Transparency Myanmar

transparency.myanmar@gmail.com

newsinfo.inquirer.net, 17th January 2010

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကာဆူယာ အိုဆာဒါသည် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် တရား မျှတသော ရွေးကောက်ပွဲကို ကျင်းပရန် မြန်မာ အစိုးရအား တနင်္ဂနွေနေ့က တိုက်တွန်းခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြားပါသည်။

အာရှနှင့် လက်တင် အမေရိက နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲ၏ အဝန်းအဝိုင်းတွင် မိနစ် (၂၀) ကြာ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်အတွင်း အိုကာဒါက မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းကို အကယ်၍ လွတ်လပ်သော ရွေးကောက်ပွဲသာ ကျင်းပပေးမည် ဆိုပါက ကူညီ ထောက်ပံ့မှုများ ပိုမို ရရှိ နိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုတိုင် ရက်သတ်မှတ်ခြင်း မရှိသေးသည့် ရွေးကောက်ပွဲများ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး စေလိုသည့် ဂျပန်နိုင်ငံ၏ မျှော်လင့်ချက်များကို အိုကာဒါက ထပ်မံ ပြောကြားခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါသည်။

ရွေးကောက်ပွဲများသည် ပါတီ အားလုံးနှင့် ပြည်သူများကို တံခါး ဖွင့်ပေးမည် ဖြစ်ပြီး၊ လူအများ မျှော်လင့်နေကြသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ပါဝင် ယှဉ်ပြိုင်ရန်ကိုလည်း တံခါး ဖွင့်ထား မည်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်ဟု သိရှိရပါသည်။

မြန်မာ စစ်ဖက် အုပ်ချုပ်သူများသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်ကို လွန်ခဲ့သော အနှစ် (၂၀) အတွင်း (၁၄) နှစ်ခန့် ထိန်းသိမ်း ထားခဲ့ပြီး ၁၉၉၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် သူမ၏ ပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့သော ရလဒ်များကို အသိအမှတ် ပြုရန် ငြင်းဆန်ခဲ့ပါသည်။

          မြန်မာနိုင်ငံအား ၎င်း၏ အဓိက နိုင်ငံရေး ထောက်ခံသူနှင့် ကုန်သွယ်ဖက်၊ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ပိုမို နီးစပ်ရန် စစ်ဖက် အစိုးရက တွန်းအားပေးနိုင်သော အချက်ကို ပြင်းပြင်းထန်ထန် သတိပေးနေသော ဂျပန်နိုင်ငံသည် မြန်မာ အစိုးရ နှင့် ကုန်သွယ်ရေး၊ ညှိနှိုင်း ဆွေးနွေးရေး တို့ကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment