Transparency Myanmar

transparency.myanmar@gmail.com

Reuters, From Flexnews , 12th February 2010

          မြန်မာနိုင်ငံတွင် မနှစ်က ဆန်တင်ပို့မှု နှစ်ဆ မြင့်တက်ခဲ့ပြီးနောက်၊ လယ်ယာနှင့် ပတ်သက်သော ပြုပြင်မှုများ ပြုလုပ်ကာ ယခင်ကအတိုင်း ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ပြန်ဖြစ်ရေးကို အိပ်မက် မက်နေပြီ ဖြစ်ပါသည်။ စီမံခန့်ခွဲမှု မှားယွင်းမှုများနှင့် အရေးယူ ပိတ်ဆို့မှုများကြောင့် ဆန်တင်ပို့မှု ပမာဏများ ကျဆင်းခဲ့ရခြင်းဖြစ်သည်။

          ကုန်သည်များက တိုးတက်မှု ရှိလာကြောင်း ပြောကြားခဲ့ကြပြီး၊ သို့သော် ယခင်လို ဆန်တင်ပို့မှု အများဆုံး ဖြစ်ရန်မူ နှစ်အနည်းငယ် ကြိုးစားဖို့ လိုကြောင်း၊ အသစ် ဖွဲ့စည်းခဲ့သော မြန်မာ့ဆန်စပါး လုပ်ငန်းအသင်း (MRIA) မှ အကြီးအကဲက ပြောကြားခဲ့သည်။

          မြန်မာနိုင်ငံသည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ဗီယက်နမ်တို့ထက် စာလျှင် ဆန်ထုတ်လုပ်မှု တိုးတက်ရန် အလားအလာ အများကြီး ရှိကြောင်း သို့သော် ၎င်းတို့ကဲ့သို့ တိုးတက်ရန် အများကြီး လုပ်ရဦးမည် ဖြစ်ကြောင်း MRIA ဥက္ကဌ ဦးချစ်ခိုင်က Reuters သို့ ပြောကြားခဲ့သည်။

          ထိုင်းနိုင်ငံသည် ကမ္ဘာထိပ်တန်း ဆန်တင်ပို့သူ ဖြစ်ပြီး ၂၀၀၉ ခုနှစ်က ဆန်တန်ချိန် (၈.၅၇) သန်းနှင့် ၂၀၀၈ ခုနှစ်က တန်ချိန် ၁၀ သန်း တင်ပို့ခဲ့ပါသည်။ ဗီယက်နမ်သည် ဒုတိယ အများဆုံး ဖြစ်ပြီး ၂၀၀၉ ခုနှစ်က တန်ချိန် (၆) သန်း တင်ပို့ခဲ့သည်။

          ကုလသမဂ္ဂ၏ FAO မှ ပြောကြားရာတွင် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသည် ဆန်တန်ချိန် (၈) သိန်း တင်ပို့ခဲ့သည်ဟု ဆိုသည်။ သို့သော် ပုဂ္ဂလိက စစ်ဆေးရေးအဖွဲ့ ဖြစ်သော SGS (Myanmar) ကမူ ဆန်တန်ချိန် (၁.၀၃) သန်း တင်ပို့ခဲ့သည်ဟု ဆိုသည်။ ၂၀၀၈ ခုနှစ်က ဆန်တန်ချိန် ၅၄၇၀၀၀ သာ တင်ပို့နိုင်ခဲ့သည်။

          မိမိတို့၏ ဆန်အများစုသည် အနောက် အာဖရိကသို့ တင်ပို့ပြီး ပိုမို တိုးတက် ဝယ်ယူရန် ရှိနေကြောင်း၊ မိမိတို့၏ ဈေးချိုသာမှုကလည်း ဆွဲဆောင်မှု ရှိကြောင်း SGS မန်နေဂျင်း ဒါရိုက်တာ ဦးကျော်တင်က ပြောသည်။

          ယခုအခါ မိမိတို့သည် ပြည်တွင်း ဖူလုံမှုကို စိတ်ပူစရာ မလိုဘဲ တန် (၈) သောင်းခန့် အသာလေး တင်ပို့နိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားလိုက်သည်။

          SGS သည် ၂၀၀၈ ခုနှစ်က ဆန်လက်ကျန် တန် ၃၀၀၀၀ တင်ပို့မှုအား ၂၀၀၉ ခုနှစ် စာရင်းတွင် ထည့်ပေါင်းထားခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့ပြီး ဆန်တင်ပို့မှုများ ရပ်ဆိုင်းခဲ့ရသည်။

          ၁၉၃၄ ခုနှစ်က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး ဖြစ်ခဲ့ပြီး ဆန်တန်ချိန် ၃.၄ သန်း တင်ပို့နိုင်ခဲ့သည်။

          ဆန်စပါးတင်ပို့မှုကဏ္ဍသည် ၁၉၆၂ မှ ၁၉၈၈ အတွင်း ဆိုရှယ်လစ်အစိုးရလက်အောက်တွင် မှားယွင်းသော စီမံခန့်ခွဲမှုကြောင့် ကျဆင်းခဲ့ရပြီး၊ တိုင်းပြည်သည်လည်း လူအခွင့်အရေးချိုးဖောက်မှု များကြောင့် အနောက်နိုင်ငံများမှ ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ရာ အလူးအလဲခံစားခဲ့ရ ပါသည်။

          ၁၉၈၈ ခုနှစ်ကတည်းက အာဏာရယူခဲ့သည့် စစ်အစိုးရသည် ဆန်စပါးကဏ္ဍပြန်လည်နိုးထ လာရေးအတွက် ကြိုးစားခဲ့ရာ စိုက်ပျိုးသူများ၊ ဆန်စက်ပိုင်ရှင်များနှင့် ဆန်တင်ပို့သူများ စုပေါင်း၍ MRIA ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လွတ်လပ်သော စီးပွားရေးပညာရှင်များနှင့် နည်းပညာရှင်များစု၍ Think Tank တစ်ခုဖွဲထားပါသေးသည်။

          ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် စပါးတစ်ဧကလျှင် တင်း ၂၀၀ (တစ်တင်းလျှင် ၄၆ ပေါင်(သို့) ၂၁ ကီလိုဂရမ်)ထွက်ရှိသော်လည်း မြန်မာနိုင်ငံတွင် တစ်ဧကတင်း ၆၀ သာထွက်ပါသည်။ ဟု ဦးချစ်ခိုင်ကပြောပါသည်။

          ထိုင်းနိုင်ငံနှင့်ဗီယက်နမ်တို့သည် တန်ချိန် ၁၀ သန်းနှင့် ၆ သန်းအသီးသီးတင်ပို့သည်ဟု ဆိုရာ တွင်၊ ၎င်းတို့၏ ပြည်တွင်းဈေးကွက်ကို မထိခိုက်ပေ။ မိမိတို့နိုင်ငံတွင်မူ တန်ချိန်တစ်သန်းလောက် ပို့ခဲ့ မည်ဆိုလျှင်၊ ဈေးကွက်တွင် အနည်းငယ်ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းကပြောပါသည်။

          စိုက်ပျိုးရေးကဏ္ဍကို တိုးတက်အောင်ပြုလုပ်ခြင်းသည် လူဦးရေအများစုကို လူနေမှုစနစ်မြှင့် တင်ပေးရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် မြန်မာ့လူဦးရေ၏ ၇၀% သည် လယ်သမားများနှင့် ၎င်းတို့၏ မိသားစုများဖြစ်ကြကြောင်း၊ အသက် ၆၂ နှစ်ရှိအဆိုပါ စီးပွားရေး လုပ်ငန်းရှင်ကပြောပါသည်။

          ယခုမိမိတို့လုပ်နေသော အရေးအကြီးဆုံးတစ်ခုမှာ စပါးစိုက်ဧက၊ အထွက်နှုန်း၊ ပြည်တွင်းစား သုံးမှုလိုအပ်ချက်၊ ဆန်စီးဆင်းမှုစသည်များကို မှန်ကန်တိကျသော စာရင်းဇယားမရှိပဲ၊ မှန်ကန်သော မူဝါဒချမှတ်ရန် အခက်အခဲရှိကြောင်း ၎င်းကပြောပါသည်။

          ယခုအချိန်တွင်မူ ၂၀၁၀ ခုနှစ်အတွက် ဆန်မည်မျှတင်ပို့မည်ဆိုသည်ကို တရားဝင်ခန့်မှန်းမှုများ မရှိသေးပါ။ ပြီးခဲ့သည့် ဒီဇင်ဘာလက FAO မှ ခန့်မှန်းရာတွင် အာဖရိကမှ လိုအပ်ချက်များပြားသော ကြောင့် ဆန်တန်ချိန်တစ်သန်းခန့်တင်ပို့နိုင်လိမ့်မည်ဟုဆိုပါသည်။

          ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်း၏ ဒဏ်ကို အပြင်းအထန်ခံလိုက်ရပြီး၊ ယခုအခါ မြန်မာ့ဆန်စပါး ကဏ္ဍသည် ပြန်လည်နလံထူလာပြီး၂၀၀၉-၁၀ တွင်စပါး တန်ချိန် ၃၁.၅ သန်း ထွက်ရှိ မည်ဖြစ်ကြောင်း ကြိတ်ခွဲပြီး ဆန်တန်ချိန် ၁၉၀၈ သန်းရရှိမည်ဖြစ်ကြောင်း FAO ၏ အဆိုအရ သိရှိရပါသည်။

          ကုန်သည်များကလည်း ယခုနှစ်ပိုမိုတင်ပို့နိုင်လိမ့်မည်ဟု ဆိုနေကြပြီး၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် ဈေးနှုန်းကိစ္စ ပြိုင်ဆိုင်ရလိမ့်မည်ဟု ဆိုပါသည်။

          ၅% အကျိုးပါသော ဆန်ကိုမြန်မာနိုင်ငံက တစ်တန်လျှင် ဒေါ်လာ ၃၅၀ ဈေးဖွင့်နေချိန်တွင် အဆိုပါဆန်အဆင့်ကို ဗီယက်နမ်က ဒေါ်လာ ၄၃၀ နှင့် ထိုင်းက ဒေါ်လာ ၅၄၀ ဈေးဖွင့်ကြပါသည်။

          အဆိုပါအချက်မှာ မြန်မာနိုင်ငံ၏ အားသာချက်ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် အထူးသဖြင့် အာဖရိကသည် အရည်အသွေးမြင့်သော ဆန်များကို မတတ်နိုင်သောကြောင့် မြန်မာနိုင်ငံသည် ယခု နှစ်ဆန်ပိုမိုတင်ပို့နိုင်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံနှင့် ဆက်ဆံသူ ထိုင်းကုန်သည်တစ်ဦးကဆိုပါသည်။

          သို့သော် ကုန်သည်များက အားနည်းချက်များစွာကိုလည်းထောက်ပြကြရာ၊ ကုန်ပစ္စည်းပို့ ဆောင်ရေးစနစ်၏ အားနည်းမှု၊ အရည်အသွေးထိန်းချုပ်မှုမရှိခြင်း၊ သင်္ဘောတင်နောက်ကျမှုများအပြင် ဓာတ်မြေသြဇာနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုအမှားများကိုထောက်ပြကြပါသည်။

          မြန်မာနိုင်ငံသည် ဆန်စပါးအဓိကတင်ပို့သူဖြစ်လာနိုင်ကြောင်း၊ သို့သော် အချိန်အတော်ကြာဦး ဖြစ်ကြောင်း၊ ကုန်သည်တစ်ဦးကဆိုပါသည်။

          MRIA သည် ပြဿနာများကို ဖော်ထုတ်ခဲ့ကြောင်း ဦးချစ်ခိုင်က ပြောပါသည်။

          မိမိတို့၏ ရည်တိုမဟာဗျူဟာမှာ တစ်ဧကထွက်နှုန်းတိုးရေးအတွက် စက်မှုလယ်ယာပြုလုပ် ခြင်း၊ မျိုးစေ့အကောင်းသုံးခြင်းနှင့်ဓာတ်မြေသြဇာသုံးရေးဖြစ်ကြောင်း၊ စိုက်ပျိုးဧကတိုးရေးမှာ ရေရှည် မှသာဖြစ်လာမည်ဖြစ်ကြောင်း ဦးချစ်ခိုင်က ပြောပါသည်။

          မြန်မာနိုင်ငံတွင် ထွက်နှုန်း မကောင်းခြင်းမှာ ဓာတ်တုမြေသြဇာ အနည်းငယ်သာသုံး၍ ဖြစ်ကြောင်းသိရှိရပါသည်။ FAO ၏ ကိန်းဂဏန်းများအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် တစ်ဧက လျှင် ၆.၈ ကြိမ်ပို၍ ဓာတ်မြေသြဇာသုံးပြီး၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်သည် ၆.၃ ကြိမ်နှင့် ၅.၈ ကြိမ်ပို ၍ သုံးကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment