Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 13th March 2010

          အိန္ဒိယ၊ ဥရောပ နှင့် အရှေ့တောင်အာရှ ဒေသများသို့ ဆက်သွယ်ရန် မြန်နှုန်းမြင့် ရထားလမ်း ၃ လိုင်း ဖောက်လုပ်မည့် တရုတ်နိုင်ငံ၏ မဟာစီမံကိန်းတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။

          ရည်ရွယ်ချက်မှာ ခရီးသည်များနှင့် ကုန်စည်များကို တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ ခုတ်မောင်းနိုင်သည့် မြန်နှုန်းမြင့် ရထားများဖြင့် ပို့ဆောင်ရန် ဖြစ်သည်။

          ရထားလိုင်း တစ်လိုင်းသည် ဘေဂျင်းမှ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ မလေးရှားတို့ကို ဖြတ်သန်းကာ စင်္ကာပူသို့ ပြေးဆွဲမည်ဟု တရုတ် အင်ဂျင်နီယာ အကယ်ဒမီ၏ တရားဝင် ကြေညာချက်ကို လန်ဒန် Daily Telegraph သတင်းစာက ဖော်ပြသည်။

          အရှေ့တောင် အာရှ ရထားလမ်းပိုင်းကို စတင် တည်ဆောက်သည့် အနေဖြင့် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် ရထားလမ်းကြောင်းများ စတင် ဖောက်လုပ်နေသည်ဟု တရုတ် အင်ဂျင်နီယာ အကယ်ဒမီ အဖွဲ့ဝင် ဝမ်မင်ရှုက ပြောကြားသည်။

          မြန်မာနိုင်ငံတွင်းရှိ ရထားလမ်းပိုင်း အတွက် ငွေကြေး ထောက်ပံ့ရန် တရုတ်က ကမ်းလှမ်းထားပြီး အပြန်အလှန်အားဖြင့် ဘက်ထရီများတွင် ကျယ်ပြန့်စွာ အသုံးပြုနေသည့် လီသီယမ် သတ္ထုကို မြန်မာနိုင်ငံတွင်းမှ ထုတ်ယူလိုခြင်း ဖြစ်သည်ဟု ဆိုသည်။

          ဝမ်မင်ရှုသည် တရုတ်ပြည်တွင်း မြန်နှုန်းမြင့် ရထားစီမံကိန်း၏ ဝါရင့် အတိုင်ပင်ခံ တစ်ဦး အနေဖြင့် Daily Telegraph သတင်းစာနှင့် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

          အခြား မြန်နှုန်းမြင့် ရထားလိုင်းများမှာ ရုရှားကို ဖြတ်သွားမည့် ဘေဂျင်း - လန်ဒန်လိုင်းနှင့် ဘေဂျင်း - အိန္ဒိယလိုင်း တို့ဖြစ်သည်။

          "မြန်နှုန်းမြင့် ရထားတွေကို လေယာဉ်ပျံတွေလို လျင်မြန်လာဖို့ ရည်မှန်းနေပါတယ်။ အကောင်းဆုံး မျှော်မှန်းထားတဲ့ ကိစ္စကတော့ ရထားလမ်း ကွန်ယက် ၃ ခုစလုံးကို ဆယ်စုနှစ် တစ်စု အတွင်း ပြီးစီးဖို့ ဖြစ်ပါတယ်"  ဟု ဝမ်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment