Transparency Myanmar

transparency.myanmar@gmail.com

burmanet.org, By Amitabh Pal, 29th January 2009

          မြန်မာ အစိုးရသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွတ်ပေးမည်ဟု ဆိုခဲ့သည်။ သို့သော် လွှတ်သည့် အချိန်တွင် ရွေးကောက်ပွဲ ကျင်းပပြီး တစ်လအကြာတွင် ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အား မပါဝင် နိုင်ရန် တားဆီး ထားခြင်း ဖြစ်သည်။

          သူမအား အမေရိကန်တစ်ဦး ရေကူး ဝင်ရောက်လာသော အမှုဖြင့် နေအိမ် အကျယ်ချုပ် ၁၈ လ ထပ်မံ ချထားခဲ့သည်။

          စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုသို့ လွှတ်ပေးမည်ဟု ပြောသည်မှာ တစ်နှစ်တာ ကာလ အတွင်း အမေရိကန်-မြန်မာ မူဝါဒအား ပြန်လည် သုံးသပ်နေသည့် အချိန် ဖြစ်နေခြင်းပင် ဖြစ်သည်။ Obama အစိုးရသည် ကိုးလကြာ ပြန်လည် သုံးသပ်ပြီး မြန်မာ အစိုးရနှင့် ဆက်ဆံရေးများ ပြန်လည် ပြုလုပ်ရန်နှင့် သမ္မတ ကလင်တန် လက်ထက်က ချထားသော အရေးယူမှုများကို ဆက်လက် ထားရှိရန် ပြောကြားခဲ့သည်။ မြန်မာ အဏာရှင်များနှင့် ၂ ကြိမ် တွေ့ဆုံခဲ့သည်။

          သို့သော် အိုဘားမား၏ ချဉ်းကပ်မှုသည် အလုပ်ရော ဖြစ်ရဲ့လားဟု မေးခွန်း ထုတ်စရာ ရှိပေသည်။ ၎င်းမှာ သင် မည်သူ့ကို မေးသနည်း ဆိုသည့်အပေါ် မူတည်သည်။ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ Nehginpao Kipgen ကမူ အမေရိကန်၏ မူဝါဒ ပြောင်းလဲမှုအား ချီးကျူးလိုက်ပြီး Obama အစိုးရကို ထိုလမ်းစဉ်အတိုင်း ဆက်သွားရန် တောင်းဆိုခဲ့သည်။

          မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတွင် မသေချာမှုများ ပတ်လည်ဝိုင်းလျက် ရှိနေသေးသော်လည်း၊ အမေရိကန် အစိုးရအနေဖြင့် ဆက်၍ ဆက်ဆံသွားရန် အရေးကြီးကြောင်း Kipgen က ရေးသားခဲ့သည်။    ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကြားတွင် အဓိပ္ပါယ် ရှိသော တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ရေးကို အားပေးရမည် ဖြစ်ပြီး၊ သို့မှသာ အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် လမ်းခင်း ပေးမည့် ရည်မှန်းချက်ကို ပြည့်စုံစေမည် ဖြစ်သည်ဟု ရေးသား ခဲ့သည်။

          လန်ဒန်မှ စောင့်ကြည့် လေ့လာသူ Nick Cohen ကမူ မြန်မာ အမေရိကန် ညီညီအောင်အား ထောင်ထဲတွင် တိုက်ပိတ်ထားခြင်းနှင့် စပ်လျဉ်း၍ Obama အစိုးရက ဘာမျှ မပြောခြင်းကို ကန့်ကွက်ခဲ့ပြီး၊ ဆိုးဝါးသော မြန်မာ အစိုးရကို ၎င်းတို့နှင့် ဆက်ဆံရေး ပြန်ကောင်းရန် ငြိမ်နေသည့် သဘောဟု ဆိုသည်။

          Burma Campaisn UK အဖွဲ့မှ Mark Farmaner ပြောသကဲ့သို့ လူ့အခွင့်အရေးနှင့် ပတ်သက် ၍ မကန့်ကွက်ကြသော ဥရောပနှင့် အာရှနိုင်ငံများသည် ငွေရှာရေးကိုသာ လိုလားနေကြပြီး၊ ထိုတိုင်းပြည်များကို အမေရိကန်က မြန်မာနိုင်ငံအား အရေးယူရေး ဖိအားပေးခြင်း မပြုဟု Coben က ရေးသား ထားပါသည်။ Obama ကို ရွေးကောက် တင်မြှောက်ခဲ့စဉ်က မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ ထားရှိသော မျှော်လင့်ချက်များလည်း ကုန်သွားပြီ ဖြစ်သည်ဟု ရေးသား ထားသေးသည်။

          မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုများ ကြားတွင် နှစ်ပေါင်း များစွာ ဖြစ်ပေါ်ခဲ့သော ငြင်းခုန်မှုများ ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံကို နိုင်ငံတကာက အထီးကျန် ပြုရန် တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ မှ ၁၉၇၁ ထိ ထမ်းဆောင်ခဲ့သည့် ဦးသန့်၏ မြေးဖြစ်သူ မြန်မာ - အမေရိကန် သန့်မြင့်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ နေရာကို ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

          Obama အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒ အသစ်မှာ ယခု နှစ်ကုန်တွင် ပြောင်းလဲမှု ဖြစ်ပေါ်ခြင်း ရှိမရှိပေါ် မူတည်၍ အစမ်းသပ် ခံရမည် ဖြစ်သည်။ ယခု လတ်တလော အားဖြင့်မူ၊ အကောင်းမြင်ဝါဒ သက်သက်သာ ထားရှိရမည် ဖြစ်ပြီး၊ ဘာမျှ မယ်မယ်ရရ ဆုပ်ကိုင် မပြနိုင်သေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment