Transparency Myanmar

transparency.myanmar@gmail.com

Bangkokpost.com,5th Feb 2010

          ထိုင်းနိုင်ငံ Tak ရှိ ဒုက္ခသည် ၁၆၁ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် စစ်တပ်မှ စတင် စီစဉ်နေကြောင်း၊ ဗိုလ်မှူးကြီး Noppadol Vacharachitbovorn က သောကြာနေ့က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် လူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်နေသည့်ကြားမှ ပြန်လည် ပို့ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

အမှတ် (၃၅) ရိန်းဂျားတပ်ရင်းမှ တပ်မှူးက ၎င်း၏တပ်များကို ကရင်ဒုက္ခသည်များ ထိုင်း-မြန်မာ နယ်ခြားထားသော Moei မြစ်ကိုဖြတ်၍ နေရပ်ပြန်ရေး အကူအညီပေးရန် ညွှန်ကြား ထားကြောင်း၊ ၎င်းတို့သည် ထိုင်းနိုင်ငံ Tha Song Yang နယ်ရှိ Tambon Mae Usa မှ Ban Nong Bua နှင့် Ban Mae Usuthae တို့၏ တဖက်ခြမ်းရှိ မြန်မာရွာမှ ဖြစ်ကြပါသည်။

၎င်းက ပြောကြားရာတွင် မြန်မာဘက်ခြမ်း မြစ်ကမ်းတွင် မြန်မာတပ်များနှင့် တိုင်းရင်းသား အဖွဲ့များ တိုက်ပွဲများ မဖြစ်သည်မှာ အတော်ကြာပြီ ဖြစ်၍ ဒုက္ခသည်များမှာ ၎င်းတို့နေရာသို့ ပြန်လိုကြောင်း ဆိုခဲ့ပါသည်။

ယမန်နှစ် ဇွန်လ (၂) ရက်နေ့က ကရင် ဒုက္ခသည် (၃၀၀၀) ကျော်သည် Moei မြစ်ကို ဖြတ်၍ Ban Nong Bua နှင့် Ban Mae Usutha သို့ ထွက်ပြေးလာကြသည်ဟု ဆိုပါသည်။

၎င်းတို့အနက်မှ (၁၅၀၀) ခန့်သည် ၎င်းတို့ ဆန္ဒအလျောက် နေရပ်သို့ ပြန်သွားကြပြီး ဖြစ်ကြောင်း ကျန်သူများလည်း တဖြည်းဖြည်း ပြန်ကြရမှာ ဖြစ်ကြောင်း ဗိုလ်မှူးကြီး Noppadol က ပြောပါသည်။

ထိုင်းနိုင်ငံနှင့် နိုင်ငံတကာမှ လူ့အခွင့်အရေး အဖွဲ့ (၄၀) ခန့်သည် ကြာသပတေးနေ့က ထိုင်းဝန်ကြီးချုပ် Abhisit ထံသို့ ကရင် ဒုက္ခသည်များ ပြန်ပို့ခြင်းကို ရပ်ဆိုင်းပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြပါသည်။

၎င်းတို့က ဒုက္ခသည်များသည် ၎င်းတို့၏ နေရပ်ရွာများတွင် မြေမြှုပ်ဗုံး မိုင်းများကြောင့် အသက် အန္တရာယ် စိုးရိမ်ရကြောင်း ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment