉ်းမြောင်းသွားစေရန် အလုပ်လုပ်လိုကြောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment