Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Ba Kaung, 28th January 2009

မကြာသေးမီက ပြည်ထဲရေး ဝန်ကြီးက သူမအား လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု မှတ်ချက်ပေးမှုသည် လက်ရှိ တရားရုံးချုပ်တွင် အယူခံဝင်သည့် လုပ်ငန်းစဉ်တွင် အနှောင့်အယှက် အတားအဆီး ဖြစ်စေကြောင်း ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရှေ့နေနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်ပါသည်။

ရှေ့နေ ဦးဥာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြာသပတေးနေ့က နေ့လည် (၁) နာရီ မှ (၃) နာရီခွဲအထိ တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် သူမက သူမကို လွှတ်ပေးမည့် သတင်းသည် နောက်ဆုံး အယူခံဝင်ရာတွင် တရားရုံးမှ ဆုံးဖြတ်ချက် ချမည့် အရေးကို နှောင့်နှေးစေမည် ဖြစ်ကြောင်း ပြောသည်ဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုလို ဗဟို တရားရုံး၌ ဆုံးဖြတ်ပေးရန် ကြန့်ကြာနေချိန်တွင် ဗိုလ်ချုပ် မောင်ဦး၏ မှတ်ချက်သည် လုံးဝ သင့်တော်ခြင်း မရှိကြောင်း ပြောခဲ့သည်ဟု သူမ၏ ရှေ့နေက ပြောပါသည်။

သူမသည် ထိုအကြောင်းနှင့် ပတ်သက်၍ သူမ၏ အမြင်ကို ပြောရာတွင် ပြင်းထန်သော စကားလုံးများကို သုံးခဲ့သည်ဟု ၎င်းက ပြောပါသည်။

ဗိုလ်ချုပ် မောင်ဦးသည် အဆိုပါ ဒေသ အာဏာပိုင်များကို ပြောကြားရာတွင် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည် ဖြစ်ပြီး၊ လိမ်ညာမှုများ ရှိမည်မဟုတ်ဟုလည်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၈) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများသည် ဗဟို တရားရုံးတွင် သူမ ပြစ်ဒဏ်အတွက် အယူခံဝင်ရာ၌ နောက်ဆုံး ထွက်ဆိုချက် ပေးခဲ့ပါသည်။ ဆုံးဖြတ်ချက်ကို တစ်လအတွင်း ချလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ဦးဥာဏ်ဝင်းက ပြောကြားရာတွင် သူမ၏ အယူခံဝင်မှု ဆက်လက် ပြုလုပ်ရာတွင် လိုအပ်သည့် တရားဝင် လုပ်ဆောင်ချက်များ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ကြောင်း ဆိုပါသည်။ ထို့အပြင် သူမနှင့် အိမ်ပြင်ဆင်ရေး ရပ်ဆိုင်းထားမှု၊ သူမ၏ အစ်ကို အောင်ဆန်းဦး၏ ကန့်ကွက်မှုအရ ရပ်ဆိုင်းထားရခြင်း တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

သူမ၏ အိမ် ပြင်ဆင်ခြင်းကို ကန့်ကွက်ခြင်း၏ နောက်ကွယ်တွင် မရိုးသားမှု သော်လည်းကောင်း၊ လျှို့ဝှက်၍ စီစဉ်သော အကြောင်းများ ရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သံသယ ရှိနေကြောင်း ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မလုံခြုံသော အိမ်တွင် နေနေရကြောင်း၊ အိမ်ပြင်ဆင်ရန် မျက်နှာကြက်အား ဖျက်ထားကြောင်း ဦးဥာဏ်ဝင်းက ပြောပါသည်။

မိုးရွာလျှင် တစ်အိမ်လုံး မိုးစိုကုန်မှာ ဖြစ်ကြောင်း၊ သို့သော် သူမက ဘာမျှ စောဒက တက်ခြင်း မရှိကြောင်း ဦးဥာဏ်ဝင်းက ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာ ကောင်းမွန်ကြောင်း ၎င်းက ပြောပါသည်။

အိမ်ပြင်ဆင်ခြင်းကို ကန့်ကွက်စာ မိတ္တူကူးယူ ခွင့်ပြုရန် ရန်ကုန် စည်ပင်သာယာသို့ တောင်းဆိုရာ၊ မည်သည့် အကြောင်းပြန်မှုမျှ မရရှိကြောင်း ဦးဥာဏ်ဝင်းက ပြောပါသည်။ မိမိတို့ ရန်ကုန်စည်ပင်ကို ကန့်ကွက်မှုသည် ဥပဒေနှင့် မညီညွတ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ တိုးချဲ့မည့် အစီအစဉ်များနှင့် ပါတီကို အင်အား တောင့်တင်း စေနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment