Transparency Myanmar

transparency.myanmar@gmail.com

Nationmultimedia.com, 12th February 2010

          မြန်မာနိုင်ငံရှိ ရတနာ ဓာတ်ငွေ့လုပ်ကွက်သည် ရက်သတ္တ ၂ ပတ်ခန့် ရပ်နားမည် ဖြစ်၍ ထိုင်း ပင်လယ်ကွေ့ရှိ သဘာဝဓာတ်ငွေ့ စီမံကိန်း အားလုံးမှ လုပ်ငန်းဆောင်ရွက်သူ ကုမ္ပဏီများအား လာမည့် မတ်လကုန်တွင် ဓာတ်ငွေ့များ စွမ်းအားပြည့် ထုတ်လုပ်ကြရန် PTT က တောင်းဆို လိုက်သည်။

          ဓာတ်ငွေ့ ပိုက်လိုင်းနှင့် စက်ကိရိယာများ တပ်ဆင်ရန်အတွက် ရပ်နားမှုကြောင့် တစ်ရက်လျှင် ဓာတ်ငွေ့ ကုဗပေ သန်း ၁၀၀၀ ခန့် လိုအပ်ချက် ရှိလိမ့်မည်ဟု သိရသည်။

          PTT ၏ ဝါရင့် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Permsak Shevawattananon က ပြောကြားရာတွင် စက်မှုနှင့် ပို့ဆောင်ရေး ကဏ္ဍ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လျော့သွားသော ထုတ်လုပ်မှုကို ကာမိရန် အနောက်ပိုင်း ဓာတ်ငွေ့ ပိုက်လိုင်းများ၏ သယ်ပို့နိုင်စွမ်းကို အမြင့်ဆုံး မြှင့်တင်ထားရမည်ဟု ဆိုသည်။

          PTT အနေဖြင့် ထိုင်းစွမ်းအင် ဝန်ကြီးဌာန၊ ထိုင်း လျှပ်စစ်ဓာတ်အား အာဏာပိုင် အဖွဲ့တို့နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်နေပြီး ကုန်ထုတ်လုပ်မှု၊ စွမ်းအင် ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် ဆိုးကျိုး သက်ရောက်မှုများ မရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု စိတ်ချ ယုံကြည်ထားကြောင်း Permsak က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment