Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news,4th Feb 2010

          အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကိုယ်စားလှယ်များ ကော်မတီ အင်အားကြီး အဖွဲ့၏ ဥက္ကဌ အပါအဝင် အမေရိကန် ကွန်ဂရက် အမတ် အမျိုးသား၊ အမျိုးသမီး (၂၉) ဦးက ကရင် ဒုက္ခသည် (၃၀၀၀) အနက် အချို့ကို ပြန်ပို့သည့် အစီအစဉ်ကို ရပ်ဆိုင်းရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အား မေတ္တာရပ်ခံချက်ကို ထုတ်ပြန် လိုက်ပါသည်။

လူ့အခွင့်အရေး အဖွဲ့များနှင့် NGO အဖွဲ့များက မေတ္တာ ရပ်ခံနေသည့် ကြားမှ ကရင်ဒုက္ခသည် ပထမအသုတ်ကို သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ထားပါသည်။ အဆိုပါ ဒုက္ခသည်များသည် ၂၀၀၉ ဇွန်လက DKBA စစ်တပ်နှင့် KNLA စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ရာဂျီဗားထံ မေတ္တာရပ်ခံချက်တွင် အမေရိကန် လွှတ်တော် အမတ်များက "ဒုက္ခသည်များကို မြန်မာနိုင်ငံ တိုက်ပွဲဇုံသို့ ပြန်ပို့ခြင်းကို ရပ်ဆိုင်းရန်နှင့် ထိုင်းနိုင်ငံ အတွင်း အကာအကွယ် ပေးထားခြင်းကို ဆက်လက် ခွင့်ပြုရန် သင့်အား အရေးပေါ် တောင်းဆိုပါသည်" ဟု ဖော်ပြ ပါရှိပါသည်။

သမိုင်းကြောင်းအရ ထိုင်းနိုင်ငံသည်  ဆိုးဝါးစွာ ဖိနှိပ်ခံရမှုကြောင့် ထွက်ပြေးလာသူများအား ဒုက္ခသည် အဖြစ် လက်ခံ ထောက်ပံ့ခဲ့ခြင်း အတွက် ဂုဏ်သိက္ခာ မြင့်မားသော နိုင်ငံတခု ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ယခု အပြုအမှုများက အထက်ပါ ဂုဏ်သိက္ခာကို သေးသိမ် ကျဆင်းစေပါလိမ့်မည်ဟု ၎င်းတို့က ထိုင်းဝန်ကြီးချုပ်ကို သတိပေးထားပါသည်။

အထက်ပါ ပေးစာကို လက်မှတ်ရေးထိုးသူများတွင် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ Howard Burman၊ ကော်မတီ တာဝန်ရှိ အဖွဲ့ဝင် ILeane Ros-Lehtinen၊ James P Mc Govern နှင့် Tom Lantos လူ့အခွင့်အရေး ကော်မရှင် ပူးတွဲ ဥက္ကဌ Frank Wolf တို့ ပါဝင်ပါသည်။

ထိုင်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ကို အမေရိကန် ပြည်ထောင်စုက နားလည် သဘောပေါက်ပါသည်။ ထို့အတွက် လွန်ခဲ့သော (၄)နှစ်ခန့် အတွင်း ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည် အရေအတွက် သောင်းဂဏန်းကို ပြောင်းရွှေ့ နေရာချထားရန် ကူညီခဲ့ပါသည်ဟု ပေးစာတွင် ဖော်ပြထားပြီး အကယ်၍ အတင်းအကျပ် ပြန်ပို့ခဲ့ပါက ကြောက်စရာကောင်းသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဒုက္ခသည်များ ခံစားရလိမ့်မည်ဟု ၎င်းတို့က သတိပေးလိုက်ပါသည်။

ပြန်ပို့ခံရသော ဒုက္ခသည်များ အတွက် အတင်းအကျပ် ခိုင်းစေခံခြင်း၊ ညှင်းပန်း နှိပ်စက်ခံရခြင်း၊ မိုင်းများကြောင့် ခြေလက်ပြတ်ခြင်း၊ အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းခံရခြင်း၊ ကလေးသူငယ် စစ်သား ပြဿနာများ အပါအဝင် ခိုးဆိုးလုယက်မှုများကို တွေ့ကြုံခံစားရမည်မှာ သံသယရှိစရာ မလိုပါ။ ၎င်းတို့ အသက်ရှင် ရပ်တည်ရေးအတွက် များစွာ ခက်ခဲပါလိမ့်မည်ဟုလည်း ဖော်ပြထားပါသည်။

ပြန်ပို့ခြင်း ခံရမည့် ဒုက္ခသည်များအနက် တဝက်ကျော်မှာ အမျိုးသမီးများနှင့် ကလေးများ ပါဝင်ပါသည်။ မုဒိန်းမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စိုးရွံ့နေရသော ပတ်ဝန်းကျင်တွင် မည်သူက နေလိုပါမည်နည်းဟုလည်း လွှတ်တော် အမတ်များက ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment